Sunday, January 3, 2016

အောင်မြင်ခြင်း လမ်းမများဆီသို့

နှစ်သစ်မှာအောင်မြင်ခြင်းနဲ့ အစပြုနိုင်ဖို့ အောင်မြင်ရေးဆောင်းပါးတပုဒ်ရေးပါရစေ။ အောင်မြင်ခြင်း ဆိုတာ လူတိုင်းလိုချင်တပ်မက်ကြတယ်။ လူတိုင်းရဲ့ မသိစိတ်မှာ အောင်မြင်ကျော်ကြားချင်စိတ် ရှိကြတယ်လို့ စိတ်ပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ အောင်စိတ်ဆိုတာ ပုံမှန်စိတ်ဖြစ်ပါတယ်။ ရှက်စရာ၊ဖုံးကွယ်စရာ မလိုပါ။ အောင်မြင်တာတော့ ဟုတ်ပါပြီ။ အောင်မြင်တယ်ဆိုတာ ဘာလဲ။ ဘယ်ဟာကို အောင်မြင်ခြင်းလို့ ခေါ်သလဲ။အောင်မြင်ခြင်းနဲ့ ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ တယောက်နဲ့တယောက် မတူညီကြပါ။


အောက်စဖို့အဘိဓာန်မှာတော့ အောင်မြင်တယ်ဆိုတာ ကြွယ်ဝချမ်းသာတာ ဖြစ်နိုင်သလို နာမည်ကျော်ကြားတာ၊ လူသိများထင်ရှားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့် အဲလိုကွာခြားသွားလဲ။ လူတယောက်နဲ့တယောက် စိတ်နေစိတ်ထားနဲ့ ဖြစိချင်တဲ့ဆန္ဒတွေ မတူညီလို့ဖြစ်ပါတယ်။ ကိုယ်မက်တဲ့ အိပ်မက်က ဘာလဲ။ သူဌေးဖြစ်ချင်သူတယောက် ငွေကြေးချမ်းသာလာတာ အောင်မြင်မှုပဲ။အလားတူ အဆိုတော် ဖြစ်ချင်သူတယောက် အဆိုတော်ဖြစ်လာတာလဲ အောင်မြင်မှုပဲ။ ယေဘုယျအားဖြင့် ကိုယ်လိုချင်တာ တခုကို ရယူနိုင်တာ အောင်မြင်မှုလို့ သတ်မှတ်တယ်။ဒါပေမယ့် တယောက်နဲ့တယောကိ အောင်မြင်ခြင်းအပေါ်ထားတဲ့ စိတ်ကူးစိတ်သန်းတွေ မတူညီကြဘူး၊ အဲလိုပဲ ကြိုးစားမှုတွေလည်း ကွာခြားသွားတယ်။

လူတိုင်းအောင်မြင်ချင်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် အောင်မြင်ဖို့ ကြိုးစားအားထုတ်သူတိုင်း ဘာ့ကြောင့် မအောင်မြင်ကြပါလဲ၊ ဒီကိစ္စနဲ့ ပက်သတ်လို့ ကမ္ဘာကျော် မဂ္ဂဇင်းတခုဖြစ်တဲ့ forbes မဂ္ဂဇင်းက လူတွေ ဘာ့ကြောင့် မအောင်မြင်တာလဲဆိုတာနဲ့ ပက်သတ်ပြီး အခြေခံ အချက်(၇)ချက်ကို ဖော်ပြခဲ့တယ်။ဒီအချက်တွေကြောင့် လူတွေ မအောင်မြင်တာပါတဲ့။ ကဲ..ဘာတွေလဲ ဆိုတာ လေ့လာကြည့်ရအောင်။

(၁)ဖေ့စ်ဘွတ် အလွန်အကျွံအသုံးပြုခြင်း
ဒီနေ့ခေတ်မှာ လူတော်တော်များများ ဆိုရှယ်မီဒီယာ သုံးကြတယ်။ အထူးသဖြင့် ဖေ့စ်ဘုတ်ပေါ့။ ဖေ့စ်ဘွတ်တခါကြည့်ရင် နာရီပိုင်း ကြာသွားတတ်တာ အများစုက သတိမပြုမိကြပါ။ ဒီနေ့ခေတ် အောင်မြင်ခြင်းကို ကျရှုံးစေတဲ့အချက်မှာ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာသုံးတာကို ထောက်ပြလာတယ်။ တကယ်လည်း ဟုတ်ပါတယ်။ လေ့လာမှု ကိန်းဂဏာန်းတွေအရ ဖေ့စ်ဘွတ်သုံးစွဲသူတွေရဲ့ ထက်ဝက်ကျော်(၆၂ရာခိုင်နှုန်း)ဟာ တပတ်ကို ခြောက်နာရီထက်မက ပိုသုံးကြတယ်။ ဒီထဲက ၁၇ရာခိုင်နှုန်းကတော့ တပတ်မှာ နာရီ ၂၀ နဲ့အထက်သုံးစွဲကြတယ်တဲ့။ ပြောချင်တာက အချိန် အလဟဿဖြစ်ပြီး ကြိုးစားရမယ့် အချိန်တွေ အလေအလွင့် ဖြစ်သွားတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ဆယ်လီ လုပ်ချင်သူတွေ ပိုသတိထားသင့်တယ်။ တပတ်ကို ၃နာရီ(တရက်ကို နာရီဝက်ထက် ပိုမသုံးသင့်ဘူး။ အဲဒီထက်ပိုလာရင် စိတ်ပိုင်းဆိုင်ရာထိခိုက်တာ၊ အထီးကျန်ဆန်တာနဲ့ စိတ်ကျရောဂါမျိုး ဖြစ်နိုင်တယ်။ မိမိရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိစွာအသုံးချသင့်တယ်လို့ ထောက်ပြထားတယ်။

(၂)ကိုယ့်ကိုယ်ကို အရမ်းကြိုးစားနေတယ်လို့ အထင်ကြီးခြင်း
လူအများစုက တရက်ကို ဘယ်နနာရီအလုပ်လုပ်လဲ တိုငိးတာကြတယ်။ ဥပမာ (၁၀)နာရီလုပ်တယ်ဆိုကြပါစို့၊ ဒါပေမယ့် ဒီကြားထဲ စိတ်လေလွင့်တာ၊ မုန့်စားတာတွေ နုတ်လိုက်ရင် ဘာမှမကျန်တော့ဘူး။ပိုဆိုးတာက အလုပ်ပြီးတာနဲ့ အင်တာနက်၊တီဗွီဂိမ်း စတာတွေနဲ့ အချိန်ကုန်နေတာ ဖြစ်တယ်။တကယ်တော့ အဲလိုအချိန်မျိုတွေမှာ တနေ့တာ လုပ်ဆောင်ချက် အမှားတွေ ပြန်သုံးသပ်တာမျိုးနဲ့ နောက်ရက်အတွက် လုပ်ငန်းအစီစဉ် ကြိုတင်ဆွဲတာမျိုးကိုသာ လုပ်သင့်တယ်။ အကယ်၍ သင့်မှာ အိပ်မက်တခုရှိတယ်ဆိုရင် ပိုနေတဲ့အချိန်တွေကို အဲဒီအိပ်မက်မှာပဲ မြှုပ်နှံထားသင့်တယ်။ နို့မို့ဆိုရင် ရည်မှန်းချက်တွေ တဖြည်းဖြည်း ပျောက်သွားတတ်တယ်။

(၃)လုံလောက်တဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်မရှိခြင်း
ဒါက လူတိုင်းကြုံရတဲ့အခက်ခဲဖြစ်တယ်။ ကိုယ့်မှာအရည်အချင်းမရှိရင် ကြိုးစားတိုင်း လုပ်သမျှ မအောင်မြင်တတ်ဘူး။ ရည်မှန်းချက်ကြီးသူတိုငိး ဒိအခက်အခဲကို ကြုံတွေ့ရတယ်။ အရေးကြီးတာက ဒီအခက်အခဲကို ကျေိာလွှားဖို့ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုးရှိအောင် ကိုယ့်ဘာသာ ဖြည့်တင်းနေဖို့ အရေးကြီးတယ်။ နေ့စဉ်ဂလိုအပ်ချကိတွေကို ဖြညိ့ဆည်းလာရင် တဖြည်းဖြည်းနဲ့ စွမ်းဆောင်ရည်က တိုးတက်လာတယ်။ ဒီနည်းနဲ့ တချိန်ကျရင် ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်ပြီး အိပ်မက်တွေ တကယ်ဖြစ်လာတယ်။ အရေးကြီးတာက ကိုယိ့လုပ်ဆောင်နိုင်စွမ်းက်ု သိဖို့နဲ ကိုယ့်အရေအချင်းကို့ နေ့စဉ် အမြဲမပြတ် ဖြည်တင်းနေဖို့သာ ဖြစ်ပါတယ်။

(၄)လွယ်လွယ်နဲ့ အရှုံးပေးတတ်ခြင်း
လူတရာမှာ ကိုးဆယ်ဟာ လွယ်လွယ်နဲ့အရှုံးပေးတတ်ကြတယ်။ ဒါ့ကြောငိ့ ဘဝမှာ အောင်မြင်သူအများစုကို တိုင်းတာကြည့်တော့ လူနည်းစုလက်တဆုပ်စာ(၁၀ရာခိုင်နှုန်းအောက်) သာ ရှိနေတာ ဖြစ်ပါတယ်။ ဘဝအောင်မြင်ရေးမှာ ဒီစိတ်ဓာတ်က အရေးကြီးဆူံးပါပဲတဲ့။ never give up ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်မျိုး မွေးမြူပါတဲ့။ အလွယ်ဆုံးဥပမာပေးရရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အောင်မြင်ခြင်းသော့ချက်က ဘယ်တော့မှ အရှုံးမပေးတတ်တာ ဖြစ်ပါတယ်။ အခက်ခဲတွေ ကြုံတွေ့ခဲ့ရပေမယ့် ဘယ်တော့မှ အရှုံးမပေးခဲ့လို့ သူလိုချင်တဲ့ လွတ်လပ်ရေးပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါဟာ စိတ်စွမ်းအား၊စိတ်တန်ခိုးနဲ့လည်း သက်ဆိုင်သေးတယ်။ နောက်ဆုံးမိန်းခွန်းမှာ ပြောခဲ့တဲ့ "မလျှော့တန်းဇွဲနဲ့ လုပ်ပါ"ဆိုတာ တကယ်တော့ အောင်မြင်ခြင်းရဲ့ အရေးကြီးဆုံး အချကိဖြစ်တာကို သတိပြုမိသူ တော်တော်နည်းပါတယ်။ 

(၅)စိတ်ကူးယဉ်ကမ္ဘာထဲ မျောပါနေခြင်း
လူအများစုဟာ ငါအောင်မြင်ရင် ဘာလုပ်မယ်ဆိုတာ အရင်စဉ်းစားတတ်တယ်။ ဒီနေ့ ငါဘာလုပ်မယ်ဆိုတာ မစဉ်းစားကြဘူး၊ ဆိုလိုချင်တာက အတွေးကမ္ဘာထဲမှာ မျောနေတာဖြစ်ပါတယ်။ တမိုင်ဝေးတဲ့ ခရီးတခုကို အစပြုဖို့ ပထမခြေလှမ်းက အရေးကြီးဆုံးပဲ။ တဖြည်းဖြည်း ပုံမှန်လမ်းလျှာက်ရုံနဲ့ အောင်မြင်ခြင်းဆီ ရောက်မှန်းမသိ ရောက်သွားတတ်ပါတယ်။ အောင်မြင်ခြင်း လမ်းမဆီအရောက်သွားဖို့ ပထမခြေလှမ်းက အရေးကြီးတာမှန်တယ်။ ဒါပေမယ့် တလှမ်းထဲနဲ့ မရဘူး၊ အမြဲဆက်လျွှောက်နေရမှာ ဖြစ်တယ်။ ဒါက ပိုအရေးကြီးတယ်။ အောငိမြင်မှုဆိုတာ continous process အမြဲလေ့လာသင်ယူရင်း လျှောက်လှမ်းနေမှသာ ရရှိနိုင်မှာ ဖြစ်တယ်။ ထိုင်စိတ်ကူးယဉ်ရုံနဲ့ ဖြစ်မလာပါ။ စိတ်ကူးယဉ်တာထက် လက်တွေ့စတင်အကောင်ထည်ဖော်မှ ရုပ်လုံးပေါ်လာမှာ ဖြစိတယ်။

(၆)လိုတာထက် ပိုအခွင့်ရေးယူတတ်ခြင်း
လုပ်နိုင်တာထက် ယူတာက ပိုများရင် အောင်မြင်ရေးလမ်းကြောင်းက သွေဖီသွားတတ်တယ်။ အရေးကြီးပါတယိ။ လူအများစုမေ့နေတတ်တာက အစားတောင် လိုတာထက်ပိုစားရင် ဒုက္ခရောက်တတ်တယ်မလား၊ မယူအပ်တဲ့ အရာတွေကို မယူတာကောင်းတယ်။ ဥပမာ ငွေကြေးနဲ့ မြူဆွယ်တာမျိုး။ ရတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ယူသင့်ပေမယ့် လိုအပိတာထက်ပိုတောင်းတာ၊ယူတာမျိုးက ကောင်းကျိုးထက် ဆိုးကျိုးသာ များစေတယ်။ ကိုယ်ပေးနိုင်တာထက် ပိုယူမိရင် ကိုယ့်အပေါ် ဝန်ထုပ်ကျလာတတ်တယ်။ စိတ်ဖိစီးမှု များခြင်းက အောင်မြင်ရေးကနေ သွေဖီသွားတတ်တယ်။ ဒါ့ကြောင့် လိုတာထကိ ပိုမယူမိစေနဲ့၊ လိုသလောက်ယူ စိတ်ရှင်းရှင်းထားပြီး အောင်မြင်ရေး လမ်းကြောင်းဆီအရောက်လှမ်းဖို့ လိုအပ်ပါတယ်။

(၇)အောင်မြင်မှုရအောင် အလွယ်လိုက်ခြင်း
အောင်မြင်မှုကို ဘယ်သူမှ ချက်ချင်းမရပါဘူး၊ ချက်ချင်းရတဲ့ အောင်မြင်မှုဆိုတာ တကယိတော့ မတည်မြဲကြဘူး၊ တချို့က အောင်မြင်ဖို့ ပေါ်ပင်လိုက်ကြတယ်။ လူစိတ်ဝင်စားအောင် ပေါ်ပင်လုပ်တာဖြစ်လို့ ကြာရှည်မခံကြပါ။ အောင်မြင်မှုကို ထိန်းသိမ်းတဲ့အခါ ကိုယ့်မှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းရှိရပါမယ်။ အဲလို ဂုဏ်သတင်းရှိဖို့ မှန်ကန်တဲ့ လမ်းကြောင်းက လျှောက်သင့်တယ်။ တဒင်္ဂအောင်မြင်မှုကို တပ်မက်သူတွေဟာ တချိန်မှာ သေချာပေါက် ကျရှုံးမှာ ဖြစိပါတယ်။ တနည်းအားဖြင့် ကောက်ရိုးမီးအောင်မြင်မှုကို တပ်မက်တာနဲ့ တပြိုင်နက် မကြာခင် ကျရှုံးတော့မယ်လို့ သိထားပါ။ အောင်မြင်ခြင်း လမ်းကြောငိးဆီလျှောက်လှမ်းရာမှာ risk မယူတာ အကောင်းဆုံးပါပဲ။ မိမိရွေးချယ်တဲ့ လမ်းက်ု မှန်မှန်ကန်ကန် တလှမ်းခြင်းလျှောက်လှမ်းပါ။ တနေ့ အောင်မြင်မှုဆီ အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၄.၁.၁၆)

No comments:

Post a Comment