Thursday, November 14, 2019

မျက်နှာ အမွှေးပေါက်ခြင်း

ဆရာရှင့်
ညီမက ဆံပင်ကျွတ်လို့ အရေပြားအထူးကုနဲ့ ပြနေသူပါ
လွန်ခဲ့တဲ့ ၂လလောက်က ပြတာပါ
ပြနေရင်းနဲ့ မျက်နှာတစ်ပြင်လုံး.(ပါး၂ဖက်နှုတ်ခမ်းမွေးကော နားရွက်မှာပါ အမွှေးတွေ ထွက်လာလို့ပါဆရာ
ဆရာဝန်က သောက်ဆေးကြောင့်ပြောပြီး ဆေးပြောင်းပေးပါတယ်
အမွှေးတွေက ဆက်ထွက်နေတုန်းပါပဲ
အမွှေးတွေကို ဖယ်ရှားချင်ပါတယ်
ညီမ ပြနေတဲ့ဆရာက IPL နဲ့ ဖယ်ရမယ်ပြောပါတယ်

IPL နည်း မကြိုက်ပါဘူး ဆရာ
တခြားနည်းလေးရှိရင် သိချင်ပါတယ်ဆရာ
ထွက်လာတဲ့အမွှေးတွေက နက်ပီး စိတ်နေတာပါပဲ
လုံးဝ အဆင်မပြေပါဘူး
ဘယ်လိုနည်းတွေ သုံးလို့ရသေးလဲ သိချင်ပါတယ်ရှင့်
မျက်နှာဆိုတော့ အရမ်းကြီး မလုပ်ရဲလို့ပါ ဆရာ
Peel off mask  တွေသုံးပီး ဖယ်ပစ်လို့ ရလားရှင့်
အမွှေးကြမ်းကြီးတွေ ထွက်လာမှာလည်း စိုးပါတယ်ဆရာ
ကျေးဇူးပြု၍ ဖြေကြားပေးပါဦးဆရာ
မင်္ဂလာ ညချမ်းပါဆရာ
ကောင်းသောနေ့လေး ပိုင်ဆိုင်ပါစေ


(A) ဘယ်ဆေးသောက်လဲသိမှ အကြံပေးလို့ရပါမယ်။ စတီးရွိုက်၊ ဟော်မုန်းဆေးတွေက အမွှေးပိုပေါက်စေတယ်။hirsutism ခေါ်တယ်။ ပေးတဲ့ ဆေးတွေ ဖော်ပြမထားပါ။ မသိရင် ဆေး ပုံနဲ့ပို့ပါ...


(Q) အမွှေးတွေထွက်တော့ ဆေးပြောင်းပေးပါတယ်ဆရာ
Uv cap နဲ့ wolvit ပါ suncreen လိမ်းခိုင်းပါတယ်
အမွှေးတွေက မျက်နှာ၁ခုလုံးနဲ့ နားရွက်မှာ ထွက်လာတာပါ
တခြားနေရာမထွက်ပါဘူး
ဖြစ်လာတဲ့ side effect ကို ပြန်ချေဖျက်နိုင်မယ့်နည်း ရှိရင် သိချင်ပါတယ်ဆရာ
အမွှေးတွေကိုကော ဘယ်လို ကုသရမလဲဆရာ
ခုဆေးတွေ သောက်ဆေးကော လိမ်းဆေးပါ ဖြတ်ထားပါတယ်
ကျေးဇူးတင်ပါတယ်ဆရာ
ကောင်းသောနေ့လေး ပိုင်ဆိုင်ပါစေရှင်

(A) ပုံထဲမှာ လိမ်းဆေး သောက်ဆေး ညွှန်ထားတာတွေ့ရတယ်။ လိမ်းဆေးက သိပ်ကိစ္စမရှ်ိပါ။သို့သော်သောက်ဆေးက ပြဿနာပါ။ ပေးထားတဲ့ထဲမှာ prednivex 16 ဆိုတာ စတီးရွိုက် အပြင်းစားဖြစ်တယ်။ ဒီဆေးကကြာရှည်သောက်ရင် ခန္ဓာကိုယ်မလိုအပ်တဲ့နေရာမှာ အမွှေးပေါက်မယ်။ အထူးသဖြင့် မျက်နှာမှာ။ ဆေးပညာမှာhirsutism လို့လည်းခေါ်တယ်။ တချို့မှာ moon faceခေါ်တဲ့ မျက်နှာမှာ အဆီများပြီး ဖောလာတတ်တယ်။ စတီးရွိုက်ရဲ့ဆိုးကျိူးတွေပါ။ အဲဒီအကြောင်းလည်း ရေးထားတယ်။ 
http://drayeminhtoo.blogspot.com/2013/02/steroid.html

စတီးရွိုက်သုံးတဲ့အခါ သိပ်သတိထားရတယ်။ သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေးဖြစ်တဲ့ထဲမှာ စတီးရွိုက်ဆေးတွေက ထိပ်ဆုံးကပဲ။ လိုအပ်မှသာ သုံးရတယ်။ သို့သော် ဖြစ်လာမှတော့ ကုသရုံအပြင် ဘာရှိမှာလဲ။ စိတ်ဓာတ်တော့ သိပ် မကျပါနဲ့။ 

အွန်လိုင်းမှာ ဖတ်ကြည့်ရင် နည်းပေါင်းစုံရေးထားတာတွေ့မယ်။ ဟုတ်တာတွေကော မဟုတ်တာတွေကော။ တချို့က waxing ခေါ်တဲ့ ဖယောင်းသုံးပြီး အမွှေးချွတ်ခိုင်းတယ်။ မျကိနှာမှာလုပ်ရင် ပိုဆိုးပါတယ်။ သွားမလုပ်နဲ့။ peeling mask တွေလည်း သိပ်မထူးပါ။ နောက် အမွှေးချွတ်တဲ့ ခရင်မ်တွေလည်း ရှိဦးမယ်။ မျက်နှာမှာ မသုံးသင့်ပါ။ဒါတွေက ရေတိုဆေးမြီးတိုနည်းတွေသာ ဖြစ်တယ်။ ပျောက်တဲ့နည်းမဟုတ်ပါ။

တကယ်လုပ်ရမှာ သုံးမျိုးရှိတယ်။ သောက်ဆေး (သို့လိမ်းဆေး (သို့လေဆာ နည်းတွေ ဖြစ်ပါတယ်။
မျက်နှာအမွှေးအတွက် လိမ်းဆေးလာတာရှိမယ်။ အနောကိနိုင်ငံတွေမှာ အဓိကသုံးတယ်။ vaniqa cream(eflornithine)ကို တနေ့ နှစ်ကြိ်မ် လိ်မ်းပေးရတာဖြစ်ပါတယ်။ မျက်နှာအမွှေးအတွက် တရားဝင်ခွင့်ပြုထားတဲ့ လိမ်းဆေးပါ။ မြန်မာငွေ လေးသောင်းကျော်ရှိနိုင်တယ်။ နောက်တနည်းက dianette ကိုယ်ဝန်တားဆေးကို ၂၁ရက်သောက်တဲ့နည်းပါ။ ကျားဟော်မုန်းများသူတွေမှာ အဓိကသုံးတယ်။ မိန်းကလေးတွေမှာပဲ သုံးရတယ်။ တချို့ဝက်ခြံအတွက်လည်း သုံးတယ်။ နောက်တနည်းက လေဆာနဲ့ hair follicle တွေဖျက်ဆီးတဲ့နည်းနဲ့ electrolysis လျှပ်စစ်သုံးဖျက်ဆီးတဲ့နည်းတွေ ဖြစ်တယ်။ အားသာချက် အားနည်းချက်ရှိသလို ဆိုးကျိုးတွေရှိမယ်။ အမွှေးထူရင် လေဆာနည်းကပိုကောင်းတယ်။ တကြိမ်တည်းမရပါ။ လိုအပ်ရင် ထပ်လုပ်ရတယ်။ electrolysis နည်းကအမာရွတ်ကျန်နိုင်တယ်။ မလိုအပ်ဘဲ မလုပ်သင့်ပါ။ 

အမွှေးပေါက်တာအတွက် အသုံးများတာက anti-androgen အာနိသင်ရှိတဲ့ spironolactone ဆေးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ဆီးဆေးအနေနဲ့သိကြတယ်။ ဆေးတလုံးမှာ 25 mg ပါတယ်။ နေ့စဉ် 50-200mg ကြား သောကိရတယ်။ ဆေးပေးစမှာ တခါသောက် နှစ်လုံး တနေ့နှစ်ကြိမ်သောက်ပါ။ နှစ်ပတ်အတွင်း မထူးခြားရင် တခါသောက်လေးလုံး တနေ့နှစ်ကြိမ်သောက်နိုင်တယ်။ ဆေးရဲ့အာနိသင်က သုံးလနေမှထူးခြားတယ်။ ခြောက်လလည်း ကြာနိုင်တယ်။ 

အမွှေးမျှင်ဖယ်ရှားဖို့ ဘယ်နည်းအကောင်းဆုံးလည်း ပြောရခက်တယ်။ နားလည်တဲ့ဆရာဝန်က  ဖြစိနိုင်ချေကြည့်ပြီး၊ဆေးကို အတိုးအလျှော့ ပြောင်းပေးနိုင်မှ သက်သာနိုင်တယ်။ နားမလည်ဘဲ လျှောက်မလုပ်နဲ့။ ပိုဆိုးလာနိုင်တာသတိပြုပါ။ ဘယ်နည်းအကောင်းဆူံးလည်း ကျတော်လည်း ဒီတိုင်းမပြောနိုင်ပါ။ ပေါက်တဲ့နေရာ၊ အမွှေးသိပ်သည်းဆနဲ့ ကြာချိန်ကို သေချာတွကိချက်ပြီးမှသာ  ဆုံးဖြတ်ပေးလို့ ရနိုင်တယ်။ ရန်ကုန်ကလို့ ယူဆတဲ့အတွက်ရန်ကုန်မှာပဲ ပြလိုက်ပါ။ မန်းလေးကဆိုရင်တော့ ကျတော့်ဆီလာပြလို့ ရပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂၃.၁၁.၁၆

(English version)

Hirsutism

Sir
My sister(me) is a hairdresser and she is a hairdresser
It was shown two months ago
As the show goes on, the whole face (both sides) of the lip and the ear comes out.
The doctor told me to take the medicine and changed my mind
The fragrance is still out
I would like to remove scents
The teacher who was acting said she had to get rid of the IPL
I don't like IPL, sir
If so, I'd like to know if there is another way
The aroma is deeply emotional
Not at all
Would you like to know more?
I didn't dare to be too big
Can you remove the peel off mask and remove it?
I'm afraid there will be a lot of incense
Would you please respond?
Good night teacher!
Have a nice day


(A) You may be advised on which medications you should take. Stereo Hormone pills cause a lot of fragrance. No medications are given. Send me an unknown picture ...


(Q) When the aromatherapy is released, it is prescribed to change the medicine
Use the Uv cap and wolvit to apply suncreen
The aroma comes on the whole face and face
Not going anywhere else
I'd like to know if there is a way to undo the side effect
How to treat fragrances?
Now you have to cut down on the medication
Thank you sir
Have a nice day

(A) In the picture, you are given an oral medication. Anesthesia doesn't really matter, but medication is a problem. Of course, prednivex 16 is a heavy metal. Long-term use of this drug may cause the body to produce fragrances that are not needed. Especially in the face. Medicine is also called hirsutism. Some of them may be oily on the moon face. The stench of steroids. It also wrote about it.
http://drayeminhtoo.blogspot.com/2013/02/steroid.html

Be careful when using steroids. If you cannot take the medicine, topical steroids are at the top. Use only when needed. But what if there is more than just therapy? Don't get too discouraged.

If you read online, you will find many different ways to write. What about it? Some people use waxing wax, which is called wax. It is worse when it comes to doing things. Don't go The peeling masks aren't too strange. There are also fragrance creams. Should not be used on the face, these are only short-term remedies. This is not the way to go.

There are three ways to do this. These include medications, ointments, or laser treatments.
I would like to apply a lotion to the face. It is mainly used in the Anicae countries. Take vaniqa cream (eflornithine) twice daily. This is a very effective moisturizer. It can be over 40,000 Burmese dollars. Another way is to take dianette for 21 days. Male hormones are mainly used by women. Only used for girls. It is also used for acne. Another method is the destruction of laser and hair follicles and electrolysis. There are weaknesses and disadvantages. A thicker, smoother laser is better. Not a single time. If necessary, repeat the process. Electrolysis can cause scarring. It should not be unnecessary.

The most commonly used form of aromatherapy is spironolactone, which has anti-androgenic effects in Myanmar. One pill contains 25 mg. A daily dose of 50-200mg is recommended. Take two tablets twice a day at the beginning of each dose. For two weeks, you can take four tablets twice a day. The effect of the drug is significant for three months. It can take six months.

The best way to remove scent is also difficult to say. An understanding doctor may be able to adjust and reduce the dose. Don't do it without understanding. Note that it can get worse. No matter how good I am, I can't say that. Where The aroma density and duration can be determined only after careful consideration. Because it's supposed to be from Yangon, show it in Yangon. You can show it to me.

Dr. Aye Min Htoo

23.11.16

No comments:

Post a Comment