လူ့အချင်းဟာ လက်တဖဝါးစာ ပမာဏလောက်ရှိတယ်လို့ ဆေးကျောင်းမှာ မှတ်သားခဲ့ရဖူးတယ်။ ဆေးပညာလက်တွေ့ဆင်းတော့ အချင်းရဲ့ အတိုင်းအတာကို အတိအကျ ကျက်မှတ်ရပြန်တယ်။ အတိုင်းအတာ အလျား ၉-လက်မ၊ အထူ ၁-လက်မလောက် ရှိတဲ့ ပျော့ဖတ်ဖတ် အစိုင်ခဲကြီးက အလေးချိန် တပေါင်မက လေးလံတယ်။ အချင်းကို စက်ဝိုင်းနဲ့ ပမာပြုရရင် အလယ်ပိုင်းမှာ ထူပြီး ဘေးဖက်ရောက်လေ ပါးလေဖြစ်တယ်။ တကယိတော့ အချင်းဆိုတာ သန္ဓေသားနဲ့ မိခင်ကို မပြန်အလှန်တွယ်ဆက်ထားတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ကိုယ်ဝန်ဆောင်ချိန် မိခင်ရဲ့အာဟာရဓာတ်ဟာ အချင်းကိုဖြတ်ပြီး သန္ဓေသားဆီရောက်တယ်။ ဒီလိုပဲ သန္ဓေသားသွေးကတဆင့် စွန့်ပစ်ပစ္စည်းမှန်သမျှဟာ အချင်းကိုဖြတ်ပြီး အမေဆီပြန်ရောက်တယ်။ သန္ဓေသားလောင်းတွယ်ကွယ်ပြီး ၈ ရက်ကြာတဲ့အခါ အချင်းကို စတင်ဖွဲ့စည်းပါတယ်။ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Thursday, April 19, 2018
လူ့အချင်းက ထုတ်တဲ့ဆေး
လူ့အချင်းဟာ လက်တဖဝါးစာ ပမာဏလောက်ရှိတယ်လို့ ဆေးကျောင်းမှာ မှတ်သားခဲ့ရဖူးတယ်။ ဆေးပညာလက်တွေ့ဆင်းတော့ အချင်းရဲ့ အတိုင်းအတာကို အတိအကျ ကျက်မှတ်ရပြန်တယ်။ အတိုင်းအတာ အလျား ၉-လက်မ၊ အထူ ၁-လက်မလောက် ရှိတဲ့ ပျော့ဖတ်ဖတ် အစိုင်ခဲကြီးက အလေးချိန် တပေါင်မက လေးလံတယ်။ အချင်းကို စက်ဝိုင်းနဲ့ ပမာပြုရရင် အလယ်ပိုင်းမှာ ထူပြီး ဘေးဖက်ရောက်လေ ပါးလေဖြစ်တယ်။ တကယိတော့ အချင်းဆိုတာ သန္ဓေသားနဲ့ မိခင်ကို မပြန်အလှန်တွယ်ဆက်ထားတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ကိုယ်ဝန်ဆောင်ချိန် မိခင်ရဲ့အာဟာရဓာတ်ဟာ အချင်းကိုဖြတ်ပြီး သန္ဓေသားဆီရောက်တယ်။ ဒီလိုပဲ သန္ဓေသားသွေးကတဆင့် စွန့်ပစ်ပစ္စည်းမှန်သမျှဟာ အချင်းကိုဖြတ်ပြီး အမေဆီပြန်ရောက်တယ်။ သန္ဓေသားလောင်းတွယ်ကွယ်ပြီး ၈ ရက်ကြာတဲ့အခါ အချင်းကို စတင်ဖွဲ့စည်းပါတယ်။
Subscribe to:
Comments (Atom)