Tuesday, July 1, 2014

အဆီပြန်တဲ့ အသားအရေအတွက်

ဆရာကျွှန်တော်အသားရေက အဆီပြန်သဲအသားရေပါအဲသာကြောင့် ခရမ်းချဉ်သီးမှာtoxic vitamin A ပါသည်အတွက် ခရမ်းချဉ်သီးစားလျှင် အဆီပြန်မူကိုလျှော့ကျစေနိုင်ပါသလား။ ပြီးရင်း အခြားဘယ်သဘာဝနည်း
လမ်းက အဆီပြန်ပြီး အဆီကျိတ်ထွက်မူကို လျှောစေနိုင်သော နည်းလမ်းလေကိုပြေားပြပါဆရာ


ခရမ်းချဉ်သီးမှာ vitamin A,vitamin C,vitamin E,vitamin K,folic acid, calcium,potassiumနဲ့ lycopene ဆိုတာတွေ ပါဝင်တယ်။ အင်တီအောက်စီးဒင့် အာနိသင်ရှိပြီး နှလုံးနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။ lycopeneက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးနိုင်တယ်။ ခရမ်းချဉ်သီးတိုင်း အနီရောင်မဟုတ်ပါ။ အဝါရောင်နဲ့ လိမ္မော်ရောင်တွေလည်း ရှိတယ်။ အမျိုးအစားခွဲလိုက်တော့ Cherry tomatoes, plum tomatoes, pear tomatoes နဲ့ beefsteak tomatoes ဆိုပြီး ရှိတယ်။ 

အာဟာရဓာတ်ရှုထောင့်က ကြည့်ရင် အနေတော် ခရမ်းချဉ်သီး(၁၀၀ ဂရမ်)တလုံးမှာ ၂၂-ကယ်လိုရီ၊ပရိုတင်း ၁-ဂရမ်၊အမျှင်ဓာတ် ၁.၅ဂရမ် အသီးသီးပါဝင်တယ်။ ဗီတာမင်စီ ၂၀ မီလီဂရမ်လောက် ပါတယ်။ ဗီတာမင်အေ 600IU ပါဝင်တယ်။ သာမန်လူတယောက် နေ့စဉ်လိုအပ်တဲ့ပမာဏက 5000IU ဖြစ်ပါတယ်။ ဒါ့ကြောင့် ယေဘုယျတွက်ကြည့်ရင် လူသားတွေနေ့စဉ်လိုအပ်တဲ့ ဗီတာမင်အေရဲ့ ၁၀ပုံ တပုံလောက်သာ ရှိတယ်။ toxic vitamin A ပမာဏသိဖို့ ဝိတ်နဲ့ ပြန်တွက်ပြီးနှိုင်းယှဉ်ရတယ်။ တထိုင်တည်း 25000IU/kg ထက် များရင် acute toxicity လက္ခဏာတွေ ခံစားရတယ်။ နေ့စဉ်ရက်ဆက် 4000IU/kg လောက်စားမိရင် ကြာလာတဲ့အခါ chronic toxicity လက္ခဏာတွေ ခံစားရမယ်။ တခါတည်း တထိုင်တည်း ခရမ်းချဉ်သီး အလုံးတရာစားတောင်မှ အဆိပ်အတောက်ဖြစ်စေမယ် မဟုတ်သေးဘူး။ ဒါ့ကြောင့် ခရမ်းချဉ်သီး စားရုံနဲ့ အဆီပြန်တာ လျှော့မယ် မဟုတ်ပါ။

အဆီပြန်တာ လျှော့နည်းအောင်
• အဆီအဆိမ့်၊အချို လျှော့စားပါ။
• အဆီများတဲ့အသား၊နီတဲ့အသား ရှောင်ပါ။
• ထောပတ်၊ဒိန်ချဉ်၊ပင်လယ်စာ မစားသင့်ဘူး။
• ဆေးလိပ်၊အရက်၊ဘီယာ ရှောင်ပါ။
• ကြက်ဥ၊နွားနို့၊ကော်ဖီ၊လက်ဖက်ရည်၊အချိုရည် ရှောင်ပါ။
• ရေများများသောက်ပါ။လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။
• စိမ်းတဲ့အသီးအရွက်၊နီတဲ့ ဝါတဲ့ သစ်သီးဝလံများများစားပါ။
• ထောပတ်၊သံပုရာ၊လိမ္မော်ရည်၊ဂရိတ်ဖရု တည့်ပါတယ်။
• အိုမီဂါသရီးနဲ့ အိုမီဂါ စစ် ပါတဲ့ သောက်ဆေးမျိုးသောက်သင့်တယ်။
• လိမ်းဆေးထဲမှာ အဆီပါတာ၊အပူပါတာက ပိုဆိုးစေမယ်။
• အောက်ခံလိမ်းဆေး၊နေရောင်ကာလိမ်းဆေးမျိုး မသုံးသင့်ဘူး။
• တချို့က ရေချိုးတဲ့အခါ ဆော်ဒါ ထည့်ချိုးရင် အကျိုးရှိတယ် ဆိုတယ်။
• လေ့လာမှုတွေအရ ရှားစောင်းလက်ပတ်က အဆီပိုတွေ လျှော့နည်းစေတယ်။

ဒေါက်တာ အေးမင်းထူး
၂၉.၆.၁၄

No comments:

Post a Comment