အမဲစက်တင်းတိပ်အတွက် အကောင်းဆုံးနည်းက နွားနို့၊ ပျားရည်နဲ့ အုတ်ဂျုံ ကို ရောစပ်ပြီး လိမ်းပေးရတာ ဖြစ်ပါတယ်။ အုတ်ဂျုံမှာ အပေါ်ယံအရေပြားကို ကွာကျစေပြီး ဆဲလ်သေတွေ ဖယ်ရှားပေးတဲ့ အာနိသင်ရှိတယ်။ sensitive ဖြစ်တဲ့ အသားအရေနဲ့လည်း သင့်တော်ပါတယ်။
နွားနို့ - ခွက် လေးပုံတစ်ပုံ
ပျားရည် - ထမင်းစားဇွန်း (၁) ဇွန်း
အုတ်ဂျုံ - ထမင်းစားဇွန်း (၁) ဇွန်း
မျက်နှာမလိမ်းခင် အဆိုပါအရောကို သမအောင် မွှေပေးပါ။ ပြီးရင် မျက်နှာကို ရေနဲ့ သန့်စင်ပါ။ အဆိုပါအရောကိုညဖက်မအိပ်ခင် မျက်နှာမှာလိမ်းပြီး ခြောက်အောင် ထားပါ။ နာရီဝက်ခန့် ကြာတဲ့အခါ မျက်နှာပြန်သစ်ပါ။ ဒီအိမ်သုံးနည်းက တင်းတိပ်၊မှဲ့ခြောက်၊အမဲစက်တွေအတွက် အထူးကောင်းမွန်တာတွေ့ရတယ်။ နေ့စဉ်ပြုလုပ်ခြင်းအားဖြင့် အမဲစက်တွေ သိသိသာသာ လျှော့ပါးသက်သာလာတာ မြင်တွေ့ရမှာ ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
၃.၂.၁၈
No comments:
Post a Comment