အရင်ဆုံး မိတ်ဆက်ပါရစေ ကျွန်တော့်နာမည် ကို_ပါ အသက်က ၃၃ ပါဆရာ ..မန်းတလေးကပါပဲ ဆရာ့ဆေးခန်းကိုလဲလာပြဘူးပါတယ် ..ကျွန်တော်မေးချင်တာတစ်ခုလောက်ရှိလို့ပါ ဆေးခန်းလာပြရမှာလဲနဲနဲရှက်လို့ပါ ...:ဒီလိုပါ ကျွန်တော့် လိင်တန် အရင်းမှာ လွန်ခဲ့တဲ့ ၆ လလောက် အသားပိုလိုဟာလေး အဖုလေးပေါ့ဗျာ ပေါက်လာတယ် ကျွန်တော်လဲ ကြာရင်ပျောက်သွားမှာပဲဆိုပီး ထားတာ ခုပိုပိုကြီးလာပီး ပြောင်းဖူးစေ့လောက်ရှိလာပါတယ်ဆရာ နာကျင်မှုတော့မခံစားရပါဘူး ..သူ့ပုံစံက ပန်းဂေါ်ဖီအသေးစားလေးလိုပဲ အပေါ်ယံက အဖုလေးတွေနဲ့ပါ အဲဒါကြီးကြီးလာရင်း တခုခု ဖြစ်မှာဆိုးလို့ ဘာလုပ်သင့်သလဲတိုင်ပင်ကြည့်တာပါ အကြံညဏ်လေးပေးပါပြောပြပါဦးဆရာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဆေးခန်းလာပြမှရမယ်ဆိုလည်း ပြရမှာပေါ့ဆရာ ကြိုမေးထားတာပါ...ညွှန်ကြားမှုကိုမျှော်နေပါ့မယ်ဆရာဆေးပညာဆောငျးပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Wednesday, July 31, 2013
ဟိုနေရာအရင်းမှာ အသားပိုလိုအဖုလေး ပေါက်နေလို့ပါ
အရင်ဆုံး မိတ်ဆက်ပါရစေ ကျွန်တော့်နာမည် ကို_ပါ အသက်က ၃၃ ပါဆရာ ..မန်းတလေးကပါပဲ ဆရာ့ဆေးခန်းကိုလဲလာပြဘူးပါတယ် ..ကျွန်တော်မေးချင်တာတစ်ခုလောက်ရှိလို့ပါ ဆေးခန်းလာပြရမှာလဲနဲနဲရှက်လို့ပါ ...:ဒီလိုပါ ကျွန်တော့် လိင်တန် အရင်းမှာ လွန်ခဲ့တဲ့ ၆ လလောက် အသားပိုလိုဟာလေး အဖုလေးပေါ့ဗျာ ပေါက်လာတယ် ကျွန်တော်လဲ ကြာရင်ပျောက်သွားမှာပဲဆိုပီး ထားတာ ခုပိုပိုကြီးလာပီး ပြောင်းဖူးစေ့လောက်ရှိလာပါတယ်ဆရာ နာကျင်မှုတော့မခံစားရပါဘူး ..သူ့ပုံစံက ပန်းဂေါ်ဖီအသေးစားလေးလိုပဲ အပေါ်ယံက အဖုလေးတွေနဲ့ပါ အဲဒါကြီးကြီးလာရင်း တခုခု ဖြစ်မှာဆိုးလို့ ဘာလုပ်သင့်သလဲတိုင်ပင်ကြည့်တာပါ အကြံညဏ်လေးပေးပါပြောပြပါဦးဆရာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဆေးခန်းလာပြမှရမယ်ဆိုလည်း ပြရမှာပေါ့ဆရာ ကြိုမေးထားတာပါ...ညွှန်ကြားမှုကိုမျှော်နေပါ့မယ်ဆရာWednesday, July 24, 2013
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ
နှစ်စဉ် ကမ္ဘာ့လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းခန့်ဟာ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHOက ကြေငြာချက် ထုတ်ပြန်ပြီး သတိပေးထားပါတယ်။ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်များဆုံး ရောဂါဝေဒနာ တစ်ခုလည်း ဖြစ်ပါတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်ပြောကြပေမယ့် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရင် မနည်းလှပါဘူး။ ဖြစ်စေတဲ့အကြောင်းအရင်းတွေအများအပြား ရှိပါတယ်။ ခေါင်းကိုက်တဲ့ အမျိုးအစားတွေကိုလည်း ထပ်မံ ခွဲခြားထားသေးတယ်။ ခေါင်းကိုက်ဝေဒနာတွေထဲမှာ ဒုတိယအဖြစ်များဆုံးက migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာမျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်ဟာ မိုက်ဂရိန်းခေါ်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားနေရပါတယ်။ အချိုးချကြည့်ရင် ကမ္ဘာ့လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းလောက် ရှိပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၃ဆလောက် ပိုအဖြစ်များတယ်။ အမျိုးသမီး ၄ယောက်မှာ တစ်ယောက်နှုန်းဖြစ်ပြီး အမျိုးသား ၁၂ယောက်မှာ တစ်ယောက်သာ ဖြစ်ကြတယ်။ ဟော်မုန်းအပြောင်းအလဲကလည်း အမျိုးသမီးတွေမှာ ပိုဖြစ်စေတဲ့ အကြောင်းတစ်ချက်အဖြစ် ပါဝင်ပါတယ်။ လေ့လာချက်တွေအရ မျိုးရိုးနဲ့လည်း သက်ဆိုင်မှုရှိတယ်လို့ ဆိုပါတယ်။ ဆွေမျိုးထဲမှာ တစ်ယောက်မက ဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်အနေအထားက မိုက်ဂရိန်းဖြစ်စေတဲ့ အခြေခံအကြောင်းအချက်အဖြစ် ပါဝင်နေပါတယ်။ လှုပ်ရှားမှုကလည်း ခေါင်းကိုက်ခြင်းကို ပိုဆိုးစေနိုင်တယ်လို့ ဆိုထားပါတယ်။ Friday, July 19, 2013
ဘာကြောင့် ကိုယ်ဝန်မရသေးတာလဲ
ဆရာ
ကျွန်မအိမ်ထောင်ကျတာ ၈လ ရှိပါပြီ
ဒါပေမဲ့ ကလေးမရဘူးဖြစ်နေတယ်
တားဆေးလည်း၁လပဲသုံးတယ်
ဘာကြောင့်မရလည်းဆိုတာသိချင်ပါတယ်
ခြေသည်းရောဂါဆေး သိချင်လို့ပါဗျာ
ဆရာခင်ဗျာ
ကျွန်တော်၏အသက်မှာ 49 နှစ်ရှိပါပြီ၊
ကျွန်တော်၏ခြေမ ခြေသည်းတွင် ထိပ်ဖက်မှကြည့်လျင် အသားနှင့်ကပ်နေသောဖက်တွင်
အခေါင်းပေါက်ကဲ့သို့ အပ်ပေါက်အရွယ်လေးများ 3-4 ပေါက်ဖြစ်နေပါသည်
အပေါ်မှကြည့်လျင် သာမန်ခြေသည်းအရာင်နှင့်မတူသော ဖြူညစ်ညစ် အလိုင်းလေးများဖြစ်နေပါသည်
ပိုးထိုးသလိုလို မှိုတက်သလိုလို မျိုးတူပါသည်
အပေါ်ယံသားမှာ ပုံမန်ချောနေပါသည် ( ကြမ်းတမ်းနေခြင်းမရှိပါ )
ဖြစ်နေသည်မှာ ၅လ ၆လ ခန့်ရှိနေပြီဟုထင်ပါသည်
ကျေးဇူးပြုပြီး ဆေးနည်း ရေးပေးပါရန် အကူအညီတောင်းလိုက်ပါသည်
အဆင်ပြေမယ်ဆိုရင် e mail နှင့်စာပြန်ပေးစေလိုပါသည်။
( ကိုမိုး )
ဆီးပူဆီးအောင့် ဖြစ်နေလို့ပါ
မလေးရှားမှာနေပါတယ်။ဒီရောက်တာ ၂နှစ်ကြာပါပြီ။
ဒီရောက်ကတည်းက ကျန်းမာရေးချူချာပါတယ်ဆရာ။
ဒီမှာက အရမ်းပူတော့ ဆီးရောဂါ ခဏခဏ ဖြစ်တယ်ဆရာ။
ဆေးခန်းသွားတဲ့ အခါလည်း သွားပါတယ်။ အခုတစ်လော မလေးရှားက ပြဿနာတွေကြောင့် အပြင်မထွက်ရဲဘူးဆရာ။
ကျနော် သတိထားပြီးတော့ ရေလည်း မျာများသောက်ပါတယ် ဆရာ။ငရုတ်သီးကိုလည်း ဖြတ်နေပါတယ်။
sunday နေ့က ပိတ်ရက်ဆိုတော့ ရေသောက်ဖို့ လိုသွားတယ်ဆရာ။ အဲနေ့ ညနေကတည်းက အခုထိ ဆီးအရမ်းအောင့်ပါတယ်ဆရာ။
ရေလည်း ကြိုးစားပြီသောက်ပေမဲ့ အဆင်မပြေပါဘူး။ ဆီသွားချင်ပြီးတော့ မထွက်ဘူးဆရာ။ တစ်စက်နှစ်စက်လောက်ထွက်ဖို့ သေမတတ်ခံစားရပါတယ်ဆရာ။
ဆရာ ကျနော် ဆေးခန်းသွားလို့ မရပေမဲ့။ ဆေးဆိုင်နဲ့ နီးပါတယ်ဆရာ။ ကျနော် ဘာဆေးသောက်ရမလည်း ဆိုတာ ညွန့်ကြားပေးပါဆရာ။
ဆေးနာမည်သိရင် ၀ယ်လို့ရနေပါပြီဆရာ။ ကျနော် အလုပ်လုပ်ဆဲမို့ ဒိလောက်ဘဲ အချိန်ရတယ်ဆရာ။ညရောက်ရင် မေးတစ်ဆောင် ထပ်ပို့ပေးပါမယ်ဆရာ။
Thursday, July 18, 2013
Osteoarthritis အရိုးအဆစ်ရောင်ခြင်း

ပုံမှန်လူတယောက်မှာ သိသာထင်ရှားတဲ့အရိုးပေါင်း ၂၀၆ခု ရှိပါတယ်။ သက်ရှိတွေရဲ့ရပ်တည်မှုမှာ အရိုးရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ဒီအရိုးတွေကပဲ ခန္ဓာကိုယ်တခုလုံးကို ထောက်ပံ့ပေးထားတယ်။ အရိုးချင်း တွယ်ဆက်တဲ့နေရာကို အဆစ်လို့ခေါ်ပါတယ်။လူ့ခန္ဓာကိုယ်မှာ အဆစ်စုစုပေါင်း ၃၆၀ခန့် ရှိပါတယ်။အဆစ်သဘောက လှုပ်ရှားမှုကို အဓိကဖြစ်စေတယ်။ နေ့စဉ်လှုပ်ရှားနေရတဲ့ အရိုးအဆစ်တွေရဲ့ လုပ်ဆောင်မှုကို လျှော့မတွက်သင့်ဘူး။လှုပ်ရှားမှုများတာလာနဲ့အညီ ပျက်ဆီးမှုလည်း များလာတာ သဘာဝပါ။ ဒါ့ကြောင့်ပဲ အသက်အရွယ်မရွေး အရိုးအဆစ်ရောဂါတွေ အတွေ့များလာတယ်။လက်ရှိချိန်ထိ အဆစ်ရောင်ရောဂါတွေထဲမှာ အဖြစ်များဆုံးက Osteoarthritis ခေါ်တဲ့ အဆစ်ရောင် ရောဂါ ဖြစ်ပါတယ်။ အခေါ်အဝေါ်အရ အရိုးအဆစ်ရောင်ခြင်း (osteoarthritis)ဆိုပေမယ့် အဆစ်ရောင်ရမ်းရုံမက ကြာလာတဲ့အခါ ပျက်ဆီးတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။အချိန် ကြာလေ အဆစ်ပျက်ဆီးမှု ပိုဆိုးလေဖြစ်လို့ degenerative joint diseaseလို့ ခေါ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လူပေါင်း သန်း၂၅၀ လောက်ဟာ osteoarthritis ခေါ်တဲ့အရိုးအဆစ်ရောင်ရမ်းပျက်ဆီးတဲ့ ဝေဒနာ ခံစားကြရပါတယ်။
Subscribe to:
Comments (Atom)

