Thursday, March 27, 2014

လက်သန်းဆစ်အရိုးရောင်တာ ဘယ်လိုရောဂါလဲ


သိချင်တာလေးရှိလို့  မေး ပါရစေ ခင်ဗျား...
အသက် ၁၂ နှစ်အရွယ် ညီမလေးမှာ ဘယ်၊ညာ နှစ်ဖက် လက်သန်း အဆစ်ရှေ့ အရိုးမှာ ရောင်နေတာ ကြာပါပီ ခင်ဗျာ..နာကျင်မှု့ မရှိ,ယားယံမှု့ မရှိ ပါ..သိသမျှလေးးဖြေကြားပေးစေလိုပါတယ်ခင်ဗျာ....။


ဆောရီးပါဗျာ။အရိုးရောင်တာ ဖြစ်နိုင်ချေပြောရင် အများအပြားရှိပါတယ်။ ဆေးပညာသင်တော့ differential diagnosisလို့ ခေါ်ပါတယ်။ ဖြစ်နိုင်ချေတွေထဲကမှ သေချာမေးမြန်း၊စုံစမ်း၊စစ်ဆေးပြီးမှ ရောဂါအမည်တပ်ရပါတယ်။ အဲဒီထဲက possible ဖြစ်နိုင်ချေကိုရွေးချယ်၊ရောဂါအမည်တပ်ပြီး ကုသရပါတယ်။
လိုအပ်ရင်သွေး၊ဆီး၊ဓာတ်မှန် ရိုက်ပါဦးမည်။ မသေချာတာကို သေချာအောင် လုပ်ယူတာပါ။ ပြီးမှဆေးပေးပါတယ်။ အကောင်းဆုံးက ဆရာဝန်နဲ့သေချာပြသပြီး စစ်ဆေးပေးပါ။ သိပ်ဒုက္ခမပေးရင် စောင့်ကြည့်နိုင်တယ်။ ဖြစ်နိုင်ချေတွေကို အောက်မှာ ဖော်ပြပေးပါမယ်။
1.arthritis
2.ganglion
3.cyst
4.granuloma
5.synovitis
6.rheumatoid nodule
7.trauma
8.infection
10.lipoma

ဒေါက်တာအေးမင်းထူး
၂၃.၂.၁၄

No comments:

Post a Comment