Friday, December 5, 2014

Prokind(Propantheline 15 mg) အစာအိမ်ရောဂါအတွက်

Prokind တလုံးမှာ Propantheline 15mg ပါဝင်တယ်။မြန်မာနိုင်ငံမှာ prokind နာမည်နဲ့ ရနိုင်တယ်။ဘင်္ဂလားဒေရှ့်က လာတယ်။ တကဒ်(alu-alu)မှာ ၁၀လုံး ပါတယ်။ 

ဆေးရဲ့ အာနိသင်
1.anticholinergic(relax smooth muscle via nerve)အူလမ်းကြောင်းမှာရှိတဲ့ အာရုံခံနာ့ဖ်ကို ပိတ်ပင်ပြီး ကြွက်သားပြေလျှော့၊ကိုယ်တွင်းစစ်ထုတ်ရည် လျှော့ကျစေတယ်။
2.direct smooth muscle relaxation အူလမ်းကြောင်းကြွက်သားကို တိုက်ရိုက် ပြေလျှော့စေတယ်။

အသုံးပြုပုံ
1.အစာအိမ်ရောင်ခြင်း(relief symptom of gastritis)
2.အစာအိမ်နာရောဂါ(adjunctive therapy in treatment of PU)
3.အစာအိမ်နဲ့အူလမ်းရောင်ရမ်းရောဂါ(relief spastic and inflammatory disease IBS,cholecystitis,diverticulitis,nervous diarrhoea,pancreatitis)
4.ဆီးမထိန်းနိုင်တာ( urinary incontinence )
5.လက်တို့မတဲ့တာ(improve lactose intolerance)
6.တံထွေးအထွက်များတာ(control salivation)

ဆေးညွန်း
15mg တနေ့ သုံးကြိမ်(သို့)လေးကြိမ် အစားမစားမှီ နာရီဝက်ကြိုသောက်ပါ။ ညမအိပ်မှီ နောက်ဆုံးအကြိမ်သောက်ပါ။(75mg per day)
တရက်ကို  120mgထက် မပိုသင့်ဘူး။

ကိုယ်ဝန်ဆောင်သုံးစွဲရန် သင့်/မသင့်
-လိုအပ်လျှင် သုံးနိုင်သည်။

နို့တိုက်မိခင်
-နို့ထွက်နည်းစေနိုင်။

ဘေးထွက်ဆိုးကျိုး
-အာခေါင်ခြောက်
-မျက်ရည်ထွက်နည်း
-မှိန်းချင်
-မျက်လုံးဝါး
-နှလုံးခုန်မြန်
-ဆီးအိမ်တင်း
-ဝမ်းချုပ်
-ခေါင်းမူး၊ခေါင်းကိုက်

Antacid(လေဆေး),anticholinergic,anti diarrhoea (ဝမ်းပိတ်ဆေး)စတဲ့ ဆေးတွေနဲ့တွဲ မသုံးသင့်ဘူး။

ဒေါက်တာ အေးမင်းထူး
၁၇.၂.၁၃

No comments:

Post a Comment