silymarinဆိုတာ အစွမ်းထက် အင်တီအောက်စီးဒင့် တမျိုး ဖြစ်ပါတယ်။အသည်းအားဆေးတွေမှာ အဓိကပါလေ့ရှိတယ်။ flavonoid အမျိုးစားဝင်ဖြစ်ပြီး ဆူးပန်းလုံး(milk thistle)ခေါ်တဲ့အပင်ကနေ အဓိကရပါတယ်။ silymarinထဲမှာ silybin, silydianin, နဲ့ silychrisin စတဲ့ဓာတ်တွေပေါင်းစပ်ထားတယ်။
Silipide ဆိုတာလည်းရှိသေးတယ်။ silymarin နဲ့ lecithin ပေါင်းစပ်ထားပြီး သာမန်ရိုးကျsilymarinထက် (၁၀)ဆကျော် အာနိသင်ကောင်းတယ်။ lecithin ဆိုတာ ပဲပုပ်၊ပဲပိစပ်ကရတဲ့ဓာတ်တမျိုးဖြစ်ပါတယ်။ သည်းခြေစီးဆင်းမှုကိုအားပေးပြီး အသည်းသမားတွေအတွက် ကောင်းတယ်။ ၂၀ရာစုနောက်ပိုင်းကစပြီး အမေရိကန်လူမျိုးတွေက silymarine နဲ့ပက်သတ်ပြီး လေ့လာမှုအကြီးအကျယ်လုပ်တယ်။ တွေ့ရှိချက်တွေလည်း အများကြီးပေါ့။