
ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Monday, June 30, 2014
အစာအဆိပ်သင့်ခြင်း

Sunday, June 29, 2014
အူခေါက်ခြင်းနဲ့ အူထပ်ခြင်း

အူခေါက်တာနဲ့ အူထပ်တာ အတူတူပါပဲလား ခင်ဗျာ။ အတူတူဆိုရင် ဘာဆက်လုပ်ရမလဲ။ သူ့ဘာသာပြန်ကောင်းနိုင်လား ဖြေကြားပေးပါဆရာ။
အူခေါက်တာနဲ့ အူထပ်တာ မတူညီပါ။ အူခေါက်တာက intestinal twistingလို့ ခေါ်ပါတယ်။ volvulus လို့လည်း ခေါ်တယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်။ လူငယ်တွေမှာ ပိုဖြစ်တယ်။ အူထပ်တာကိုကျတော့ Intestinal Intussusceptionလို့ ခေါ်တယ်။ အူသိမ်ထက် အူမကြီးမှာအဖြစ်များတယ်။ ကလေးတွေမှာ ပိုတွေ့ရတယ်။ အသက်၃လမှ ၃နှစ်အတွင်း အဖြစ်များတယ်။ လေ့လာမှုတချို့က ယောကျာ်းလေးတွေမှာ ပိုတွေ့နိုင်တယ်လို့ ဆိုတယ်။
Saturday, June 28, 2014
ရောဂါနာမည် ဘယ်လိုတပ်မလဲ
Can you please interpret these results
T3-1.797
T4-8.477
TSH-0.608
What is the diagnosis for this 22-yr-old-male?
စစ်ထားတာက သိုင်းရွိုက်ဟော်မုန်း ဖြစ်ပါတယ်။ အကယ်၍ ဓာတ်ခွဲခန်းတွေကို thyroid function test စစ်မယ်လို့ ပြောရင် T3,T4နဲ့ TSHကို စစ်ပေးလိမ့်မယ်။ ဒီထဲမှာမှ T3နဲ့ T4စစ်တဲ့အခါ totalလား၊free လား သိဖို့ လိုအပ်ပါတယ်။ မေးထားတဲ့ထဲမှာ
Friday, June 27, 2014
အရိုးအဆစ်ရောင်ခြင်းနှင့် သွေးစစ်ခြင်း

လမ်းကောင်းကောင်းမလျှောက်နိုင်လို့ ဆရာဝန်ကြီးက ခြေထောက်ကို MRI ဓာတ်မှန်ရိုက်ခိုင်းလို့ ရိုက်ပါတယ်။ အဖြေစာရွက်မှာ ဒီလို ရေးထားပါတယ်ဆရာ။
Light degenerative cartilage changes, central in first MTP joint,
အဲဒါ ဘာလဲဆိုတာ ဖြေကြားပေးပါဆရာ။ အရိုးတွေ နည်းနည်းပျက်စီးနေတယ်လို့ ဆရာဝန်က ရှင်းပြပါတယ်။ သေချာ မရှင်းလို့၊ MTP ဆိုတာလဲ ဘာမှန်း မသိလို့ပါ။
အရိုးတွေ ကြာလေပျက်လေ ဖြစ်သွားမှာလားဆရာ။ မဖြစ်အောင် ကာကွယ်လို့ ရပါသလား။
ကျွန်မ အသားမစားဘဲနေယင် ရောဂါသက်သာပါတယ်။ အရင်ကတည်းကလဲ သက်သတ်လွတ် ရံဖန်ရံခါ စားတတ်ပါတယ်။ ဒါပေမယ့်သက်သတ်လွတ် ရေရှည်စားရင် အာရုံကြော အားနည်းတတ်တယ်၊ မေ့တတ်တယ်ဆိုတာ မှန်ပါသလား။ အဲဒီလို မဖြစ်အောင် သက်သတ်လွတ် ဘယ်လိုစားရမလဲဆရာ။
Tuesday, June 24, 2014
ကာကွယ်ဆေးထိုးတိုင်း ဘီပိုးမအောင်

Tuesday, June 17, 2014
မက်ကလောင် ခြစ်ခြင်း
ရှေးယခင် နှစ်ပေါင်းများစွာကတည်းက တရုတ်လူမျိုးတွေဟာ ဖျားနာကိုက်ခဲတဲ့အခါ မက်ကလောင်ခြစ်နည်းကို အသုံးပြုခဲ့ကြတယ်။ မက်ကလောင်နည်းဟာ တရုတ်ရိုးရာတိုင်းရင်းဆေးပညာကနေ ဆင်းသက်လာခဲ့တယ်။ တရုတ်အပ်စိုက်ကုထုံးရဲ့ အစွယ်အပွားနည်းတခုလည်း ဖြစ်တယ်။ မက်ကလောင်ခြစ်နည်းကို တရုတ်(mandarin)စကားအရ "Gua Sha" လို့ ခေါ်ပါတယ်။"Gua"ဆိုတာ "ခြစ်ထုတ်သည်"လို့ အဓိပ္ပါယ်ရပြီး "Sha"ဆိုတာ "အနီကွက်ထခြင်း" ဖြစ်ပါတယ်။မက်ကလောင်ခြစ်တဲ့အခါ သွေးခြေဥပြီး အနီကွက်ထလာသည်အထိ အရေပြားကို ကုပ်ခြစ်ပေးရပါတယ်။ တရုတ်သီအိုရီအရ မကောင်းတဲ့ သွေးပုပ်တွေ စုအောင်းနေတာကို သန့်ရှင်းအောင် ခြစ်ထုတ်ပေးရတဲ့ သဘောမျိုး ဖြစ်တယ်။ တရုတ်ဆေးပညာအရ အဖျားရောဂါ၊တုပ်ကွေး၊အအေးမိ၊ချောင်းဆိုး၊ပန်းနာ၊ရင်ကျပ်၊ခေါင်းကိုက် စတဲ့ဝေဒနာတွေကို သက်သာပျောက်ကင်းစေတယ်။ အရိုးနဲ့ကြွက်သား နာကျင်ကိုက်ခဲမှုကိုလည်း ပြေပျောက်စေတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း အားပေးတယ်လို့ ယူဆခဲ့ကြတယ်။
Monday, June 9, 2014
မှားနေတာလေးတွေ
ဆရာ့အနေနဲ့ စေတနာဆရာဝန်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်ပါသလဲ။ မြန်မာနိုင်ငံမှာ စေတနာ ဆရာဝန်ဆိုသူတွေ တကယ်ရှိပါသလား။ ကျွန်တော့ အမြင်မှာတော့ စေတနာဆရာဝန်တွေရှားပြီး အသပြာဆရာဝန်တွေ များလာသလို ခံစားရပါတယ်။ ဆရာ့အမြင်လေးကို တချက်ပြောပြပေးပါလား။
နိုင်ငံတိုင်းမှာ ဆရာဝန်ဆိုသူတွေ ရှိကြပါတယ်။ အလားတူ စေတနာထားသူ၊စေတနာမဲ့သူတွေလည်း ရှိကြတယ်။ ဆရာဝန်ဖြစ်လို့ အကုန်လုံးစေတနာရှိသူ ဆိုတာက တကယ့်လက်တွေ့အမှန်တရားကို ဘူးခံငြင်းပယ်ရာကျတယ်။ မြန်မာနိုင်ငံမှာ စေတနာဆရာဝန်တွေ တနေ့တခြား ရှားလာတယ်ဆိုတာလည်း လက်တွေ့မှာ မမှန်သေးဘူး။
Monday, June 2, 2014
အွန်လိုင်းမိတ်ဆက်စာ
ဘလော့ခ်ယဉ်ကျေးမှု ဘယ်အချိန်ကတည်းက စတင်ခဲ့ပါသလဲ။ မြန်မာနိုင်ငံမှာတော့ ၂၀၀၈ခုနှစ်လောက်ကတည်းက ဘလော့ခ်တွေခေတ်စားလာတာ သတိထားမိခဲ့ပါတယ်။ အဲဒီအချိန်က ဘလော့ခ်ရေးသူဆိုတာ လက်ချိုးရေတွက်လို့ရတဲ့ အခါမျိုးပါ။ စာရေးသူတွေ (တနည်း ဘလော့ခ်ရေးသားသူတွေ)ကို ကြည့်ပြီး အားကျခဲ့ဖူးတယ်။ ကိုယ်တိုင်လည်း ဘလော့ခ်ပေါ်မှာ စာတွေ ရေးဖို့ ကြိုးစားခဲ့ဖူးပေမယ့် အချိန်မပေးနိုင်လို့ မဖြစ်မြောက်ခဲ့ပါဘူး။ ဒါပေမယ့် ဆေးပညာဆောင်းပါးတွေကို ကျန်းမာရေးဂျာနယ်၊မဂ္ဂဇင်းတွေမှာ အပတ်စဉ်၊လစဉ် ရေးသားခဲ့ပါတယ်။ စာရေးပြီး မကြာခင်မှာပဲ ကိုယ်ရေးထားသမျှတွေက အမှိုက်ထဲ၊ပိသာချိန်နဲ့ ရောင်းတဲ့ထဲ ပါသွားတာမြင်ရတော့ နှမြောမိပါတယ်။
ကိုယ်ဝန်ဖျက်ခြင်း သည်းခံပါ
တခါက အွန်လိုင်းအကူအညီတောင်းခံသူတွေ အမေးများတဲ့ဆေးဝါးတွေကို လေ့လာဖူးတယ်။ အမေးအများဆုံးဆေးဝါးတွေကို စာရင်းချကြည့်တဲ့အခါ-
၁။အဆီကျဆေး၊ပိန်ဆေး၊
၂။အသားလှဆေး၊
၃။တားဆေး၊
၎။ကိုယ်ဝန်ဖျက်ဆေး၊
၅။အမျိုးသား အားဆေး၊
ဆိုပြီး တွေ့ရတယ်။ ရှေ့ဆုံးသုံးခုက အမျိုးသမီးတွေ အမေးများဆုံးမေးခွန်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးနှစ်ခုက ယောကျာ်းလေးတွေအမေးများတဲ့ မေးခွန်းတွေ ဖြစ်တယ်။
Subscribe to:
Posts (Atom)