Wednesday, February 11, 2015

သားအိမ်ခြစ်ပြီး ဘယ်အချိန်သားဥကြွေလဲ

သားအိမ်ခြစ်ပြီးဘယ်လောက်အကြာမှာ သားဥကြွေတတ်ပါလဲ သိချင်လို့ပါဆရာ ကျေးဇူးပြုပြီးဖြေပေးပါနော်

သားအိမ်ခြစ်တာနဲ့ သားဥကြွေတာ သက်သက်စီပါ။ သားအိမ်ခြစ်တာက သားအိမ်အတွင်းလွှာ ထူနေတာကို ပါးအောင်ခြစ်တာ။အဲလိုခြစ်လို့ တခါတရံ ရာသီသွေး နည်းတာ၊များတာ ရှိတယ်။ ကလေးရနိုင်ခြေကို ထိခိုက်စေတယ်။သားဥကြွေတာ ကတော့ မျိုးဥအိမ်(ovary)နဲ့ သက်ဆိုင်သွားတယ်။ မျိုးဥကြွေတိုင်း ရာသီလာမယ်ပြောလို့ မရသလို ရာသီလာတိုင်း
မျိုးဥမကြွေဘူး။ မျိုးဥကြွေမကြွေဆိုတာ LH surge ဟော်မုန်းတက်လာတာနဲ့ သိနိုင်တယ်။ အဲဒီအတွက် ဆီးစစ်တံနဲ့ စမ်းလို့ရတယ်။ လလယ်ရက်တွေမှာ စမ်းရတယ်။ ဒါ့ကြောင့် လစဉ်ရာသီရက်ရဲ့အလယ်(၁၂၊၁၃၊၁၄ရက်)တွေမှာ LH testဝယ်ပြီး ဆီးစစ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၁၈.၁၂.၁၄

No comments:

Post a Comment