Sunday, July 19, 2015

silymarin အသည်းအားဆေးတွေမှာပါတဲ့ဓာတ်

silymarin နဲ့ပတ်သတ်လို့ နဲနဲလောက်ရှင်းပြပေးပါလား ခင်ဗျာ

silymarinဆိုတာ အစွမ်းထက် အင်တီအောက်စီးဒင့် တမျိုး ဖြစ်ပါတယ်။အသည်းအားဆေးတွေမှာ အဓိကပါလေ့ရှိတယ်။ flavonoid အမျိုးစားဝင်ဖြစ်ပြီး ဆူးပန်းလုံး(milk thistle)ခေါ်တဲ့အပင်ကနေ အဓိကရပါတယ်။ silymarinထဲမှာ silybin, silydianin, နဲ့ silychrisin စတဲ့ဓာတ်တွေပေါင်းစပ်ထားတယ်။ 

Silipide ဆိုတာလည်းရှိသေးတယ်။ silymarin နဲ့ lecithin ပေါင်းစပ်ထားပြီး သာမန်ရိုးကျsilymarinထက် (၁၀)ဆကျော် အာနိသင်ကောင်းတယ်။ lecithin ဆိုတာ ပဲပုပ်၊ပဲပိစပ်ကရတဲ့ဓာတ်တမျိုးဖြစ်ပါတယ်။ သည်းခြေစီးဆင်းမှုကိုအားပေးပြီး အသည်းသမားတွေအတွက် ကောင်းတယ်။  ၂၀ရာစုနောက်ပိုင်းကစပြီး အမေရိကန်လူမျိုးတွေက silymarine နဲ့ပက်သတ်ပြီး လေ့လာမှုအကြီးအကျယ်လုပ်တယ်။ တွေ့ရှိချက်တွေလည်း အများကြီးပေါ့။

နှာတံလေးစင်းနေအောင်

လူတယောက်သွင်ပြင်မှာ နှာတံနဲ့နှာခေါင်းပုံစံကလည်း အရေးကြီးတယ်။ နှာတံလေးစင်းနေတဲ့သူက ကြည့်ကောင်းတတ်တယ်။ အနောက်တိုင်းသူတွေရဲ့အလှ နှာတံစင်းတာလည်းပါမယ်။ အာဖရိကနဲ့ အာရှနွယ်ဝင်အချို့က နှာခေါင်းပြားတယ်။ ကြည့်မကောင်းဘူး။ ဒီတော့ နှာတံလေး ဖြောင့်စင်းအောင် ဘယ်လိုလုပ်မလဲ။လုပ်ရမယ့် လေ့ကျင့်ခန်းကို ဖော်ပြပေးပါမယ်။

မိန်းကလေးတွေမေးတဲ့ အသားဖြူဆေး

အသားဖြူဆေးဆိုတာ မိန်းကလေးတွေ အထူးစိတ်ဝင်စားတဲ့ဆေးဖြစ်ပါတယ်။ အထူးသဖြင့် ဖိလစ်ပိုင်မှာ နာမည်ကြီးတော်တော်များများ အသားဖြူဆေးသုံးကြသတဲ့။ စစ်တမ်းတွေအရ ဖိလစ်ပိုင်သူတွေဟာ အရှေ့တောင်အာရှမှာ အသားဖြူဆေးအသုံးများဆုံးလူမျိုးဖြစ်ပါတယ်။ ဆယ်ကျော်သက်ကနေ နာမည်ကြီးတွေထိ ထိုးကြတယ်။ ထိုင်းမှာလည်း ခေတ်စားပါတယ်။ အခုတော့ မြန်မာပြည်မှာ ရောက်လာပြီ။ အမှန်တော့ လွန်ခဲ့တဲ့သုံး၊လေး နှစ်ကတည်းက ဒီဆေးတွေ ခေတ်စားခဲ့တာပါ။ ခေတ်စားတဲ့ဆေးမို့ သိချင်သူလည်း များတယ်။ အထူးသဖြင့် မိန်းကလေးတွေပါ။အွန်လိုင်းမှာလည်း အမေးများလို့ အသားဖြူဆေးအကြောင်း ဖော်ပြလိုက်ပါတယ်။