Thursday, November 14, 2019

အရပ်ရှည်ဆေး ထိုးခြင်း

အရပ်ရှည်ဖို့ဟော်မုန်းဆေးထိုးလို့ရတယ်လို့ သတင်းစာထဲတွင် ကျွန်တော်ဖက်ဖူးပါတယ် တစ်ကယ်ရှိတယ်လို့လည်းထင်ပါတယ်။ ဘယ်လိုနေရာမျိုးတွင်ထိုးလို့ရပါသလည်း ထိုးသင်မထိုးသင့်လည်းပြောကြားပေးပါ။

အရပ်ရှည်ဖို့ ဟော်မုန်းဆေးထိုးတာ ၁၉၅၀ကျော်လောက်ကစပြီး အသုံးပြုခဲ့ကြပါတယ်။ ကြီးထွားဟော်မုန်း human growth hormone(HGH)ကို ပြင်ပကနေထိုးတာပါ။ ပုံမှန်အားဖြင့် ဦးနှောက်ရဲ့ pituitary glandကနေ HGHတွေထုတ်လုပ်ပါတယ်။ ကြီးထွားမှုကို သူကဖြစ်စေတယ်။ တလောက စင်ကာပူနိုင်ငံမှာ သွားရောက်ခွဲစိတ်တဲ့ ဝင်းဇော်ဦး ဆိုတာ ကြားမိလိုက်မလားမသိဘူး။ သူကpituitary glandမှာ အကျိတ်ဖြစ်ပြီး ကြီးထွားဟော်မုန်းတွေပိုထုတ်လို့

နှာခေါင်းအဆီချနည်း

နှာခေါင်းမှာ ရှိတဲ့အဆီပိုတွေကို ဂျင်းသုံးပြီး ချလို့ရတယ်ပြောတယ်။ လတ်လတ်ဆတ်ဆတ်ဂျင်း လက်တဆစ်စာယူပြီး ညက်အောင်သေချာထောင်းပါ။ ပြီးရင် ရေနည်းနည်းထပ်ရောပြီး paste ဖြစ်အောင်လုပ်ပါ။ နှာခေါင်းမှာလိမ်းပြီး ၁၀မိနစ်ထားပါ။ပြီးရင် ရေပြန်ဆေးပါ။(ဆယ်မိနစ်ထက် ပိုမထားပါနဲ့)

အသားအရေနူးညံ့စေမယ့် နှင်းဆီရည်လုပ်နည်း

နှင်းဆီရည်လုပ်နည်း အမျိုးမျိုးရှိတယ်။ ပေါင်းခံတဲ့နည်းကတော့ အာနိသင်ပိုကောင်းတယ်။ သို့သော် ဒီနည်းကအလွယ်ကူဆုံးလို့ ယူဆတဲ့အတွက် နည်းတမျိုးထဲကိုသာ  ဖော်ပြလိုက်ပါတယ်။

• လောလောလတ်လတ် ခူးထားတဲ့ နှင်းဆီပန်း ()ပွင့်ယူပါ။ 
• နှင်းဆီ ပွင့်ဖတ်တွေကို ချွေပြီး ကြက်သီးနွေးရေထဲစိမ်ပါ။(ပိုးမွှားနဲ့ ဓာတုဆေးဝါးကင်းစင်ဖို့ ဖြစ်ပါတယ်

ဘယ်သန်လား...ညာသန်လား

ဆရာ ကလေးဘယ်သန်နဲ့ညာသန်ဘယ်လိုခွဲလဲသိချင်ပါတယ်ရှင်
ခွဲနည်းလေးပြောပေးပါဦး။

မေးတဲ့သူက မိခင်ဖြစ်မယ်ထင်တယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို အမြဲမပြတ်လေ့လာတတ်တဲ့ အကျင့်မျိုး ရှိပါတယ်။ အထူးသဖြင့် မွေးကင်းစအရွယ်မှ သုံးနှစ်၊လေးနှစ်ထိ အချိန်ဟာ မိဘတိုင်းအတွက် အရိပ်တကြည့်ကြည့်ကြည့်ရတဲ့အချိန်တွေဖြစ်ကြတယ်။ စကားပြောတာ၊ ပြုံးတာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာကအစ အရာအားလုံးဟာ မိဘတွေအတွက်တော့ ကြည်နူးစရာတွေချည်းပဲ။ အရေးသိပ်မကြီးဖူးပြောလို့ရပေမယ့် ကလေးမိဘတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတခုလည်း ရှိနေသေးတယ်။ အဲဒါကတော့ သူတို့ကလေးဟာ ဘယ်သန်ဖြစ်မလား၊ညာသန် ဖြစ်မလား ဆိုတဲ့ကိစ္စပါ။ 

ခေါင်းလျှော်ပြီး ဆံပင်ပါးခြင်း

ဆရာငါးရက်မြောက်မှာ ခေါင်းလျှော်ပေးပြီးဆံပင်ပေါင်းလိုက်တာ အရင်လိုဆံပင်ပါးပဲပြန်ဖြစ်သွားတယ်ဖြေပေးပါအုံးဆရာ..

ဆံပင်အခြေမှာ hair follicle လေးတွေ ရှိပါတယ်။ အဲဒီအခြေလေးတွေရှိရင် ဆံပင်ပြန်ပေါက်လာမယ်။ ပေးထားတဲ့ဆေးတွေက ဆံပင်ပေါက်ဆေးတွေနဲ့ အားဖြည့်ဆေးတွေပါ။ ဆံပင်အားဖြည့်နေစဉ် ခေါင်းလျှော်တာကို အထူးတားမြစ်ထားပါတယ်။ နောက်ပြီး ဆံပင်ဖြန်းဆေးသုံးပြီး လေးနာရီအတွင်း ဆံပင်ဆီလိမ်း၊ ခေါင်းလျှော်၊ ပေါင်းတင် လုံးဝမလုပ်ဖို့ လိုပါတယ်။ 

စပါကလင်နဲ့ မျက်နှာသန့်စင်နည်း

အခုပြောမယ့်နည်းက လူသိနည်းတဲ့နည်းတခု ဖြစ်တယ်။ စပါကလင် အချိုရည်(sparkling water ) ကိုသုံးပြီးမျက်နှာသစ်တဲ့ နည်းဖြစ်ပြီး comedone အဆီဂလင်းဝက်ခြံတွေမှာ အသုံးပြုကြတယ်။  ဂျပန်နဲ့ ကိုရီးယားမှာတော့ခေတ်စားလာပါပြီ။ sparkling ရဲ့အာနိသင်က မွေးညင်းပေါက်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်စေတယ်လို့ ဆိုတယ်။ ဒါ့ကြောင့် ဆားဝက်ခြံပေါက်သူတွေ အနေနဲ့ စပါကလင်ရည်နဲ့ သန့်စင်နိုင်တယ်။ 

နေ့လိမ်းခရင်မ်နဲ့ ညလိမ်းခရင်မ်

နေ့ပိုင်းနဲ့ ညပိုင်း အသားအရေထိန်းသိမ်းပုံမတူညီတာကြောင့် နေ့လိမ်းခရင်မ်နဲ့ ညလိမ်းခရင်မ်ဆိုပြီး ကွာခြားသွားတယ်။ နေ့ပိုင်းမှာ နေရောင်ကြောင့် အသားအရေပျက်ဆီးတတ်တာမို့ မပျက်စီးအောင် ကာကွယ်ဖို့ နေ့လိမ်းခရင်တွေကို သူံးကြတာဖြစ်ပါတယ်။ ညပိုင်းမှာတော့ အသားအရေပျကိဆီးစရာမရှိတော့ဘူး။ ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ထိန်းသိ်မ်းဖို့ သာလိုအပ်တယ်။ အဆိုပါ ရည်ရွယ်ချက်နဲ့ ညလိမ်းခရင်တွေသုံးကြတာဖြစ်ပါတယ်။ နေ့လိမ်ခရင်တွေမှာ နေလောင်ကာလိမ်းဆေးတွေနဲ့ အစိုဓာတ်ထိန်းဆေးတွေ ပါလေ့ရှိတယ်။ ညလိမ်းခရင်တွေမှာ အစိုဓာတ်ထိန်းဆေးနဲ့ အရေပြားအားဖြည့်ဆေး(serum, essence)လိုု ဆေးတွေ လိမ်းရတာဖြစ်ပါတယ်။

Ebest 400 ဗီတာမင်အီး အားဆေး

ebest သောက်ရင် အသားဖြူတာဟုတ်လားဆရာ။တကယ်ဖြူရင်သမီးလည်းသောက်ကြည့်ချင်လို့ပါ။ဆရာအားရင် ပြန်ဖြေပေးပါနော်..

Ebest 400 ဆိုတာ ဗီတာမင်အီးပါတဲ့ အားဆေးတစ်မျိုးသာ ဖြစ်ပါတယ်။ အသားဖြူဆေးတော့ မဟုတ်ပါ။ Ebest ထဲမှာ vitamin E 400 IU ပါတယ်။ mgနဲ့တွက်ရင် 266mg လောက်ပါလိမ့်မယ်။ Vitamin E ဟာ အဆီမှာ ပျော်ဝင်တဲ့fat soluble vitaminမျိုး ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်အာနိသင်နဲ့ အသားအရေကို အားဖြည့်ပေးတာကြောင့်အလွန်နာမည်ကြီးပါတယ်။ 

ရင်သားဆိုက်ကြီးအောင်

ဆရာမင်္ဂလာပါ ဒေါက်တာ ကျွန်တော် ကရန်ကုန်ကပါခင်ဗျာ ကျွန်တော့်အမျိုးသမီးကအခု အသက် ၃၁ နှစ်ထဲမှာပါခင်ဗျာ ကလေး  ယောက်မွေးပြီးပါပြီခင်ဗျား ပထမ သားဦးလေးမွေးပြီးတော့ တားတဲ့အနေနဲ့ ဒက်ပို ထိုးလိုက်တာနို့ဖြတ်ပြီးနောက်ပိုင်း ရင်သားတဖြေးဖြေးနဲ့သေးလာပါတယ် ဒုတိယကလေးမွေးချိန်မှာတော့ပြန်ထွက်လာပါတယ်အခု ဒုတိယကလေး နို့ဖြတ်တာ  နှစ်လည်းကျော်လာပါပြီ နို့ဖြတ်ပြီးတည်းက တဖြေးဖြေးပြန်သေးလာတာ အခုကျတော့ လုံးဝနီးပါးမရှိတော့သလောက်ကို ဖြစ်နေပါတယ်ခင်ဗျာ ယခင် ဒက်ပိုမထိုးခင်မချိန်အထိ လူနဲ့အချိုးအစားအရ အရမ်းကြီးတဲ့ထဲမှာပါခဲ့ပါတယ် အဲ့ဒါပြန်ကြီးလာအောင်ဘယ်လို လုပ်ပေးရမလဲမသိဘူးဖြစ်နေလို့ပါ ကျွန်တော်အမျိုးသမီးကမေးရမှာရှက်လို့ မမေးရဲလို့မေးပေးရတာပါခင်ဗျား ဘေးထွက်ဆိုးကျိုးမရှိနိုင်တဲ့နည်းလမ်းလေးများ ညွန်ကြားပြသပေးပါခင်ဗျား လေးစားစွာဖြင့်...

ချိုင်းချွေးနံ့ ပျောက်နည်း

မနေ့က ကျန်းမာရေးမေးခွန်းတွေထဲမှာ ချိုင်းချွေးနံ့ပျောက်နည်း မေးထားတာတွေ့တယ်။သုံးယောက်လောက်ရှိမယ်ထင်တယ်။ ကျောက်ချဉ်(alum)သုံးနည်းကတော့ လူတိုင်းသိလို့ အကျယ်တဝံ့မရေးတော့ပါ။ အခုနည်းက လွယ်တယ်ထင်လို့ ရေးပါရစေ။ ချိုင်းချွေးနံ့ပျောက်အောင် အိမ်သုံးနည်းနဲ့ စမ်းလို့ရတယ်။ အားလူးနဲ့ ဆော်ဒါမှုန့်(baking soda)ပဲ လိုတယ်။