ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Monday, September 29, 2014
ချောင်းဆိုးခြင်းအတွက် အိမ်သုံးနည်းများ
အရင်တပတ်က ချောင်းဆိုးခြင်းအတွက် အသုံးပြုနိုင်တဲ့ အင်္ဂလိပ်ချောင်းဆိုးပျောက်ဆေးတွေ ကို ဖော်ပြခဲ့ပါတယ်။ ဒီတပတ်မှာ အိမ်မှာရှိတဲ့ ပစ္စည်းတွေ နဲ့ ချောင်းဆိုးပျောက်ဆေးတွေ ဘယ်လိုလုပ်မလဲ ဆိုတာကို ဆက်လက်ဖော်ပြပေးပါမယ်။ အိမ်သုံး ချောင်းဆိုးပျောက်ဆေး ပြုလုပ်တဲ့အခါ နည်းအမျိုးမျိုး ရှိသလို အချိုးအဆအားဖြင့် ဆေးနည်းတခုနဲ့တခု အနည်းငယ်စီ ကွဲပြားလေ့ရှိတယ်။ ဒါပေမယ့် ချောင်းဆိုးပျောက်ဆေးတိုင်းမှာ အဓိကအသုံးပြုတာက ပျားရည်ဖြစ်ပါတယ်။ ပျားရည်မှာ အရောင်ကျတဲ့အာနိသင်ရှိသလို ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကို နှိမ်နင်းတဲ့ အာနိသင်လည်း ရှိတယ်။ လည်ချောင်းယားယံတာ၊နာတာကို သက်သာစေတယ်။ ပိုကောင်းတာက ချောင်းစိုရော၊ချောင်းခြောက်မှာပါ သုံးနိုင်တာဖြစ်တယ်။ ညပိုင်း အိပ်မရအောင် ချောင်းဆိုးသူတွေအတွက် ပျားရည်က အစွမ်းထက်တယ်ဆိုတာ တွေ့ရတယ်။
Wednesday, September 24, 2014
အိုင်အိုဒင်း ဓာတ်ရောင်ခြည်ဆေး

Tuesday, September 23, 2014
ချောင်းဆိုးပျောက်ဆေးများ

Tuesday, September 16, 2014
ဆယ်ကျော်သက် အရပ်ရှည်နည်း

အရင်ဆုံးအနေနဲ့ အရပ်ရှည်နိုင်တဲ့ အစားအသောက်တွေကို လေ့လာကြည့်ရအောင်။ အရပ်ရှည်ဖို့ တကယ်လိုအပ်တဲ့အာဟာရဓာတ်က ပရိုတင်းဓာတ် ဖြစ်ပါတယ်။ ပရိုတင်းဆိုတာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ သက်ရှိအုပ်ချပ်တိုင်းက အမိုင်နိုအက်ဆစ်တွေ ဖြစ်ပါတယ်။
Monday, September 15, 2014
မေးခွန်းအတိုအထွာ(၁)
Probiotic ဆေးကိုအမြဲစွဲသောက်သင့်ပါလား။ ဆိုးကျိုးဘာတွေများရှိနိုင်ပါသလဲခင်ဗျား။Bပိုးရောဂါရှိပါတယ်။
အမြဲစွဲမသောက်သင့်ပါဘူး။ လိုအပ်မှ သောက်သင့်တယ်။ ဆိုးကျိုး အနေနဲ့ ကြီးကြီးမားမားမရှိပါ။ အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားပေးရုံသာ ဖြစ်တယ်။ ဘီပိုးရှိသူတွေလည်း သောက်လို့ရပါတယ်။
Thursday, September 11, 2014
တပတ်အတွင်း အရပ်ရှည်နည်း

Sunday, September 7, 2014
ပိုးသတ်ဆေးတွေက ကလေးကိုထိခိုက်စေလား
ဆရာရှင့်
ကျွန်မက အသက် ၃၃နှစ်ရှိပါပီး အိမ်ထောင်သက် ၁၀လကျော်ရှိပါသည်။ သားသမီးရရှိရန်ကြိုးစားနေ၍ အစားအသောက် အနေအထိုင်လည်း ဂရုစိုက်ပါသည်။
သို့ရာတွင် လွန်ခဲ့သော ၂ပတ်ကျော်က ခြေသည်းညှပ်ရင်းအသားကိုညှပ်မိရာမှ အနာရင်း၍ ဆေးခန်းပြရာ ပိုးသတ်ဆေး ၃လုံးဆေးထိုးပီး ပိုးသတ်ဆေးသောက်ဆေး ၂ပတ်ကျော်သောက်ခဲ့ရပါသည်။ ယခုထိလည်း မပျောက်သေးပါ ထိုသို့ဆေးသောက်ခြင်းက ယခုလအတွင်း ကလေးရပါက ကလေးကို side effect သက်ရောက်နိုင်ပါသလား များစွာစိုးရိမ်မိပါသည်။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။
ဇာတ်ကြောတက်ရင်
ဇက်ကြောတွေ တက်နေတာဘာလုပ်ရမှာလဲ။
ဇက်ကြောတက်တာမျိုးက သွေးတက်တာ၊ အာရုံစူးစိုက်မှုများတာ၊စိတ်ဖိစီးမှုများတာတွေ ကနေ ဖြစ်စေနိုင်တယ်။ အစားအသောက် (ကော်ဖီ၊အရက်၊ဝိုင်၊ဘီယာ၊အငန်) စားတာတွေကနေလည်း ဖြစ်နိုင်တယ်။ သွေးပေါင်ချိန်တိုင်းဖို့လွယ်ရင် တိုင်းပါ။ အိပ်ရေးဝဝအိပ်ပါ။ အထက်ကပြောထား တာတွေ ရှောင်ပါ။
Monday, September 1, 2014
ကြက်သွန်ဖြူရဲ့ သိပ္ပံနည်းကျ တွေ့ရှိချက်များ
ကြက်သွန်ဖြူဆိုတာ ကမ္ဘာမှာအသုံးအများဆုံး ဟင်းခတ်အမွှေးအကြိုင်တွေထဲက တခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူ(Garlic)ဟာ ကြက်သွန်နီအမျိုးအစားAlliumထဲမှာ ပါဝင်တယ်။allium မျိုးနွယ်ဝင်ဖြစ်လို့ အနံ့က စူးရှပြီး စပ်ဖျဉ်းဖျဉ်းအရသာရှိပေမယ့် ဟင်းထဲထည့်ချက်ရင် ချိုတဲ့အရသာ ဖြစ်စေတယ်။ ကြက်သွန်ဖြူကို နိုင်ငံတိုင်းနီးပါးမှာ အသုံးပြုကြပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံက ထုတ်လုပ်မှုအများဆုံးဖြစ်ပြီး တကမ္ဘာလုံးတင်သွင်းမှုရဲ့ ၄ပုံ၃ပုံထိ ရှိတယ်။ တကယ်တော့ ကြက်သွန်ဖြူကို အသုံးပြုခဲ့တာ ကြာပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်း၇၀၀၀ကျော်ကတည်းက အာရှအလယ်ပိုင်းဒေသတွေမှာ စတင်သုံးစွဲခဲ့တယ်လို့ ယူဆကြတယ်။ အမှန်တော့ ဒီထက်ကို စောနိုင်ပါသေးတယ်။ ဂီဇာအရပ် ပိရမစ်တွေဆောက်တဲ့ခေတ်က ကြက်သွန်ဖြူ သုံးစွဲနေတဲ့အထောက်အထားတွေ တွေ့ရတယ်။ ရှေးခတ်ဂရိနိုင်ငံ အိုလံပစ်အပြေးပြိုင်ပွဲတွေမှာ သက်လုံကောင်းစေဖို့ ကြက်သွန်ဖြူကို သုံးကြသတဲ့။အနောက်တိုင်းဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ ဟစ်ပိုးခရေးတီးကတော့ စွယ်စုံရကြက်သွန်ဖြူကို ရောဂါတွေ ကာကွယ်ကုသဖို့အတွက် သုံးစွဲခဲ့ဖူးတယ်။
စိတ်ကဏှာမငြိမ်ရောဂါ
ADHD(Attention deficit hyperactivity disorder)ဆိုတာ စိတ်ဂဏှာမငြိမ်ပဲ တကိုယ်လုံး လှုပ်လှုပ်ရှားရှား အပြုအမူမျိုးရှိတဲ့ ကျန်းမာရေးပြဿနာတခု ဖြစ်ပါတယ်။ရောဂါရှိနေသူရဲ့ အပြုအမူလုပ်ဆောင်ချက်တွေဟာ တခြားသူကို စိတ်ဒုက္ခပေးရာကျတယ်။ အများစုဟာ စိတ်မြန်ပြီး စိတ်လိုက်မာန်ပါ လုပ်တာ၊စိတ်အာရုံပျံ့လွင့်တာ၊ အမြဲတမ်းကဏှာမငြိမ်ဖြစ်တာမျိုး တွေ့ရတယ်။ အပြုအမူ၊စိတ်အပြောင်းအလဲမြန်တယ်။ ဒီအချက်ကပဲ လူမှုရေး၊စိတ်ပိုင်းဆိုင်ရာ၊အသိပညာတိုးတက်မှုကို ထိခိုက်စေတယ်။ လေ့လာမှုတွေအရ ယူကေမှာ ကျောင်းနေစအရွယ် ကလေးငယ် (၁၀၀)မှာ ငါးယောက် ဖြစ်တာ တွေ့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ၅ရာခိုင်နှုန်း ဖြစ်တယ်။ သေချာတွက်ကြည့်ရင် လူအယောက်(၂၀)ရှိတိုင်း တယောက်ဟာ ADHDရှိတဲ့သဘောဆောင်တယ်။ ယောကျာင်္းလေးတွေမှာ ၃ဆလောက်ပို ဖြစ်တယ်။အများစုဟာ အသက်(၅)နှစ်ကျော်မှ ရောဂါအမည်တပ်နိုင်ကြတယ်။
Subscribe to:
Posts (Atom)