၁။လက်ဖက်ရည်မသောက်ရဘူး
လက်ဖက်ရည်သောက်ရင် ရာသီစောလာတယ်ဆိုတာတွေ ဆေးခန်းမှာ ကြုံရတယ်။ ရာသီပေါ်နေစဉ် သောက်ရင် ပုံမှန်ထက် ရာသီပိုများတာမျိုး ရှိတယ်။ အထူးသဖြင့် လက်ဖက်ရည်မှာပါတဲ့ tannin ဓာတ်က ရာသီသွေးကို များစေတယ်။
ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
ရှေးယခင်နှစ်ပေါင်းများစွာကတည်းက သစ်သီးဝလံတွေကို လူတွေနှစ်ခြိုက်စွာ စားသုံးခဲ့ကြပါတယ်။ အသီးတွေထဲမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ သိခဲ့ရတယ်။ ဒါတင်မက အသီးအနှံမှာပါတဲ့အင်တီအောက်စီးဒင့် ဓာတ်တွေက ကင်ဆာလို ရောဂါတွေကိုတောင် ကာကွယ်နိုင်တယ်ဆိုတာမျိုး ပြောလာကြတယ်။ ဒါပေမယ့် ခေတ်တွေ၊စနစ်တွေက ပြောင်းလဲလာပါပြီ။ အထူးသဖြင့် (၂၁)ရာစု စီးပွားဖြစ်ထုတ်လုပ်လာတဲ့ သစ်သီးဝလံတွေဟာ ကျန်းမာရေးအရ သင့်တော်သလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ကင်ဆာ အမျိုးအစားပေါင်း(၂၀၀)ကျော်နီးပါး ရှိပါတယ်။ ကင်ဆာဆိုတာ ဆဲလ်တခုချင်းဆီရဲ့ မျိုးဗီဇgene တွေပြောင်းလဲရာကနေ ဖြစ်ပေါ်လာတဲ့ရောဂါမျိုးပါ။ ခန္ဓာကိုယ်တွင်း ဆဲလ်ရှိတဲ့ နေရာတိုငိးမှာ ကင်ဆာဖြစ်နိုင်ပါတယ်။ ဆဲလ်ဆိုတာ သက်ရှိတခုရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းတခု။ ဆဲလ်တွေပေါင်းစပ်ပြီးမှ သက်ရှိဖြစ်လာတယ်။ ဆဲလ်တခုချင်းစီမှာ အဓိကထိန်းချုပ်ထားတဲ့ နယူးကလီးယက်(nucleus)ဆိုတာရှိတယ်။ နယူးကလီးယက်က ဆဲလ်ရဲ့ ဆဲလ်အလယ်မှာ။အဲဒီနယူးကလီးယက်ထဲမှာ ခရိုမိုဇုန်းဆိုတဲ့ အမျှင်လေးတွေပါရှိတယ်။ မျိုးဗီဇတခုအတွက် ခရိုမိုဇုန်းက အရေးကြီးဆုံးပဲ။ ခရိုမိုဇုန်းဆိုတာ DNA(deoxyribonucleic acid) ခေါ်တဲ့ မျိုးဗီဇအမျှင်တွေယှက်နွယ်ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ DNA ထဲမှာ ထောင်ပေါင်းများစွာသော gene(တနည်းအားဖြင့် code) တွေပါတယ်။ ဆဲလ်တခုချင်းဆီရဲ့ ကွဲပွားမှု၊ ဆောင်ရွက်ချက်တွေကို သူတို့က စနစ်တကျထိနိးကျောင်းပေးတယ်။ အဲဒီမျိုးဗီဇတွေ ပြောင်းလာရင် ကင်ဆာဆိုတာ ဖြစ်လာလိမ့်မယ်။