Tuesday, May 17, 2016

ဆိုရှယ်မီဒီယာနဲ့ စိတ်ကျရောဂါဆက်စပ်နေ

၂၀၃၀အရောက်မှာ စိတ်ကျရောဂါဖြစ်ပွားမှုရဲ့ အဓိကတရားခံဟာ ဆိုရှယ်မီဒီယာတွေ သုံးစွဲခြင်းကြောင့် အဓိကဖြစ်လာလိမ့်မယ်လို့ University of Pittsburgh School of Medicine က လေ့လာမှုတရပ်က အခိုင်အမာဆိုလိုက်ပါပြီ။ အရင်ကလည်းလေ့လာမှုတွေ လုပ်ခဲ့ပေမယ့် ရလာဒ်အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ အခု လေ့လာမှုဟာ အသက် ၁၈-၃၂နှစ်ကြား လူငယ်တွေကို စာရင်းကောက်ပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး စိတ်ကျရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်တာကို ဖော်ပြထားပါတယ်။


"တချို့လူတွေဟာ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့ ဆိုရှယ်မီဒီယာပေါ် တက်လာကြပါတယ်။ အဲဒီကနေပဲ ပိုအထီးကျန်ပြီး ပိုသိမ်ငယ်တဲ့စိတ်တွေ ဝင်ရောက်လာပါတယ်။ ဝမ်းနည်းမှုကြောင့် ဆိုရှယ်မီဒီယာတွေကိုသုံးစွဲကြပြီး ဆိုရှယ်မီဒီယာတွေကြောင့်ပဲ လမ်းလွဲတာ၊ စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာ ပိုဖြစ်နိုင်တယ်" လို့ Lui yi Lin ကဆိုပါတယ်။

လူတွေဟာ ဆိုရှယ်မီဒီယာကို နေ့စဉ် တနာရီကျော်လောက် သုံးစွဲနေကြပါတယ်။ ဒီထဲက တဝက်ခန့်ဟာ ဆိုရှယ်မီဒီယာ ၂နာရီအထက်သုံးစွဲသူတွေဖြစ်ကြပြီး စိတ်ကျရောဂါဖြစ်ပွားမှု့ ၂.၇ဆ ပိုများလာတယ်။ ဒီထဲမှာမှ လေးပုံတပုံလောက်ဟာ ၃နာရီအထက် သုံးစွဲသူတွေဖြစ်ကြတယ်။ဘယ်လိုပဲဖြစ်ဖြစ်  ကျောင်းသားလူငယ်တွေကို အဓိကပြဿနာပေးမှာ အဆိုပါ ဆိုရှယ်မီဒီယာတွေဖြစ်ပြီး  ဆိုရှယ်မီဒီယာသုံးစွဲမှုနဲ့ပက်သတ်ပြီး တခုခုလုပ်ဖို့လိုနေပြီလို့ ဒေါက်တာ ပရီးမက်ခ်က ဆိုပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၇.၅.၁၆

No comments:

Post a Comment