Sunday, September 6, 2015

Deriphyllin ရင်ကျပ်ပျောက်ဆေး

ကျွန်​မအသိတစ်​ယောက်​က အသက်​ ၂၈ ရှိပါပြီ။ ​ယောကျား​လေးပါ ရင်​ခဏ့ခဏ့ကျပ်​​နေလို့ဆရာဝန်​ဆီသွား​တော့ Deriphyllin အဲ့​ဆေးကို ၃ လ​သောက်​ခိုင်းပါတယ်​ အဲ့​ဆေးကဘာအတွက်​​သောက်​ရတာလဲဆရာ ​ဆေးရဲ့​ကောင်းကျိုးဆိုးကျိုး​လေးသိချင်​ပါတယ်​ဆရာ ​ကျေးဇူးပြုပြီးပြန်​လည်​​ဖြေကြား​ပေး​စေလိုပါတယ်​ရှင့်​ :)


Deriphyllin ဆိုတာ လေပြွန်ချဲ့ဆေးတမျိုးပါ။ အဆုတ်ပြွန်၊လေပြွန် စတာတွေကို ချဲ့ပေးတယ်။နာတာရှည်ပန်းနာသမား(asthma)၊လေပြွန်ရောင်တဲ့သူတွေ(chronic bronchitis) နဲ emphysema ရောဂါတွေမှာ ပေးတယ်။ ကာကွယ်တဲ့ဆေးဖြစ်လို့ ဆေးစွဲသောက်ရတယ်။ အသုံးများတဲ့ ဆေးက Deriphyllin retard 150 ဖြစ်ပါတယ်။ Etofylline 115mgနဲ့ Theophylline 35mg ဆေးနှစ်မျိုးပေါငိးထားတယ်။  

ဘယ်လိုသောက်မလဲကြာရှည်ခံဆေးဖြစ်လို့ ၁-၂ကြိမ်သာ ပေးရတယ်။ ဆေးကို အစာမရှိချိန် ရေများများနဲ့သောက်ပါ။ညအိပ်မပျော်တာ ရှိနိုင်လို့ ညဖက်မသောက်သင့်ဘူး။
ဘေးထွကိဆိုးကျိုး-မူးမောပျို့အန်ဗိုက်နာဗိုကိအောင့်-ရင်တုန်လက်တုန် -ခေါင်းမူးခေါင်းကိုက်-စိတ်လှုပ်ရှားလွယ်တာ -ဆီးသွားများတာ-အသက်ရှုမြန်၊ချွေးထွက်၊ခြေလက်ကပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ဆေးများလို့ ဖြစ်နိုငိတယ်။ တက်တာလည်း ရှိနိုင်တယ်။ အသောက်များရင် အစာအိမ်နာ ဖြစ်နိုင်တယ်။


အတူတွဲမသောက်သင့်တဲ့ဆေးတွေလည်း ရှိတယ်။
  • carbamazepine (Carbatrol, Tegretol);
  • cimetidine (Tagamet);
  • enoxacin (Penetrex);
  • ephedrine or similar medications found in cold medicine or diet pills;
  • erythromycin (E.E.S., E-Mycin, Ery-Tab);
  • fluvoxamine (Luvox);
  • propranolol (Inderal, InnoPran);
  • rifampin (Rifadin, Rifater, Rifamate, Rimactane);
  • St. John's wort; or
  • thiabendazole (Mintezol)

ကိုယိဝန်ဆောင် နို့တိုက်မိခင်တွေမှာ တတ်နိုင်သမျှ မပေးဘူး။နို့ထဲမှာ ပါနိုင်တယ်။နှလုံး၊ဆီးချို။သိုင်းရွိုက်၊ကျောက်ကပ်၊အသည်း၊ရေတိမ်ရှိသူတွေမှာ ဆေးပေးတဲ့အခါ ဂရုစိုက်သင့်တယ်။

ဒေါက်တာ အေးမင်းထူး
၂၂.၅.၁၅

No comments:

Post a Comment