Sunday, December 7, 2014

Levotin(levosulpride 25mg) အအန်ပျောက်ဆေး(သို့) စိတ်ဆေး

levosulpride ဆိုတာ selective Dopamine D2 antagonist ဖြစ်ပါတယ်။ဆေးရဲ့အာနိသင်က အူလှုပ်ရှားမှုကို အားပေးတယ်။ အစာအိမ်ထဲက အစားအစာတွေ အူသိမ်ထဲကို မြန်မြန်ရောက်စေတယ်။ ပျို့အန်ခြင်း၊ဗိုက်တင်း၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေမယ်။ selective D2 receptor ကို သွားရောက်တားမြစ်လို့ antipsychotic နဲ့ antidepressant အာနိသင်လည်း ရှိတယ်။ စိတ်အာရုံ၊ခံစားမှုပေါ်မှာလည်း သက်ရောက်မှု ရှိသေးတယ်။ စိတ်ခံစားမှုကို မြှင့်တင်ပေးတယ်။စိတ်ဝေဒနာ၊ထိခိုက်မှုအခံရှိသူတွေမှာ သုံးစွဲနိုင်တယ်။ ဥပမာ စိတ်ကစဥ့်ကလျားရောဂါ၊စိတ်အာရုံထွေပြားခြင်း၊ချာချာလည်မူးခြင်း၊စိတ်ကြောင့် ဖြစ်တဲ့ အူလှုပ်ရှားမှုမမှန်တာမျိုးမှာ အသုံးဝင်တယ်။ သုတ်လွှတ်မြန်တဲ့ အမျိုးသားရောဂါတွေမှာလည်း ပေးနိုင်တယ်။ 

အသုံးဝင်ပုံ
-အစာမကြေဖြစ်ခြင်း
-ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-ဗိုက်ကယ်ခြင်း
-အစာအိမ်နေရခက်ခြင်း
-ရင်ပူ၊လေချဉ်တက်ခြင်း
-ပျို့အန်ချင်သူတွေမှာလည်း သုံးနိုင်တယ်။

ဆေးညွှန်း
တခါသောက် တလုံး၊တနေ့ သုံးကြိမ် အစာမစားခင် နာရီဝက် ကြိုသောက်ပါ။

တခြားအသုံးဝင်ပုံ
-စိတ်ကစဥ့်ကလျားလက္ခဏာများ(schizophrenia-dosage 50-200mg/day)
-အကြောင်းရင်းမယ့် ပါးစပ်ပူနေတာ(burning mouth Syndrome-dosage 100mg/day)
-ဆီးချိုထိန်းခြင်း(Gastroparesis and glycemic control in diabetics-dosage 25mg tds for 6mnth)

ဘေးထွက်ဆိုးကျိုး
-ရာသီသွေးထိန်ခြင်း
-လိင်စိတ်နည်းတာ၊များခြင်း
-အမျိုးသားရင်သားထွက်ခြင်း
-ခြေလက်တုန်ခြင်း
-ညအိပ်မပျော်ခြင်း
-စိုးရိမ်စိတ်ကဲခြင်း
-ဝိတ်တက်ခြင်း
-သွေးပေါင်ကျခြင်း

အတူတွဲမသောက်သင့်တဲ့ဆေးများ
-antacid
-anti-hypertensive drug
-Antacids and Sucralfate
-levodopa
-Atomoxetine
-Antiarrhythmics
-Terfenadine
-Chloroquine, quinine
-Cisapride
-Drugs causing hypokalemia (corticosteroids,laxatives, diuretics like furosemide)

ဆေးမသောက်သင့်သူ
-အသက်(၁၄)နှစ်အောက်အရွယ်
-ကိုယ်ဝန်ဆောင်မိခင်
-ပါကင်ဆန်ရာဂါရှိသူ
-ရင်သားကင်ဆာရှိသူ
-အတက်ရောဂါရှိသူ
-အရက်၊ဆေးလိပ်သောက်သူ

သုတ်လွှတ်စောခြင်း(premature ejaculation)
အမျိုးသားတွေမှာ အဖြစ်များတဲ့ သုတ်လွှတ်မြန်တဲ့ရောဂါ(premature ejaculation)မှာ သုံးစွဲကြည့်တဲ့အခါ ၆၀ရာခိုင်နှုန်းကျော်ဟာ သက်သာကြတာ တွေ့ရတယ်။လေ့လာမှုတွေအရ levosulpride 25mgတနေ့ တကြိမ် ၊ရက်(၆၀)ကြာ ပေးကြည့်တဲ့အခါ သုတ်လွှတ်စောတဲ့ပြဿနာမှာ တိုးတက်ကောင်းမွန်လာတယ်။ ဆေးသောက်သူရဲ့ ၇၀ရာခိုင်နှုန်းလောက် သက်သာစေတယ်။ dopamineသဘောက လိင်စိတ်နှိုးဆွမှုကို ဖြစ်ပေါ်စေတယ်။ levosulprideက dopamineကို တားဆီးတာကြောင့် ejaculatory thresholdလျှော့နည်းစေတယ်။ အမျိုးသားတွေနဲ့ သင့်တော်တဲ့ဆေးလို့ ဆိုနိုင်တယ်။ သို့သော် ဘေးထွက်ဆိုးကျိုးကြောင့် ရင်သားကြီးတာ၊လိင်စိတ်ပြောင်းလဲတာ ဖြစ်နိုင်တယ်။ premature ejaculationမှာ ပထမဦးစားပေးဆေးတခုလည်း မဟုတ်ပါဘူး။ ဒီရောဂါအပါအဝင် တခြားရောဂါတွေမှာ သုံးနိုင်တယ်ဆိုတာလည်း လေ့လာမှုဆက်လုပ်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။  

ဒေါက်တာ အေးမင်းထူး
၂၁.၆.၁၄

No comments:

Post a Comment