နှစ်သစ်ရောက်တော့မှာဖြစ်လို့ လူတိုင်းပျော်ရွှင်နေကြလိမ့်မယ်ထင်ပါတယ်။နှစ်သစ်ဆိုတာ အမှန်တော့ လူသစ်၊စိတ်သစ်၊ခွန်အားသစ်နဲ့ ဘဝသစ်စတင်ဖို့ အကောင်းဆုံး အခွင့်အရေးတခုဖြစ်ပါတယ်။ နှစ်ဟောင်းက စိတ်ပျက်ဝမ်းနည်းစရာတွေကို မေ့ထားပြီး နေ့သစ် ဆီကို မျှော်လင့်ချက်ကိုယ်စီနဲ့ ဆက်လက်လျှောက်လှမ်း ရမှာ ဖြစ်ပါတယ်။ နှစ်သစ်မှာ လူတိုင်း ပျော်ရွှင်ချမ်းမြေ့ချင်ကြတယ်။ ပိုမိုပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတယ်။ ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကောင်းမွန်ဖို့ ဆုတောင်းကြတယ်။ ဒီလိုလုပ်တဲ့အခါ ဆုတောင်းရုံမျှနဲ့ မပြီးသေးဘူး။ ကိုယ်တိုင်လိုက်နာနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကျန်းမာတယ်ဆိုရင် လူအများထင်လိုက်တာက သန်သန်မာမာလှုပ်ရှားသွားလာနိုင်ရင် ကျန်းမာတယ်ပေါ့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်တဲ့ စံနှုန်းအရဆိုရင် ကျန်းမာခြင်းဆိုတာ လူကျန်းမာဖို့သာမက စိတ်ချမ်းသာဖို့လည်း လိုအပ်ပါတယ်။ ဒီနှစ်ခုလုံး ညီညွတ်မျှတမှ ကျန်းမာခြင်း အစစ်အမှန်လို့ ဆိုထားတယ်။ ဒီနှစ်ခုလုံး ညီညွတ်မျှတဖို့ဆိုတာ လက်တွေ့မှာ မလွယ်ကူပါဘူး။ လူဖြစ်လို့ ဝမ်းနည်းတာ၊ဝမ်းသာတာ၊စိတ်ဓာတ်ကျတာ၊စိတ်လှုပ်ရှားတာခံစားရတယ်။ ခန္ဓာဖြစ်လို့ ဖျားနာကိုက်ခဲ ဝေဒနာမျိုးစုံ ခံစားရတယ်။ နှစ်သစ်အတွက် ဆုမွန်မတောင်းခင် ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာဖို့ လိုက်နာရှောင်ကြဉ်ရမယ့် အချက်တွေကို အရင်ဖော်ပြပါရစေ။ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Monday, December 30, 2013
ကျန်းမာစေကြောင်း နှစ်သစ်ဆုတောင်း
နှစ်သစ်ရောက်တော့မှာဖြစ်လို့ လူတိုင်းပျော်ရွှင်နေကြလိမ့်မယ်ထင်ပါတယ်။နှစ်သစ်ဆိုတာ အမှန်တော့ လူသစ်၊စိတ်သစ်၊ခွန်အားသစ်နဲ့ ဘဝသစ်စတင်ဖို့ အကောင်းဆုံး အခွင့်အရေးတခုဖြစ်ပါတယ်။ နှစ်ဟောင်းက စိတ်ပျက်ဝမ်းနည်းစရာတွေကို မေ့ထားပြီး နေ့သစ် ဆီကို မျှော်လင့်ချက်ကိုယ်စီနဲ့ ဆက်လက်လျှောက်လှမ်း ရမှာ ဖြစ်ပါတယ်။ နှစ်သစ်မှာ လူတိုင်း ပျော်ရွှင်ချမ်းမြေ့ချင်ကြတယ်။ ပိုမိုပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတယ်။ ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကောင်းမွန်ဖို့ ဆုတောင်းကြတယ်။ ဒီလိုလုပ်တဲ့အခါ ဆုတောင်းရုံမျှနဲ့ မပြီးသေးဘူး။ ကိုယ်တိုင်လိုက်နာနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကျန်းမာတယ်ဆိုရင် လူအများထင်လိုက်တာက သန်သန်မာမာလှုပ်ရှားသွားလာနိုင်ရင် ကျန်းမာတယ်ပေါ့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်တဲ့ စံနှုန်းအရဆိုရင် ကျန်းမာခြင်းဆိုတာ လူကျန်းမာဖို့သာမက စိတ်ချမ်းသာဖို့လည်း လိုအပ်ပါတယ်။ ဒီနှစ်ခုလုံး ညီညွတ်မျှတမှ ကျန်းမာခြင်း အစစ်အမှန်လို့ ဆိုထားတယ်။ ဒီနှစ်ခုလုံး ညီညွတ်မျှတဖို့ဆိုတာ လက်တွေ့မှာ မလွယ်ကူပါဘူး။ လူဖြစ်လို့ ဝမ်းနည်းတာ၊ဝမ်းသာတာ၊စိတ်ဓာတ်ကျတာ၊စိတ်လှုပ်ရှားတာခံစားရတယ်။ ခန္ဓာဖြစ်လို့ ဖျားနာကိုက်ခဲ ဝေဒနာမျိုးစုံ ခံစားရတယ်။ နှစ်သစ်အတွက် ဆုမွန်မတောင်းခင် ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာဖို့ လိုက်နာရှောင်ကြဉ်ရမယ့် အချက်တွေကို အရင်ဖော်ပြပါရစေ။Monday, December 23, 2013
ဆောင်းရာသီမှာ ဆင်ခြင်စရာ
ရာသီအကူးအပြောင်းတိုင်းမှာ ကျန်းမာရေးအတွက် သတိထား၊ဆင်ခြင်စရာ ပေါများပါတယ်။ ဒီနှစ်မှာ မန္တလေးဆောင်းရာသီက အဝင်နှေးတယ်။ အအေးကြမ်းတယ်။ ရာသီဥတုက ပိုပြင်းလာတယ်။ သိသိသာသာအေးလာတာက ဒီရက်ပိုင်းတွေမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် သတိပြုနေထိုင်စရာတွေလည်း တပုံတပင်နဲ့ပါပဲ။ ဒီတပတ်အတွက် ဆောင်းရာသီမှာ အဖြစ်များတဲ့ရောဂါတွေနဲ့ နေထိုင်ပုံတွေကို ဖော်ပြပေးပါမယ်။
အအေးမိ၊နှာစေးဆိုတာ ဆောင်းရာသီမှာ အဖြစ်များဆုံးပါ။ နှာချေ၊ချောင်းဆိုးခြင်းကတဆင့် ကူးစက်နိုင်တယ်။ ရောဂါရှိသူ ကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ထိတွေ့၊ကိုင်တွယ်ခြင်းမှ ကူးစက်နိုင်တယ်။ အသုံးအဆောင်တွေ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်တယ်။ ကာကွယ်ဖို့အတွက် ရေနွေးနဲ့ လက်ဆေးတဲ့အကျင့် လုပ်ပေးသင့်ပါတယ်။ ဆပ်ပြာသုံးပါ။ ရေများများသောက်ပါ။ အေးတာမှန်သမျှ ရှောင်ပြီး ပူတာတွေကိုဆောင်ပါ။
Monday, December 16, 2013
ကျန်းမာရေးအတွက် အိပ်စက်ခြင်း
ကျွန်တော်တို့ဟာ နေ့စဉ် နေ့တိုင်း အိပ်စက်နေကြတယ်။ အထူးသဖြင့် ညဖက်မှာ လူတိုင်း အိပ်စက်အနားယူကြတယ်။ ကျွန်တော်တို့ ဘာကြောင့် အိပ်စက်အနားယူရပါသလဲ။ တကယ်တော့ လက်ရှိချိန်ထိ အိပ်စက်ခြင်းအကြောင်းကို သေသေချာချာမသိရှိရဘူး။သိထားသမျှက ဦးနှောက်လုပ်ဆောင်နိုင်စွမ်း ကောင်းမွန်စေဖို့သာ ထင်မှတ်ရတယ်။ လေ့လာမှုတွေအရ နေ့စဉ် ၈နာရီလောက် အိပ်စက်ခြင်းကြောင့် အပိုထွက်လာတဲ့စွမ်းအင်ပမာဏဟာ 50kcalလောက်သာ ရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါ့ကြောင့် အားအင်သစ်တွေဖြစ်ထွန်းဖို့ဆိုတဲ့ အယူအဆဟာလည်း အပြည့်အဝမမှန်ကန်တာ တွေ့ရတယ်။ အိပ်စက်ခြင်းကို လူတချို့က အပိုအလုပ်တွေအဖြစ် ထင်မှတ်ကြတယ်။မာဂရက်သက်ချာ၊နိုင်တင်ဂေးနဲ့ နပိုလီယမ်စသူတွေက အိပ်စက်ခြင်းကို အချိန်ဖြုန်းတီးတယ်လို့ ယူဆခဲ့ကြတယ်။ လက်တွေ့ကျကျပြောရရင် အိပ်စက်ခြင်းဟာ လူသားတွေကို ကောင်းကျိုးပြုတယ်။စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ အားအင်သစ်တွေ ဖြစ်ထွန်းစေတယ်။ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကောင်းဖို့ လုံလောက်အောင် အိပ်စက်အနားယူဖို့ လိုအပ်တယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရ လူတယောက်ဟာ ၆-၈နာရီထိ အိပ်စက်ဖို့လိုအပ်တယ်လို့ တွေ့ရှိရတယ်။ လူ့ဘဝရဲ့ လေးပုံ(သို့)သုံးပုံ တစ်ပုံကို အိပ်စက်ခြင်းနဲ့ ဖြတ်သန်းနေကြရတယ်။ Monday, December 9, 2013
ဆေးပညာကပြောတဲ့ ရေအကျိုးဆယ်ပါး
ရေသောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပေးပါတယ်။ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ ၇၀ရာခိုင်နှုန်းက ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို သွေးကြောကတဆင့် သယ်ဆောင်ပေးနေတာ ရေရဲ့ အာနိသင်ကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ဟာ ချွေး၊တံထွေး၊ဆီး၊ဝမ်းစတာတွေကတဆင့် ရေဓာတ်တွေ နေ့စဉ်ဆုံးရှူံးနေရတယ်။ နေ့စဉ်ဆုံးရှူံးတာကို ပြန်လည်မဖြည့်တင်းနိုင်ရင် ခန္ဓာကိုယ်ကို ဒုက္ခပေးတယ်။ ခန္ဓာကိုယ်က ရေလုံလောက်အောင် မရရှိရင် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ပုံမှန်မလုပ်ဆောင်နိုင်တော့ဘူး။ဒီတော့ ပြန်လည်ဖြည့်တင်းရတယ်။ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ နေ့စဉ် ရေဘယ်လောက် သောက်သုံးသင့်ပါသလဲ။ ဒီအမေးအတွက် အဖြေအဆင်သင့် ရှိပြီးသားပါ။ တနေ့ကို ရေအနည်းဆုံး ၈ခွက်သောက်သင့်တယ်လို့ ပညာရှင်အချို့က သတ်မှတ်ကြပါတယ်။ ခြောက်သွေ့တဲ့အပူပိုင်းဒေသမှာ နေထိုင်သူတွေဟာ ရေဓာတ်ပိုမိုလိုအပ်တာ တွေ့ရတယ်။ ဒီဒေသတွေမှာ အမျိုးသားတယောက်အတွက် ရေ ၃လီတာ(ရေသန့်၃ဗူး)၊ အမျိုးသမီးတယောက်အတွက် ရေ၂လီတာ(ရေသန့်၂ဗူး) နေ့စဉ်လိုအပ်ပါတယ်။သတိပြုရမှာက မိမိသောက်သုံးမယ့်ရေဟာ သန့်ရှင်းပြီး ရောဂါကင်းစင်ဖို့တော့ လိုအပ်ပါတယ်။ ဝမ်းသာစရာကောင်းတာတခုက ရေကို လုံလောက်မျှတအောင် သောက်သုံးပေးခြင်းဖြင့် အောက်ပါအကျိုးအာနိသင်တွေ ရရှိတာကို တွေ့ရှိရပါတယ်။Saturday, December 7, 2013
အရေပြားတွင် အနီဖုများပေါက်ခြင်း
ဒေါက်တာခင်ဗျား
နေ့စွဲ။ ၂၄၊၁၁၊၂၀၁၃ (တနင်္ဂနွေနေ့)
ကျွန်တော့တွင် ပူးတွဲပါ ဓာတ်ပုံထဲမှ အတိုင်းယားနာများ ပေါက်နေပါသဖြင့် မည်သို့ ကာကွယ်၍ မည်သည့်ဆေးဝါးများ မှီဝဲသင့်ကြောင်း ပြန်ကြားပေးပါခင်ဗျာ။
၆၊၁၁၊၂၀၁၃ နေ့ညနေပိုင်းတွင် ယားဖုလေးတစ်ဖု လက်ဖျံတွင် စပေါက်ပါသည်။ ၄ ရက်ကြာပြီး လက်ဖျံနေရာ ကျဲကျဲတွင် ထပ်ထွက်လာ၍ ဆရာဝန်နှင့် သွားတွေ့ပါသည်။
ဆရာဝန်မှ ပထမ chickenpox ဆိုပြီး
CHLORPHENIRAMINE 4MG 10 TAB
(၁၀) လုံး ကို ညနေပိုင်းတစ်နေ့တစ်လုံးသောက်ခိုင်း၍
CETIRIZINE 10MG (၁၀) လုံး ကို မနက်ပိုင်း တစ်နေ့တစ်လုံး သောက်ခိုင်းပါသည်။ လိမ်းရန် ပန်းနုရောင် CALAMINE LOTION လည်း ပေးပါသည်။
(၁၀) ရက်ပြည့်၍ မပျောက်သောအခါ chickenpox မဟုတ်ဟုဆိုကာ CETIRIZINE 10MG ကိုသာ မနက်တိုင်း တစ်နေ့ တစ်လုံးသောက်ရန် ညွှန်ကြားပါသည်။ လိမ်းဆေးပန်းနုရောင် CALAMINE LOTION လည်းပေး၍လိမ်းရပါသည်။ ပျောက်ကင်းရန် ၆ ပတ်ခန့် အချိန်ယူရမည်ဟုလည်း ပြောပါသည်။ ယခုအခါ မသက်သာပဲ ပို၍ အနီစက်များ များလာပါသဖြင့် မည့်သို့ပြုလုပ်သင့်သည်ကို ပြန်ကြားအကြံဥာဏ် ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။
ကို__
Monday, December 2, 2013
ညီညွတ်မျှတ အာဟာရဖြစ်ဖို့
အရင် တပတ်က ကယ်လိုရီအကြောင်းကို ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။ ကယ်လိုရီအကြောင်း သိပြီးတဲ့နောက် အင်နာဂျီကိုအဓိက ပေးစွမ်းနိုင်တဲ့ အစားအသောက်မှာ ပါဝင်တဲ့ အာဟာရဓာတ်သုံးမျိုး ကို ဆက်လက်ဖော်ပြပါမယ်။ကျွန်တော်တို့နေ့စဉ်စားနေတဲ့အစားအသောက်တွေမှာ ကစီဓာတ်(carbohydrate)၊ ပရိုတင်းဓာတ်(protein)၊ အဆီဓာတ်(fat)ဆိုပြီး အာဟာရသုံးမျိုးပါဝင်ပါတယ်။ ဒီအစားအစာသုံးမျိုးကနေ စွမ်းအင်ကယ်လိုရီတွေ ရရှိနေပါတယ်။ကျန်းမာချင်တယ်ဆိုရင် အာဟာရဓာတ်သုံးမျိုးကို ညီညွတ်မျှတအောင် စားသုံးပေးရမှာ ဖြစ်ပါတယ်။Sunday, November 24, 2013
ကယ်လိုရီနဲ့ အင်နာဂျီ
ကယ်လိုရီ(calories)ဆိုတာ အစားအသောက်တွေရဲ့ စွမ်းအင်(energy)တန်ဖိုးဖြစ်ပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့စွမ်းအင်တန်ဖိုးကို ကယ်လိုရီ(Calories)နဲ့ တွက်ချက်ကြတယ်။ နိုင်ငံခြားကလာတဲ့ စားသောက်ကုန်ပစ္စည်းတွေမှာ ကယ်လိုရီတန်ဖိုးတွေ ထည့်သွင်းကြတယ်။ ဆေးတော်တော်များများမှာ လူတယောက် နေ့စဉ်လိုအပ်တဲ့ပမာဏကို ၂၀၀၀ကယ်လိုရီပေါ် အခြေခံပြီး တွက်ချက်ကြတယ်။ အစားအသောက်ထုပ်ပိုးမှုအချို့မှာ အလေးချိန်ဂရမ်ပေါ်မူတည်ပြီး ကယ်လိုရီဘယ်လောက်ပါဝင်လဲ သိရှိနိုင်တယ်။ စားသောက်ကုန်ပစ္စည်းအများစုမှာ ကယ်လိုရီဆိုတာ မပါမဖြစ်စကားလုံးဖြစ်လာတယ်။ အဝလွန်သူ၊ပိန်ချင်သူတွေပေါများတဲ့ ဒီနေ့ခေတ်ကာလမှာ ကယ်လိုရီနည်းတာတွေက ပေါ်ပြူလာဖြစ်ပြီး ခေတ်စားလာတယ်။ ကယ်လိုရီနည်းမှ လူရာဝင်တယ်၊ပိန်တယ် ဖြစ်လာတယ်။ ဒါ့ကြောင့် ကယ်လိုရီအကြောင်း ပိုမိုသိဖို့ လိုအပ်လာပါတယ်။Wednesday, November 20, 2013
ဘီပိုးရှိရင် ယားတတ်သလား
ဆရာရှင့်
ကျွန်မက HBV Positive
တစ်ယောက်ပါ၊ဆေးကုသမှုခံယူခြင်းမရှိခဲ့ပါဘူး၊ပြီးခဲ့တဲ့
၁နှစ်ကျော်လောက်ကစပြီး
blood allergy ဖြစ်လာပါတယ်။အရင်ကတော့ ၃..၎
လနေမှတစ်ခါလောက်ဖြစ်ပါတယ်.အစပိုင်းကတော့သတိမထားမိပါဘူး
အရင်ကလဲတစ်ခါမှမဖြစ်ဖူးပါဘူး
အခုနောက်ပိုင်း၁လကျော်ရင်တစ်ခါလောက်ဖြစ်လာပါတယ်၊၊ဖြစ်တဲ့အခါတိုင်းညမအိပ်နိုင်လောက်အောင်
အရမ်းယားပါတယ် ဖြစ်နေကျနေရာတွေ(နှုတ်ခမ်း၊မျက်နှာ၊လက်ကောက်ဝတ်၊ခြေညိုး
နဲ့ ခြေဖ၀ါးအစပ်)မှာပဲဖြစ်ပါတယ်။အဲဒီနေရာတွေမှာ
ယောင်လာပြီးသွေးတွေကသွားစုနေသလိုညိုနေပြီးတခါတလေ
ခရမ်းရောင်တောင်သမ်းနေပါတယ်။ကိုင်ကြည့်ရင်လဲအရမ်းပူနေပြီး
၃..၄..ရက်လောက်ကြာတတ်ပါတယ်
ပျောက်သွားတဲ့အခါမှာ
အဲဒီနေရာတွေမှာအမာရွတ်(ရေနွေးပူလောင်သလိုမဲမဲအကွက်)ကျန်ခဲ့ပါတယ်..အရင်က
အစားအသောက်နဲ့မတည့်လို့ လို့ထင်ပြီးရိုးရိုးဆေးခန်းသွားပြပါတယ်
..ဆေးခန်းကဆေးထိုးဆေးသောက်လုပ်ပေးလိုက်၇င်ယားတာနဲနဲသက်သာပြီး
ယောင်တာလဲကျသွားပါတယ်..ဆေးရှိန်ပျယ်ရင်ပြန်ယားပါတယ်..ပြီးရင်အိပ်ရေးလဲဝပေမဲ့
မျက်ကွင်းတွေနှုတ်ခမ်းတွေကအမြဲညိုနေပါတယ်.ဆီးကလဲအရမ်းဝါပါတယ် ..menses
လဲမှန်ပါတယ်..
အဲဒါ B ပိုးကြောင့်ဖြစ်တာလား...ဒါမှမဟုတ်ဘယ်လိုမျိုးကြောင့်ပါလဲ..ဘယ်လိုဆေးဝါးကုသမှုခံယူသင့်ပါသလဲဆိုတာသိချင်ပါတယ်ရှင့်။
ဆရာကျန်းမာချမ်းသာပါစေ။
လေးစားစွာဖြင့်
Monday, November 18, 2013
ဒဏ်ရာရတဲ့အခါ အပူနဲ့အအေး ဘယ်လိုရွေးမလဲ
ရှေးယခင် နှစ်ပေါင်းများစွာကတည်းက လူတွေဟာ နာကျင်မှုကို အံတုဖို့ အပူဖြစ်စေ၊အအေးဖြစ်စေ အလျှင်းသင့်သလို အသုံးပြုခဲ့ကြပါတယ်။ တကယ်လည်း နှစ်မျိုးလုံးဟာလည်း သူ့ဟာနဲ့သူ အကျိုးရှိကြပါတယ်။ ဒါကြောင့်လဲ ဆေးပညာမှာ ရောဂါတွေ၊ဒဏ်ရာတွေကို ကုသဖို့ အအေးနည်း(cold therapy)နဲ့ အပူနည်း(hot therapy)ကို အသုံးပြုကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ တချို့က ကြပ်ထုပ် ထိုးတယ်။ အပူကပ်တယ်။ တချို့က ရေခဲကို သုံးတယ်။ရေအေးဝတ်ကပ်တယ်။ မေးစရာကောင်းတာတခုက ဘယ်အချိန်မှာ ဘယ်နည်းလမ်းက သင့်တော်လဲ၊မှန်ကန်လဲ ဆိုတာပါ။ အပူနဲ့ အအေး ကျွန်တော်တို့ ဘယ်လိုရွေးချယ်ကြမလဲ။Monday, November 11, 2013
သကြားအစားထိုးပစ္စည်းတွေကြား ဘာကွာခြားလဲ
သကြားတစ်ဇွန်းမှာ အချိုဓာတ်အပြင် အင်နာဂျီကို ဖြစ်စေတဲ့ ကယ်လိုရီဓာတ်လည်း ပါဝင်ပါတယ်။ ကယ်လိုရီပါဝင်တာကြောင့် အဆီပိုတွေစုပြီး ဝိတ်တက်နိုင်တယ်။ ဆီးချိုသမားတွေနဲ့ မသင့်တော်ဘူး။ သွားတွေ ပျက်ဆီးနိုင်တယ်။ နောက်ပိုင်း ကျန်းမာရေးပြဿနာတွေ များလာတယ်။ ဒါ့ကြောင့် ၁၉၆၀နောက်ပိုင်းကစပြီး သကြားအစားထိုးဆိုတာတွေ ခေတ်စားလာတယ်။ သကြားအစားထိုးဆိုတာ သကြားလို အချိုဓာတ်ပါဝင်ပေမယ့် ကယ်လိုရီနည်းတာကြောင့် low calorie sweetenerလို့လည်း ခေါ်ကြတယ်။ artificial sweetenerလို့လည်း တမျိုးခေါ်နိုင်တယ်။
Subscribe to:
Posts (Atom)