ကယ်လိုရီ(calories)ဆိုတာ အစားအသောက်တွေရဲ့ စွမ်းအင်(energy)တန်ဖိုးဖြစ်ပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့စွမ်းအင်တန်ဖိုးကို ကယ်လိုရီ(Calories)နဲ့ တွက်ချက်ကြတယ်။ နိုင်ငံခြားကလာတဲ့ စားသောက်ကုန်ပစ္စည်းတွေမှာ ကယ်လိုရီတန်ဖိုးတွေ ထည့်သွင်းကြတယ်။ ဆေးတော်တော်များများမှာ လူတယောက် နေ့စဉ်လိုအပ်တဲ့ပမာဏကို ၂၀၀၀ကယ်လိုရီပေါ် အခြေခံပြီး တွက်ချက်ကြတယ်။ အစားအသောက်ထုပ်ပိုးမှုအချို့မှာ အလေးချိန်ဂရမ်ပေါ်မူတည်ပြီး ကယ်လိုရီဘယ်လောက်ပါဝင်လဲ သိရှိနိုင်တယ်။ စားသောက်ကုန်ပစ္စည်းအများစုမှာ ကယ်လိုရီဆိုတာ မပါမဖြစ်စကားလုံးဖြစ်လာတယ်။ အဝလွန်သူ၊ပိန်ချင်သူတွေပေါများတဲ့ ဒီနေ့ခေတ်ကာလမှာ ကယ်လိုရီနည်းတာတွေက ပေါ်ပြူလာဖြစ်ပြီး ခေတ်စားလာတယ်။ ကယ်လိုရီနည်းမှ လူရာဝင်တယ်၊ပိန်တယ် ဖြစ်လာတယ်။ ဒါ့ကြောင့် ကယ်လိုရီအကြောင်း ပိုမိုသိဖို့ လိုအပ်လာပါတယ်။ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Sunday, November 24, 2013
ကယ်လိုရီနဲ့ အင်နာဂျီ
ကယ်လိုရီ(calories)ဆိုတာ အစားအသောက်တွေရဲ့ စွမ်းအင်(energy)တန်ဖိုးဖြစ်ပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့စွမ်းအင်တန်ဖိုးကို ကယ်လိုရီ(Calories)နဲ့ တွက်ချက်ကြတယ်။ နိုင်ငံခြားကလာတဲ့ စားသောက်ကုန်ပစ္စည်းတွေမှာ ကယ်လိုရီတန်ဖိုးတွေ ထည့်သွင်းကြတယ်။ ဆေးတော်တော်များများမှာ လူတယောက် နေ့စဉ်လိုအပ်တဲ့ပမာဏကို ၂၀၀၀ကယ်လိုရီပေါ် အခြေခံပြီး တွက်ချက်ကြတယ်။ အစားအသောက်ထုပ်ပိုးမှုအချို့မှာ အလေးချိန်ဂရမ်ပေါ်မူတည်ပြီး ကယ်လိုရီဘယ်လောက်ပါဝင်လဲ သိရှိနိုင်တယ်။ စားသောက်ကုန်ပစ္စည်းအများစုမှာ ကယ်လိုရီဆိုတာ မပါမဖြစ်စကားလုံးဖြစ်လာတယ်။ အဝလွန်သူ၊ပိန်ချင်သူတွေပေါများတဲ့ ဒီနေ့ခေတ်ကာလမှာ ကယ်လိုရီနည်းတာတွေက ပေါ်ပြူလာဖြစ်ပြီး ခေတ်စားလာတယ်။ ကယ်လိုရီနည်းမှ လူရာဝင်တယ်၊ပိန်တယ် ဖြစ်လာတယ်။ ဒါ့ကြောင့် ကယ်လိုရီအကြောင်း ပိုမိုသိဖို့ လိုအပ်လာပါတယ်။Wednesday, November 20, 2013
ဘီပိုးရှိရင် ယားတတ်သလား
ဆရာရှင့်
ကျွန်မက HBV Positive
တစ်ယောက်ပါ၊ဆေးကုသမှုခံယူခြင်းမရှိခဲ့ပါဘူး၊ပြီးခဲ့တဲ့
၁နှစ်ကျော်လောက်ကစပြီး
blood allergy ဖြစ်လာပါတယ်။အရင်ကတော့ ၃..၎
လနေမှတစ်ခါလောက်ဖြစ်ပါတယ်.အစပိုင်းကတော့သတိမထားမိပါဘူး
အရင်ကလဲတစ်ခါမှမဖြစ်ဖူးပါဘူး
အခုနောက်ပိုင်း၁လကျော်ရင်တစ်ခါလောက်ဖြစ်လာပါတယ်၊၊ဖြစ်တဲ့အခါတိုင်းညမအိပ်နိုင်လောက်အောင်
အရမ်းယားပါတယ် ဖြစ်နေကျနေရာတွေ(နှုတ်ခမ်း၊မျက်နှာ၊လက်ကောက်ဝတ်၊ခြေညိုး
နဲ့ ခြေဖ၀ါးအစပ်)မှာပဲဖြစ်ပါတယ်။အဲဒီနေရာတွေမှာ
ယောင်လာပြီးသွေးတွေကသွားစုနေသလိုညိုနေပြီးတခါတလေ
ခရမ်းရောင်တောင်သမ်းနေပါတယ်။ကိုင်ကြည့်ရင်လဲအရမ်းပူနေပြီး
၃..၄..ရက်လောက်ကြာတတ်ပါတယ်
ပျောက်သွားတဲ့အခါမှာ
အဲဒီနေရာတွေမှာအမာရွတ်(ရေနွေးပူလောင်သလိုမဲမဲအကွက်)ကျန်ခဲ့ပါတယ်..အရင်က
အစားအသောက်နဲ့မတည့်လို့ လို့ထင်ပြီးရိုးရိုးဆေးခန်းသွားပြပါတယ်
..ဆေးခန်းကဆေးထိုးဆေးသောက်လုပ်ပေးလိုက်၇င်ယားတာနဲနဲသက်သာပြီး
ယောင်တာလဲကျသွားပါတယ်..ဆေးရှိန်ပျယ်ရင်ပြန်ယားပါတယ်..ပြီးရင်အိပ်ရေးလဲဝပေမဲ့
မျက်ကွင်းတွေနှုတ်ခမ်းတွေကအမြဲညိုနေပါတယ်.ဆီးကလဲအရမ်းဝါပါတယ် ..menses
လဲမှန်ပါတယ်..
အဲဒါ B ပိုးကြောင့်ဖြစ်တာလား...ဒါမှမဟုတ်ဘယ်လိုမျိုးကြောင့်ပါလဲ..ဘယ်လိုဆေးဝါးကုသမှုခံယူသင့်ပါသလဲဆိုတာသိချင်ပါတယ်ရှင့်။
ဆရာကျန်းမာချမ်းသာပါစေ။
လေးစားစွာဖြင့်
Monday, November 18, 2013
ဒဏ်ရာရတဲ့အခါ အပူနဲ့အအေး ဘယ်လိုရွေးမလဲ
ရှေးယခင် နှစ်ပေါင်းများစွာကတည်းက လူတွေဟာ နာကျင်မှုကို အံတုဖို့ အပူဖြစ်စေ၊အအေးဖြစ်စေ အလျှင်းသင့်သလို အသုံးပြုခဲ့ကြပါတယ်။ တကယ်လည်း နှစ်မျိုးလုံးဟာလည်း သူ့ဟာနဲ့သူ အကျိုးရှိကြပါတယ်။ ဒါကြောင့်လဲ ဆေးပညာမှာ ရောဂါတွေ၊ဒဏ်ရာတွေကို ကုသဖို့ အအေးနည်း(cold therapy)နဲ့ အပူနည်း(hot therapy)ကို အသုံးပြုကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ တချို့က ကြပ်ထုပ် ထိုးတယ်။ အပူကပ်တယ်။ တချို့က ရေခဲကို သုံးတယ်။ရေအေးဝတ်ကပ်တယ်။ မေးစရာကောင်းတာတခုက ဘယ်အချိန်မှာ ဘယ်နည်းလမ်းက သင့်တော်လဲ၊မှန်ကန်လဲ ဆိုတာပါ။ အပူနဲ့ အအေး ကျွန်တော်တို့ ဘယ်လိုရွေးချယ်ကြမလဲ။Monday, November 11, 2013
သကြားအစားထိုးပစ္စည်းတွေကြား ဘာကွာခြားလဲ
သကြားတစ်ဇွန်းမှာ အချိုဓာတ်အပြင် အင်နာဂျီကို ဖြစ်စေတဲ့ ကယ်လိုရီဓာတ်လည်း ပါဝင်ပါတယ်။ ကယ်လိုရီပါဝင်တာကြောင့် အဆီပိုတွေစုပြီး ဝိတ်တက်နိုင်တယ်။ ဆီးချိုသမားတွေနဲ့ မသင့်တော်ဘူး။ သွားတွေ ပျက်ဆီးနိုင်တယ်။ နောက်ပိုင်း ကျန်းမာရေးပြဿနာတွေ များလာတယ်။ ဒါ့ကြောင့် ၁၉၆၀နောက်ပိုင်းကစပြီး သကြားအစားထိုးဆိုတာတွေ ခေတ်စားလာတယ်။ သကြားအစားထိုးဆိုတာ သကြားလို အချိုဓာတ်ပါဝင်ပေမယ့် ကယ်လိုရီနည်းတာကြောင့် low calorie sweetenerလို့လည်း ခေါ်ကြတယ်။ artificial sweetenerလို့လည်း တမျိုးခေါ်နိုင်တယ်။Thursday, November 7, 2013
စိတ်ညစ်စရာ အရေပြားရောဂါ(သို့)ခရုသင်း
ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vitiligoလို့ သုံးပါတယ်။လက်တင်စကားမှာ "vitium"အကွက်၊အမှက်လို့ အဓိပ္ပါယ်ရတယ်။"ligo"ဆိုတာ နောက်ဆက်စကား ပေါင်းစည်းခြင်း၊အကြောင်းရင်းတဲ့။ တော်တော်များများ မှားနေတာက vitiligoရဲ့ အသံထွက်ပါ။တကယ့်အသံထွက်က "ဗစ်တယ်လိုက်ဂို"ဆိုမှ မှန်တယ်။ စာရင်းဇယားတွေအရ တကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူ ၆၅သန်းလောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေပါတယ်။မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ ၅-၁၀ရာခိုင်နှုန်း ရှိတာကြောင့် မျိုးရိုးလိုက်တယ် ယူဆကြတယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုတွေ့ရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ အဖြူကွက်တွေက ပိုထင်ရှားတယ်။နာမည်ကျော်တွေထဲက မိုက်ကယ် ဂျက်ဆင်၊ဒေါ့ဂ် ဟမ်မာ၊ဂျိုး ရိုဂမ်နဲ့ ဟိုလီ မယ်ရီကွန်းတို့မှာ ဒီရောဂါရှိနေတာ တွေ့ရပါတယ်။ရောဂါဆိုတာထက် စိတ်ညစ်စရာလို့ပြောရင် ပိုမှန်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဖြစ်လာရင် ပျောက်ဖို့ခက်ခဲတဲ့ အရေပြားရောဂါထဲမှာ ခရုသင်းရောဂါလည်း ပါဝင်လို့ပါ။Wednesday, November 6, 2013
ကွမ်းယာမစားခင် ဖတ်စေချင်
ဒီရက်ပိုင်း နိုင်ငံပိုင်သတင်းစာတွေမှာ ကျန်းမာရေးဝန်ကြီးဌာနကနေ ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ဆိုးကျိုးတွေကို သတိပေးချက် ထုတ်ပြန်လာတာ တွေ့လာရပါတယ်။ ရှေးမြန်မာမင်းလက်ထက် အစဉ်အဆက်စားလာတာမို့ ရှေးထုံးကိုမပယ်ချင်သူတွေက မေးခွန်းထုတ်ကြတယ်။ နည်းနည်းဗဟုသုတရှိသူက ကွမ်းရွက်ဆိုတာ ဆေးဖက်ဝင်တယ်။ လွန်ခဲ့တဲ့နှစ်၂၀၀၀ကျော်လောက်ကတည်းက သုံးခဲ့ကြတယ်။ ဘယ်ကဘယ်လို ဆိုးကျိုးပေးတာလဲ မေးကြတယ်။ တချို့ကလည်း ကွမ်းယာထဲမှာ ဆေးရွက်ကြီးမထည့်ရင် ဆိုးကျိုးမပေးနိုင်ပါဘူး ငြင်းကြတယ်။ ကွမ်းယာ သဘောက စားပါများရင် ဆေးရွက်ကြီးမပါလည်း ရေရှည်မှာ ဆိုးကျိုးပေးတာ တွေ့ရပါတယ်။ ဘယ်လိုဆိုးကျိုးပေးလဲဆိုတာ ကျန်းမာရေးရှုထောင့်အရ သုံးသပ်ပြီး ဖော်ပြပါမယ်။
Subscribe to:
Comments (Atom)