ရနံ့တွေမှာ မမြင်ရတဲ့ စွမ်းအင်တွေရှိနေပါတယ်။ အဆင်း၊အသံ၊အနံ့၊အရသာ၊ အထိအတွေ့ အာရုံငါးပါးမှာ အနံ့ကလည်း တပါးအပါအဝင်ဖြစ်တယ်။ ရနံ့တွေက လူ့ စိတ်ကို လန်းဆန်းစေတယ် ကြည်လင်တက်ကြွစေတယ်။ နိုးကြားစေတယ်။မိမိကိုယ်ကို ယုံကြည်ချက်ရှိစေတယ်။ ဒါ့ကြောင့် ရနံ့ကောင်းတဲ့ ရေမွှေးကို သုံးစွဲလာကြတာ ဖြစ်ပါတယ်။
ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Saturday, October 28, 2017
Wednesday, October 11, 2017
Burn 60 ဗိုက်အဆီအတွက် အကောင်းဆုံးဆေး
Burn 60 ဆိုတာ အဆီပိုတွေလောင်ကျွမ်းစေတဲ့ ဆေးတမျိုးဖြစ်တယ်။ လေ့ကျင့်ခန်း လုပ်ခါနီး ဒီဆေးသောက်ရင် အာနိသင်ပိုကောင်းတယ်။ ယေဘုယျအားဖြင့် ကယိလိုရီရဲ့ ၆၀ ရာခိုင်နှုန်း လောင်ကျွမ်းစေလို့ burn 60 လို့ နာမည်ပေးထားတာဖြစ်ပါတယ်။Burn 60ကို အမေရိကန် GNC ဆေးကုမ္ပဏီက ထုတ်တယ်။ GNC ဆိုတာ General Nutrition Corporation ရဲ့ အတိုကောက်ဖြစ်တယ်။ သူက ဖြည့်စွက်အားဆေးတွေ သီးသန့်ထုတ်တဲ့ ကုမ္ပဏီဖြစ်တယ်။ Burn 60 က သစ်ဂျပိုးခေါက်အရသာနဲ့ထုတ်ထားတာဖြစ်တယ်။
Subscribe to:
Posts (Atom)