သိုင်းရွိုက်ဆိုတာ အသက်၂၀-၅၀အတွင်း သက်လတ်အရွယ် အမျိုးသမီးတွေမှာ အဖြစ်များတယ်။သိုင်းရွိုက် ဟော်မုန်းများတာကို thyrotoxicosis လို့ခေါ်တယ်။ ရောဂါဆိုတာထက် လက္ခဏာလို့ပြောရင် ပိုမှန်တယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေက autoimmune ရောဂါအခံရှိလို့၊အစားအသောက်၊ဆေးဝါး၊ ဗိုင်းရပ်စ်ပိုး တခုခုကြောင့် ဖြစ်နိုင်တယ်။ ၇၀ရာနှုန်းက grave's diseaseခေါ်တဲ့ ခုခံအားချင်း ပြန်တိုက်လို့ thyrotoxicosis လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ ဆေးသောက်တာ၊အိုင်အိုဒင်းဓာတ်ရောင်ခြည်ပေးတာ၊ခွဲစိတ်တာ စသည်ဖြင့် အမျိုးမျိုးလုပ်နိုင်တယ်။ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးမှ ပြသပြီး ဖြစ်တာကြောင့် သိပ်မစိုးရိမ်ပါနဲ့။ ရောဂါကုသဖို့ လိုအပ်တာကို သူတို့က ဆက်လုပ်ပေးပါလိမ့်မယ်။ အစားအစာဆောင်ရန်၊ရှောင်ရန်တွေကိုတော့ အောက်မှာ ဖော်ပြပေးပါမယ်။
ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Monday, September 23, 2013
သိုင်းရွိုက်ဟော်မုန်းများတဲ့အခါ ဘယ်လိုဓာတ်စာ စားမလဲ
thyroid ကြောင့် ဟော်မုန်းများတဲ့ရောဂါကိုဘယ်လိုကုသရမလဲဆရာ။ နောက်ပြီး ဘယ်လိုဓာတ်စာတွေစားရမလဲသိချင်လို့ပါ။အခုလောလောဆယ် YGN ဆေးရုံကြီးကပေးထားတဲ့ဆေးတွေသောက်နေပါတယ်။
Wednesday, August 21, 2013
ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကျက်မြန်အောင်
၁။ထိခိုက်ဒဏ်ရာရရင် အနာကို ရေနွေးနဲ့ သန့်စင်အောင် ၁၀မိနစ် အရင်ဆေးကြောပါ။ ပြီးရင် drip lineချိတ်တဲ့ စလိုင်းပုလင်းကို ဖောက်ပြီး အနာကို ထပ်မံဆေးကြောပါ။
၂။သိပ္ပံနည်းကျစမ်းသပ်ချက်တွေအရ သွေးထွက်တဲ့နေရာကို compressလုပ်ပြီး ဖိရင် 50mmHgဖိအားလောက်သာ သုံးရပါတယ်။ သွေးလွတ်ကြောရောဂါအခံရှိလျင် 25mmHgဖိအားလောက်သာ သုံပေး သင့်ပါတယ်။
၃။အမှိုက်သရိုက်များ၊ ပျက်ဆီးနေသော ဆဲလ်များအား ဖြတ်ထုတ်၊ဖယ်ရှားပါ။ ယေဘုယျအားဖြင့် ပျက်ဆီး၊ယိုယွင်းသော အနာများသည် နာကျင်ခြင်းမရှိသလို ဖြတ်တောက်သည့်အခါ သွေးမထွက်နိုင်ပါ။ အရေးကြီးဆုံးအချက်မှာ အနာကိုဆေးမလိမ်းမှီ၊ပတ်တီးမစီးမှီ သေချာသန့်စင်အောင် ဆေးကြောဖို့လိုအပ်ပါတယ်။
Saturday, August 17, 2013
အူလှုပ်ရှားမှုမမှန်တာ ပျောက်နိုင်ပါ့မလား
ဆရာခင်ဗျား
ကျွန်တော်က အူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါ ဖြစ်နေတာပါ။ အူလမ်းကြောင်းနဲ့ အစာအိမ်ကိုလဲ မှန်ဘီလူးကြည့်ဖူးပါတယ်။ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်တဲ့ရောဂါ ဟုပြောပါသည်။ မနက်တိုင်း ဝမ်း၃ ၄ ခါ သွားပါသည်။ တစ်ခါတစ်လေ ပိုအကြိမ်ရေများပါသည်။ ဝမ်းမှာလည်း တစ်အားပျော့လွန်းပါသည်။ အခုနောက်ပိုင်း အစာမရှိလျှင် ဗိုက်ထဲတွင် လေတွေများလာပြီး သိသိသာသာကို ဖောင်းလာပါသည်။ အစာမှာလည်း တစ်ခါစားလျှင် အရင်လို အများကြီးမစားနိုင်ဘဲ နဲနဲဘဲ စားနိုင်ပါတော့သည်။ ခန ခနလဲ ဆာပါသည်။ ဆရာခင်ဗျား ပျောက်နိုင်မပျောက်နိုင် သိလိုပါသည်။ အဆိုးဆုံးမှာ ဝမ်းသွားခြင်း ဖြစ်ပါသည်။
လေးစားစွာဖြင့်
Thursday, August 15, 2013
ဝချင်လှချင် ဝိတ်တက်လိုလျှင်
ငယ်စဉ်ကတည်းက "ဝလို့ လှလို့ပါလား"၊"ဝမှလှတာ" ဆိုတာတွေ ကြားဖူးခဲ့ကြပါတယ်။ လူ့အလိုနတ်မလိုက်နိုင်ဆိုသလိုပဲ ပိန်တဲ့ သူက ဝချင်ကြတယ်။ဝနေတဲ့သူကလည်း ပိန်ချင်ပြန်တယ်။ ပိန်သွားတဲ့အခါ စိတ်တိုင်းမကျသေးဘဲ ပြန်ဝချင်လာပြန်ရော။ ကျန်းမာရေးအရ လူတယောက်ဟာ ဝလွန်းရင် မကောင်းသလို ပိန်လွန်းရင်လည်း မကောင်းပြန်ဘူး။ အဝလွန်ရင် သွေးတိုး၊ဆီးချိုစတာတွေ အဖြစ်များသလို ပိန်လွန်းပြန်ရင်လည်း ရောဂါပိုးဝင်ရောက်ဖို့ လွယ်ကူပြန်တယ်။ပိန်သေးသေးကလေးငယ်တွေဟာ သာမန်ကလေးတွေထက် ရောဂါပိုမိုထူပြောတာတွေ့ရပါတယ်။ ဒီဆောင်းပါးဟာ ပိန်နေတဲ့အခါ ဝလာအောင်၊ဝိတ်တက်လာအောင် ဘယ်လိုနေထိုင်စားသောက်မလဲဆိုတာ လမ်းညွှန်ပေးပါလိမ့်မယ်။Wednesday, August 14, 2013
မျက်စိပါဝါ ဖြေကြားပေးပါ
ဆရာ ကျန်တော်မျက်စိက ပါဝါ ၁၅၀ရှိပါတယ်။ ဘယ်ဖက်က ၁၂၅ပါ။မနေ့က မျက်စိသွားစမ်းတော့ ပါဝါနဲနဲတက်တယ်ပြောပါတယ်။ အစိတ်တက်သွားပြီတဲ့။အဲဒါမျက်မှန်ထပ်လုပ်ရမယ်ဆိုလို့လုပ်ခဲ့ပါတယ်။ သိချင်တာက မျက်စိပါဝါက ဒီလိုဘဲအမြဲတက်နေမှာလား။မတက်အောင်ဘာလုပ်ရမလဲ။ဆောင်ရန်၊ရှောင်ရန်သာမက ဘယ်လိုမျက်စိအားဆေးမျိုးသောက်ရမလဲ။ကျွန်တော်အသက်က အခုမှ ၁၉နှစ်ပဲ ရှိပါတယ်။ GTCတက်နေတာပါ။ကွန်ပျူတာတော့ နှိပ်ဖြစ်ပါတယ်။ မျက်စိပါဝါကျအောင် ဘာလုပ်သင့်လဲ ဖြေကြားပေးပါခင်ဗျာ။
(မျက်စိအဖြေစာရွက်ကိုပါ ပူးတွဲပေးပို့လိုက်ပါတယ်။)
လေးစားစွာဖြင့်
_
Thursday, August 8, 2013
အင်ကြင်းဖြူ၊ ဓူဝံနှင့် Hi Techဓာတ်ခွဲခန်း
အင်ကြင်းဖြူ ဓာတ်ခွဲခန်း
အမှတ်(၅၁)၊ လမ်း ၃၀၊ ၇၇နှင့် ၇၈လမ်းကြား၊ မန္တလေးမြို့။
ဖုန်း ၀၂-၂၃၇၁၄၊ ၆၀၆၁၃
ဓူဝံ ဓာတ်ခွဲခန်း
အမှတ်(၁၀၂)၊၂၈လမ်း၊ ၇၅နှင့် ၇၆လမ်းကြား၊မန္တလေးမြို့။
ဖုန်း ၀၂-၆၅၃၇၀၊ ၀၉-၂၀၁၉၄၈၉
လင်းရောင်ခြည် ဓာတ်ခွဲခန်း
Center(1)
၆၂လမ်း၊ခတ္တာလမ်းနှင့် စွယ်တော်လမ်းကြား၊သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်၊မြို့သစ်(၁)၊မန္တလေးမြို့။
ဖုန်း ၀၉-၂၀၀၇၂၅၄၊ ၀၉-၇၃၂၄၆၉၉၀
Center(2)
မြနန္ဒာလမ်းပေါ်၊ ဘုရင့်နောင်လမ်းနှင့် ယင်းမာလမ်းကြား၊ mobile နဂါးနှင့်ကပ်လျက်၊အမှတ်(၂)၊မြို့သစ်၊မတ္တရာမြို့။
ဖုန်း ၀၉-၄၀၂၆၅၀၈၄၀
Right Labဓာတ်ခွဲခန်း
Centre(1)
အမှတ်(၁)၊ ၇၇လမ်း၊ ၂၉နှင့် ၃၀လမ်းကြား၊မန္တလေး ပြည်သူ့ဆေးရုံကြီးအနီး၊သွေးလှူဘဏ်ရှေ့၊မန္တလေးမြို့။
ဖုန်း ၀၂-၃၁၂၄၉
Centre(2)
အေးချမ်းသာအထူးကု ဆေးခန်း
အမှတ်(၁၄၁)၊လမ်း၈၀၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊မန္တလေးမြို့။
ဖုန်း ၀၂-၃၁၅၉၃
ချမ်းငြိမ်းအောင် ဓာတ်ခွဲခန်း
Centre(1)
အမှတ်(၇၁/က)၊၂၉လမ်း၊ ၇၃နှင့် ၇၄လမ်းကြား၊ မန္တလေးမြို့။
ဖုန်း- ၀၂ ၃၉၇၇၅၊ ၆၁၅၉၇၊ ၆၆၀၉၇
Centre(2)
အမှတ်(၁၅၅)၊ ၈၃လမ်း၊ ၂၄နှင့် ၂၅လမ်းကြား၊ မန္တလေးမြို့။
ဖုန်း- ၀၂ ၃၉၇၇၁၊ ၇၂၈၈၁
ဆေးရုံဓာတ်ခွဲခန်းများ လိပ်စာသိလိုပါသလား
နန်းတော်ဆေးရုံ ဓာတ်ခွဲခန်း
ငြိမ်းဆေးရုံ ဓာတ်ခွဲခန်း
၇၁လမ်း၊ ၂၈နှင့် ၂၉လမ်းကြား၊ မန္တလေးမြို့။
ဖုန်း ၀၂-၆၀၄၄၃၊ ၆၀၄၄၅၊ ၆၀၄၄၆၊ ၆၀၄၄၇၊ ၆၀၄၄၈၊ ၆၀၄၄၉
အမှတ်(၃၃၃)၊ ၈၂လမ်း၊ ၂၉နှင့် ၃၀လမ်းကြား၊ မန္တလေးမြို့။
ဖုန်း ၀၂-၃၂၀၅၀၊ ၃၄၇၉၅၊ ၆၅၄၆၀
Cityဆေးရုံ ဓာတ်ခွဲခန်း
သိပ္ပံလမ်း၊ ၆၅နှင့် ၆၆ကြား၊ မန္တလေးမြို့။
ဖုန်း ၀၂-၆၆၈၅၁၊ ၆၆၈၅၂၊ ၆၂၃၀၇
Subscribe to:
Posts (Atom)
