
ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Friday, April 25, 2014
သွေးကြောထုံးရင် ဘယ်လိုပြုပြင်

Monday, April 21, 2014
သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁၃)

Sunday, April 13, 2014
ခေါင်ရည်သောက်၍ ငပိစား ရေယုန်ပေါက်လား
အခုကျွန်တော်ရေယုန်ပေါက်နေတယ် အဲဒါဘာကြောင့်လဲ။လွန်ခဲ့တဲ့နှစ်ရက် ပုသိန်မှာမြစ်ရေချိုးခဲ့တယ်၊ခေါင်ရည်သောက်ခဲ့တယ်၊တစ်ခါမှငပိရည်ချိုကိုမစားဘူးပဲစားခဲ့တယ်အဲဒါကြောင့်လား။sex ကိစ္စက လဲကျွန်တော့ကောင်မလေးကလွဲရင်ဘယ်သူနဲ့မှမလုပ်ဘူး ထူးစပ်းတယ်
Wednesday, April 9, 2014
သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁၂)
Vitamin E
Vitamin Eဟာ အဆီမှာ ပျော်ဝင်တဲ့ fat soluble vitaminမျိုး ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်အာနိသင်နဲ့ အသားအရေကို အားဖြည့်ပေးတာကြောင့် နာမည်ကြီးတယ်။ Vitamin Eမှာ tocopherols နဲ့ tocotrienolsဆိုတဲ့ အဓိကအုပ်စု နှစ်မျိုး ရှိပါတယ်။ အုပ်စုတခုစီမှာ alpha- (α-), beta- (β-), gamma- (γ-), နဲ့ delta- (δ-) ဆိုတဲ့ ပုံစံကွဲလေးမျိုး စီရှိကြတယ်။ လက်တွေ့မှာ alpha-tocopherolတမျိုးတည်းကိုသာ ခန္ဓာကိုယ်က အသုံးချပေးနိုင်တယ်။
Saturday, April 5, 2014
လည်ပင်းကြီးပြီး မျက်လုံးပြူးတာ ပြန်ကျနိုင်လား
ဆရာ လည်ပင်းကြီးပြီး မျက်လုံးပြူးတာက မျက်လုံးကမကျနိုင်တော့ဘူးလားဆရာ. ကျအောင်လုပ်လို့ကောရလား.?မျက်လုံးပြန်ကျဖို့ ဘာတွေလုပ်လို့ရနိုင်လဲ ဆရာ.ကျေးဇူးတ်ပါတယ် ရှင်...
Regards,
..........
သိုင်းရွိုက်ဟော်မုန်းများတာကို Hyperthyroidism လို့ခေါ်ပါတယ်။ လူကိုဒုက္ခပေးလာတာကြောင့် Thyrotoxicosis ဖြစ်လာတယ်။ သိုင်းရွိုက်ဟော်မုန်းများသူ၊နည်းသူတွေဟာ လည်ပင်းကြီးတတ်ကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ အမျိုးသား၊အမျိုးသမီး အချိုးချကြည့်ရင် ၁:၉ဖြစ်လို့ အမျိုးသမီးတွေဟာ
Wednesday, April 2, 2014
ပိုလီယိုကင်းစင် ကမ္ဘာတစ်ခွင်

Tuesday, April 1, 2014
သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁၁)
Vitamin D(calciferol)
Vitamin Dဆိုတာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တမျိုး ဖြစ်ပါတယ်။ ဗီတာမင်ဒီမှာ vitamin D1,2,3,4,5စသည်ဖြင့် ပုံစံကွဲ(၅)မျိုး ရှိပါတယ်။ ဒီထဲမှာ အရေးကြီးတာက vitamin D2(ergocalciferol)နဲ့ vitamin D3(cholecalciferol)တို့ ဖြစ်ပါတယ်။ လူ့အရေပြားက vitamin Dကို ဖွဲ့စည်းပေးတယ်။ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီအများစုကို အရေပြားကတဆင့် အဓိက ရရှိနေပါတယ်။ အရေပြားမှာရှိတဲ့ ကိုလက်စတော(7-hydroxycholesterol)ဟာ နေရောင်(UVB)နဲ့တွေ့ပြီး cholecalciferol ဖြစ်လာတယ်။ တနည်းအားဖြင့် vitamin D3ကို ဖွဲ့စည်းတယ်။ vitamin D3ဟာ အသည်းရောက်တဲ့အခါ calcidiolအဖြစ် ပြောင်းလဲသွားတယ်။ တခါ ကျောက်ကပ်ရောက်ပြန်တော့ calcitriol ဖြစ်ပြန်တယ်။ calcitriolကို ကျောက်ကပ်အပြင် monocyteနဲ့ macrophage တွေကလည်း ထုတ်လုပ်နိုင်တယ်။ calcitriolဓာတ်ဆိုတာ လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဟော်မုန်းအဖြစ် ပြုမူဆောင်ရွက်ပေးတယ်။ calcitriolက အရိုးတွေကျန်းမာသန်စွမ်းဖို့ လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဖော့စဖားရပ်ဓာတ် နှစ်မျိုးကို အူလမ်းကြောင်းက စုပ်ယူစေတယ်။ သွေးတွင်း ကယ်လ်စီယမ်နဲ့ ဖော့စဖိတ်ကို များလာစေတယ်။

Subscribe to:
Posts (Atom)