ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Showing posts with label Common cold and Flu. Show all posts
Showing posts with label Common cold and Flu. Show all posts
Tuesday, September 25, 2012
အအေးမိတုပ်ကွေးပျောက်ဆေးတွေ ဘယ်လိုရွေးချယ်ကြမလဲ
ရာသီအကူးအပြောင်းမှာ အဖြစ်အများဆုံးရောဂါကိုပြပါဆိုရင်
အအေးမိတုပ်ကွေးရောဂါကိုပဲ လက်ညှိုးထိုးမိမယ်ထင်တယ်။ ဆေးရုံတွေ၊ အထူးသဖြင့်
ဆေးခန်းတွေမှာ ဒီလိုလူနာတွေ သိပ်ပေါတတ်တယ်။ ဒါကြောင့် တချို့ဆရာဝန်တွေက
ရောဂါလက္ခဏာတွေကို လူနာအရင်ပြောပြီး ကုတတ်ကြတယ်။ဗေဒင်တတ်လို့၊ အာရုံရလို့
မဟုတ်။အဖြစ်တတ်ဆုံးမို့လို့ မေးတတ်ကြတယ်။သို့သော် ဆရာဝန်တွေ
သင်ကြားတဲ့အထဲမှာ ဒီလို ဦးတည်ချက်နဲ့မေးတဲ့ မေးခွန်း(leading
question)မျိုးမေးဖို့ သင်ကြားပေးခြင်း မရှိဘူး။မေးတဲ့အခါ
ချောင်းဆိုးသေးသလား၊နှာကော စီးသလား။ ဒီလိုဖြစ်နိုင်ချေကိုသာ
မေးရမှာဖြစ်ပါတယ်။တချို့နေရာတွေမှာ သိပ်တတ်လွန်း၊ရှေ့ရောက်လွန်းရင်
မှားတတ်ပါတယ်။သာမန်မေးတာလောက်ပဲ အဆင်ပြေလိမ့်မယ်။နောက်သတိထားရမှာ တချက်က
မျက်စိနာတာ။မျက်စိနာရင်လဲ အအေးမိတုပ်ကွေးကြောင့်
ဖြစ်တတ်ပါတယ်။မိသားစုလိုက် ဖြစ်တတ်တယ်။တစ်ယောက်မှာ ဖြစ်ရင်
နောက်မိသားစုဝင်တွေ မဖြစ်အောင် အထူးသတိထားရတယ်။သတိပေးသင့်တယ်။အဆောင်နေ
ကျောင်းသားကျောင်းသူတွေ ပိုတောင်သတိထားရတယ်။မိသားစုနဲ့ ဝေးနေသူတွေအဖို့
Subscribe to:
Posts (Atom)
