ဆောင်းတွင်းရောက်ပြီဆိုရင်ပဲ ကျန်းမာရေးအရ လမ်းလျှောက်ကြတာ ထုံးစံလိုဖြစ်နေပါပြီ။ စာရေးသူကိုယ်တိုင်လည်း ဒီရက်ပိုင်းမှာမှ လမ်းလျှောက်ဖြစ်တယ်။ ထိုင်ရတဲ့ အလုပ်ဖြစ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှု အင်မတန်နည်းတယ်။ သူများတွေကိုသာ ကျန်းမာရေးအသိပေးပြီး ကိုယ်တိုင်လုပ်ဆောင်မှုနည်းတဲ့ထဲမှာ ဆရာဝန်တွေက ထိပ်ဆုံးကပါ။နောက်ပိုင်းလမ်းလျှောက်တဲ့အခါ ကျုံးထိမသွားတော့ပဲ အိမ်နားမှာ ရှိတဲ့ မနော်ရမ္မာဥယျာဉ်မှာသာ လမ်းလျှောက်ဖြစ်တယ်။ လမ်းလျှောက်တဲ့အခါ လမ်းလျှောက်တဲ့ ဝတ်စုံအကျအန ဝတ်ပြီးလမ်းလျှောက်သူတွေ တွေ့ရသလို သာမန်ဘာသိဘာသာ လမ်းလျှောက်သူတွေလဲ ရှိကြတယ်။ တချို့က နှေးနှေးလျှောက်သလို တချို့ကျ မြန်မြန်လျှောက်တယ်။လမ်းလျှောက်တာ မြန်ချင်သူတွေကို သာမန်အားဖြင့် စိတ်မြန်သူတွေဖြစ်တယ်လို့ ကောက်ချက်ချသူက ချတယ်။ တိကျတဲ့လေ့လာစမ်းသပ်မှုတွေ ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Monday, November 26, 2012
လမ်းလျှောက်တဲ့အခါ
ဆောင်းတွင်းရောက်ပြီဆိုရင်ပဲ ကျန်းမာရေးအရ လမ်းလျှောက်ကြတာ ထုံးစံလိုဖြစ်နေပါပြီ။ စာရေးသူကိုယ်တိုင်လည်း ဒီရက်ပိုင်းမှာမှ လမ်းလျှောက်ဖြစ်တယ်။ ထိုင်ရတဲ့ အလုပ်ဖြစ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှု အင်မတန်နည်းတယ်။ သူများတွေကိုသာ ကျန်းမာရေးအသိပေးပြီး ကိုယ်တိုင်လုပ်ဆောင်မှုနည်းတဲ့ထဲမှာ ဆရာဝန်တွေက ထိပ်ဆုံးကပါ။နောက်ပိုင်းလမ်းလျှောက်တဲ့အခါ ကျုံးထိမသွားတော့ပဲ အိမ်နားမှာ ရှိတဲ့ မနော်ရမ္မာဥယျာဉ်မှာသာ လမ်းလျှောက်ဖြစ်တယ်။ လမ်းလျှောက်တဲ့အခါ လမ်းလျှောက်တဲ့ ဝတ်စုံအကျအန ဝတ်ပြီးလမ်းလျှောက်သူတွေ တွေ့ရသလို သာမန်ဘာသိဘာသာ လမ်းလျှောက်သူတွေလဲ ရှိကြတယ်။ တချို့က နှေးနှေးလျှောက်သလို တချို့ကျ မြန်မြန်လျှောက်တယ်။လမ်းလျှောက်တာ မြန်ချင်သူတွေကို သာမန်အားဖြင့် စိတ်မြန်သူတွေဖြစ်တယ်လို့ ကောက်ချက်ချသူက ချတယ်။ တိကျတဲ့လေ့လာစမ်းသပ်မှုတွေ Tuesday, November 13, 2012
ကြွက်တက်လာပြီဆိုရင်
လူ့ခန္ဓာကိုယ်ကြွက်သားတွေဟာ အစဉ်အမြဲလှုပ်ရှားနေရတယ်။ နားနေတဲ့အချိန်မရှိ၊ လှုပ်ရှားနေတာပဲလား မေးစရာရှိပါတယ်။ တချို့ကြွက်သားတွေဟာ နားချိန်မရှိလောက်အောင် အစဉ်အမြဲ လှုပ်ရှားနေရတယ်။ သူတို့လှုပ်ရှားနေလို့ သာ အစဉ်ပြေပြေနေနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နှလုံးကြွက်သားတွေဟာ အမြဲအလုပ်လုပ်နေရတယ်။ ခေတ်စကားနဲ့ပြောရရင် 24/7 တနေကုန် အလုပ်လုပ်နေရတယ်။ တစ်လလုံး၊ တစ်နှစ်ပတ်လုံး၊ တစ်သက်လုံးအလုပ်လုပ်ပြီး အသက်ရှင်ဖို့ မနားမနေကြိုးစားရရှာတယ်။ တခြားလူ့ခန္ဓာတွင်း အစိတ်အပိုင်းတွေ(အစာအိမ်နဲ့အူလမ်းကြောင်း၊ဆီးလမ်းကြောင်း ကြွက်သား) စတာတွေဟာလည်း သူ့ဟာနဲ့သူ အလုပ်လုပ်နေရတယ်။ ထို့အတူ ခြေထောက်လှုပ်တာ၊ လက်လှုပ်တာ၊ လမ်းလျှောက်တာ၊ ထမင်စားတာကအစ ဝမ်းသွားတာအဆုံး Saturday, November 3, 2012
ဇရာအိုနဲ့ ဆီးကျိတ်ရောင် ရောဂါ
အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့မတူတဲ့ ကွဲပြားမှုတွေ ရှိကြတာ ပြောဖို့လိုမယ် မထင်ပါဘူး။ ငယ်ရွယ်စဉ် မသိသာသေးပေမယ့် အပျိုဖော်၊ လူပျိုပေါက် ဝင်ပြီးတဲ့နောက်မှာတော့ ပိုမိုသိသာထင်ရှား လာတယ်။အသံအနေအထား စတင်ပြောင်းလဲလာတယ်။ အမွှေးအမျှင်တွေ ပေါက်ရောက်လာတယ်။အတွေးအခေါ်၊ အမူအကျင့်၊ ကိုယ်နေဟန်ထား ပြောင်းလဲလာတယ်။ ကွဲပြားချက်တွေထဲမှာ အမျိုးသားတွေမှာသာ ပါရှိတဲ့ ဆီးကျိတ်ကလည်း တခုပါ။ အသက်ကြီးလေ ပိုမိုသိလေ ဆိုချင်ကြသူတွေအတွက် ဆီးကျိတ်က ဥပမာကောင်းတခု ဖြစ်ပါလိမ့်မယ်။ အသက်ကြီးသူများဟာ ဆီးကျိတ်အကြောင်းပိုသိလာသလို ဝေဒနာတွေ ခံစားလာရတယ်။ဆီးကျိတ်ရောင်ခြင်းက အသက်ငါးဆယ်ကျော် ခြောက်ဆယ်အရွယ် အမျိုးသားတွေကို ဒုက္ခကောင်းကောင်းပေးတတ်ပါတယ်။
Friday, November 2, 2012
အရေးပေါ် ရောက်လာတဲ့အခါ
မနက်ပိုင်းအဝတ်အစားလဲပြီးဆေးခန်းသွားမလို့ရှိသေးတယ်။
တပည့်ကျော်ဆီက လူနာရောက်နေကြောင်းဖုန်းလှမ်းဆက်လို့ အမြန်ပြေးရသေးတယ်။ ဟိုရောက်တော့
လူနာကခွေခွေလေးလှဲနေတယ်။ ဘေးမှာအမျိုးသမီးနှစ်ယောက်၊ သုံးယောက် ဝိုင်းနေကြတာ၊ ဘာများဖြစ်လို့လဲဆိုပြီး
မေးကြည့်တော့ ဆိုင်ကယ်လဲလို့တဲ့။ ရုတ်တရက် ဘရိတ်အုပ်လိုက်တော့ အရှိန်မထိန်းနိုင်ဘဲ
လဲသွားတာ။ ကြည်လိုက်တော့ လူနာက မှိန်းနေတယ်။ တချက်တချက်ပျို့သလိုဖြစ်တယ်။ ခေါင်းခိုက်မိသွားပုံရတယ်။
မေးကြည့်တော့လဲပြန်ဖြစ်တတ်တာ ပါးစပ်နာ
လောကမှာ
ရှောင်လွှဲလို့မရတဲ့ အရာတွေအများကြီးရှိပါတယ်။ သေခြင်းတရားကို ဘယ်သူမှ မရှောင်လွှဲနိုင်ဘူး။
ဆင်းရဲခြင်း၊ ချမ်းသာခြင်းစတဲ့ လောကဓံအနိမ့်အမြင့်တွေ ကိုလည်း ရှောင်လွှဲလို့မရဘူး။ ဆင်းရဲခြင်းဆိုတဲ့
နေရာမှာ စိတ်ဆင်းရဲတာ၊ ကိုယ်ဆင်းရဲတာ နှစ်ခုလုံးပါတယ်။ အာရုံငါးပါးခံစားနိုင်တဲ့ ခန္ဓကိုယ်ကြီးကိုက
ဝေဒနာတွေခံစားနိုင်တယ်။ ဖြစ်၊ တည်၊ ပျက်သဘောအရ ကိုယ်ဖြစ်မယ်၊ တည်ရှိမယ်၊ ပျက်စီးမယ်
ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေဘဲ။ အဲ့ဒီလိုဘဲ လူ့ခန္ဓာကိုယ်ကြီးကလည်း နေရာတိုင်းမှာတည်ရှိနေတဲ့
ပိုးမွှားတွေရန်က ရှောင်လွှဲလို့မရဘူး။ နေ့စဉ်နေ့တိုင်းရှုရှိုက်နေတဲ့လေထဲမှာ ရေမကြောက်တတ်ပေမယ့် ရေကျောက်ဆိုတာတော့ဖြစ်တတ်ပါတယ်
သင်္ကြန်နားနီးလို့
သင်္ကြန်သီချင်းတွေ ဟိုနားတစ်စု ဒီနားတစ်စု ကြာလာရပါပြီ။ သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ နှစ်ဟောင်းကအညစ်အကြေးတွေကိုဆေးကြောတဲ့ ပွဲတော်လို့လူသိများပါတယ်။ နှစ်ဟောင်းကအညစ်အကြေး တွေ နှစ်သစ်ကိုမပါအောင် ဆေးကြောတဲ့အနေနဲ့
ရေကစားကြတာပါ။ သင်္ကြန်မှာရေနဲ့မြန်မာဆိုတာ ခွဲခြားလို့ မရပါဘူး။ မြန်မာလူမျိုးအများစုက
ရေမကြောက်တတ်ပါဘူး။ ရေကြောက်တယ်ဆိုတာ ရှားပါတယ်။ ရေမကြောက်တတ်ကြပေမယ့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့
ရေကျောက်တော့ဖြစ်နိုင်ကြပါတယ်။ သင်္ကြန်ကြောင့် ရေကိုကြောက်ပြီး ရောဂါဖြစ်တာမဟုတ်ပါဘူး။
ရေကျောက်ဗိုင်းရပ်စ်ပိုးကူးစက်ခံရလို့သာ
Subscribe to:
Comments (Atom)
