Sunday, February 15, 2015

ရေယုန်ကာကွယ်ဆေး

ဆရာခင်ဗျာ ကျွန်တော်လူပျိုပေါက်တုန်းက ရေကျောက်ဖြစ်ဘူးပါတယ် အခုဆရာရေးထားတဲ့ အကြောင်းကိုဖတ်မိမှတော်လေး၂ သိခွင့်ရခဲ့ပါတယ် ဆရာပြောတဲ့ shingles vaccine ဆိုတဲ့ဆေးကို အသက်ရွယ်မရွေးထိုးလို့ရပါသလား ဘယ်နှစ်ကြိမ်လောက်ထိုးရပါသလဲ တစ်ခါထိုးပြီးသွားရင် ရာသက်ပန်ကာကွယ်ပေးပါသလား ဘယ်လောက်ကုန်ကျမလဲဆိုတာ ကို ပြည့်၂စုံ၂ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ 


ရေယုန်ကာကွယ်ဆေးဆိုတာ Zostavax နာမည်နဲ့ ရှိပါတယ်။live attenuated vaccineမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဝင်တယ်လို့တော့မကြားမိသေးဘူး။ ဈေးအားဖြင့် သိန်းဂဏာန်းရှိနိုင်တယ်။ နိုင်ငံတခုနဲ့တခု မတူညီကြဘူး။ ပုံမှန်အားဖြင့် အသက် ၆၀အထက်ဖြစ်မှ ထိုးရတယ်။ ၂၀၁၁ခုနှစ်မှာ အမေရိကားFDAက အသက် ၅၀အထက်တွေ စထိုးနိုင်တယ်လို့ ခွင့်ပြုခဲ့တယ်။ ဘာလို့လဲဆိုတော့ အသက်၅၀အထက်မှာ ထက်ဝက်ခန့်ဟာ ခုခံအားကျဆင်းချိန်မှာ ပြန်ဖြစ်နိုင်လို့ပါ။ခုခံအားကျဆင်းသူတွေတော့ ကာကွယ်ဆေးမထိုးသင့်ဘူး။ ဆေးထိုးတဲ့အခါ လက်မောင်းမှာ အသားဆေးထိုးပေးရတယ်။ လက်ရှိချိန်ထိ တကြိမ်သာ ထိုးခိုင်းတယ်။ဆေးထိုးပြီး လေးနှစ်နောက်ပိုင်းမှာ ကာကွယ်ပေးမလား မသေချာသေးဘူး။ ထပ်ထိုးဖို့လည်း မပြောဘူး။ တခါကဆေးခန်းမှာ နိုင်ငံခြားပြန် လူကြီးတယောက်ထိုးခဲ့တာတော့ ကြုံဖူးတယ်။ ကိုယ်တိုင်တော့ ယနေ့ချိန်ထိ မထိုးခဲ့ဖူးဘူး။

No comments:

Post a Comment