Saturday, February 6, 2016

မွေးကျွတ်နာ ပေါက်ခြင်း

မွေးကျွတ်နာကို တချို့က အနာစိမ်းလို့ ဘာသာပြန်ကြတယ်။အင်္ဂလိပ်လို boil  ဆေးအခေါ်အရ furuncleလို့လည်း ခေါ်ပါတယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူ၊ ခုခံအားကျဆင်းသူတွေမှာ အဓိကဖြစ်ကြတယ်။  မွေးကျွတ်နာဟာ Staphylococcus aureus ဘက်တီးရီးယားပိုးကြောင့် အဓိကဖြစ်စေပါတယ်။ လူတယောက်ရဲ့ အရေပြားမှာ ပုံမှန်အားဖြင့်ကို ဒီလိုပိုးမွှားတွေရှိတတ်တယ်။ အထူးသဖြင့် နှာခေါင်းမှာ ရှိတဲ့မြောင်းတွေမှာ ခိုအောင်းနေတတ်တယ်။သာမန် အခြစ်ရာ၊အစင်းရာလေးတစ်ခုကတဆင့် ပိုးမွှားတွေဝင်လာနိုင်တယ်။ ဝင်လာတဲ့ပိုးမွှားတွေဟာ မွေးညင်းပေါက်၊အဆီအိတ်စတဲ့နေရာတွေမှာ ပိတ်မိနေတတ်တယ်။ ဝင်လာတဲ့ပိုးကို ခန္ဓာကိုယ်ရဲ့ခုခံအားက တိုက်ခိုက်တဲ့အခါ ရောင်ရမ်းပြီးရဲလာတယ်။ ခုခံအားစနစ်မှာ ဘက်တီးရီးယားကို အဓိကတိုက်ဖျက်တာက သွေးဖြူဥပါ။ ပိုးဝင်တဲ့နေရာမှာ

Sunday, January 24, 2016

မျက်နှာအသားအရေပျက်ဆီးနေလား

ဒီရက်ပိုင်း လိုင်းမတက်ဖြစ်တာအတော်ကြာပြီ။ ရေးလက်စ ဝတ္တုကို အဆုံးသတ်နေတာမို့ အွန်လိုင်းလုံးဝမသုံးဖို့ ကိုယိ့ဘာသာ ဆုံးဖြတ်ခဲ့တယ်။ ကျန်းမာရေးဆောင်းပါး လုံးဝမရေး၊ ဂျာနယ်နဲ့ သတင်းစာတိုက်ကို ကြိုတောင်းပန်ထားရတယ်။ မနေ့က ဝတ္တုအချောသတ်ရေးပြီးသွားလို့ အွန်လိုင်းပြန်တတ်လာတော့ မက်ဆေ့ခ်ျမှာ မေးထားတာတွေ စုပြုံနေတယ်။ စိုးရိမ်တကြီး ပို့တဲ့စာတွေလည်းပါသလို ကျနိးမာရေးမေးခွန်းတွေလည်း ပါတယ်။ 

ကျန်းမာရေးမေးခွန်းထဲမှာ လူအမေးများဆုံးက ထိုင်းနိုင်ငံက အလှကုန်ပစ္စည်းတခုကို ဝယ်သုံးပြီး ဖြစ်တဲ့ကိစ္စနဲ့ပက်သတ်တဲ့မေးခွန်းပါ။ အမှန်ပြောရရင် ဖေ့စ်ဘွတ်နဲ့ကင်းကွာတာ သုံးပတ်နီးပါးရှိတာမို့ အဲဒီအကြောင်းတွေ ဘာဆိုဘာမှမသိပါ။ မေးသူများလို့ ပြန်ရှာဖတ်ရတယ်။အဲဒီထဲမှာ တယောက်မေးထားတာလည်း ဝမ်းနည်းစရာ။ ဓာတ်ပုံလေး နှစ်ပုံပို့ပြီး မျက်နှာတခုလုံး ဝက်ခြံတွေနဲ့ အရင်ကလို မျက်နှာမျိုး ပြန်ဖြစ်အာင် ဘာဆက်လုပ်ရမှာလဲတဲ့။ အခု

Sunday, January 3, 2016

အောင်မြင်ခြင်း လမ်းမများဆီသို့

နှစ်သစ်မှာအောင်မြင်ခြင်းနဲ့ အစပြုနိုင်ဖို့ အောင်မြင်ရေးဆောင်းပါးတပုဒ်ရေးပါရစေ။ အောင်မြင်ခြင်း ဆိုတာ လူတိုင်းလိုချင်တပ်မက်ကြတယ်။ လူတိုင်းရဲ့ မသိစိတ်မှာ အောင်မြင်ကျော်ကြားချင်စိတ် ရှိကြတယ်လို့ စိတ်ပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ အောင်စိတ်ဆိုတာ ပုံမှန်စိတ်ဖြစ်ပါတယ်။ ရှက်စရာ၊ဖုံးကွယ်စရာ မလိုပါ။ အောင်မြင်တာတော့ ဟုတ်ပါပြီ။ အောင်မြင်တယ်ဆိုတာ ဘာလဲ။ ဘယ်ဟာကို အောင်မြင်ခြင်းလို့ ခေါ်သလဲ။အောင်မြင်ခြင်းနဲ့ ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ တယောက်နဲ့တယောက် မတူညီကြပါ။

Wednesday, December 23, 2015

ဟော့ဖြစ်နေတဲ့ ဆန်ဆေးရေအကြောင်း

ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရှိလို့ ရေးဖို့ဖြစ်လာတယ်။ ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။ အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ
စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။

Saturday, December 19, 2015

သွေးတွင်းအဆီဓာတ် များခြင်း

မြန်မာနိုင်ငံမှာ အဆီစားသုံးမှု မြင့်တက်လာတာနဲ့အမျှ အဆီဓာတ်တမျိုးဖြစ်တဲ့ ကိုလက်စတော အကြောင်းသိဖို့ လိုလာပါတယ်။ ကိုလက်စတောဆိုတာ လူတိုင်းနီးပါး ကြားဖူးကြမယ်။ ကိုလက်စတော များရင် မကောင်းတာလည်း  သိကြတယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေ နေ့စဉ်စားတဲ့အစားအသောက်လေ့လာကြည့်ရင် အဆီနဲ့ကင်းတာ မရှိပါ။ သူများနိုင်ငံတွေမှာ စားတာထက် သုံးဆလောက်ပိုများလိမ့်တယ်။ ပိုဆိုးတာက သုံးတဲ့ဆီတွေ ဖြစိပါတယ်။ ဆိုင်တွေမှာ အများဆုံးသုံးတာက စားအုန်းဆီတွေ ဖြစ်ပါတယ်။ အဲလိုဆီတွေက လူကို အကြီးအကျယိဒုက္ခပေးတယ်။ ဒါတင်မက ပြန်ကြော်ဆီတွေက ကျန်းမာရေးအတွက် မီးလောင်ရာလေပင့် ပိုဆိုးလာစေတယ်။ 

Tuesday, December 15, 2015

ဓမ္မတာပေါ်စဉ် ဘာတွေရှောင်သင့်လဲ

အမျိုးသမီးတိုင်း လစဉ်ရာသီသွေးပေါ်လေ့ရှိပါတယ်။ ရာသီသွေးပေါ်ခြင်းဟာ  သားအိမ်နံရံအတွင်းမှာရှိတဲ့အလွှာပါး ကွာကျလာခြင်းကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဟော်မုန်းတန်ခိုးပါပဲ။ရာသီသွေးဆင်းဖို့ သားအိမ်က ညှစ်ပေးရတယ်။ အဲလိုဖြစ်ဖို့ မဟော်မုန်းတွေက လုပ်ဆောင်ပေးရတယ်။အပျိုဖော်ဝင်ပြီး အမျိုးသမီးတွေရဲ့ ရာသီနဲ့ပက်သတ်တဲ့ရောဂါတွေ ခံစားရလေ့ရှိတယ်။ ရာသီမလာခင် ခံစားရတဲ့လက္ခဏာတွေကို premenstrual syndromes(PMS) လို့ခေါ်ပါတယ်။ အမျိုးသမီး ၄၀% မှာ ဒီလက္ခဏာတွေ တွေ့ရတယ်။တခါဖြစ်ရင် ၄-၅ရက် ခန့်ကြာတယ်။ လက္ခဏာတွေက-

Sunday, December 13, 2015

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ပေါ်လာပြီ

သွေးလွန်တုပ်ကွေး ဟာ ကမ္ဘာမှာ အဖြစ်များတဲ့ရောဂါတခုဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်ပြီး  ခြင်ကတဆင့်ကူးစက်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လက်ရှိချိန်ထိ သေနှုန်းမြင့်မားနေဆဲဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးကို စမ်းသပ်ခဲ့တဲ့ အချိန်ကာလအတော်ကြာခဲ့ပါပြီ။ သိပ်မကြာခင်(၂၀၁၅ ဒီဇင်ဘာ)လထဲမှာ Sanofi Pasteurက  သွေးလွန်တုပ်ကွေးကာကွယ်ဆေးကို Dengvaxia (CYD-TDV) နာမည်နဲ့ မက္ကဆီကိုမှာ စတင်မှတ်ပုံတင်ခဲ့ပါတယ်။ ပြင်သစ်ဆေးကုမ္ပဏီကထုတ်တဲ့ အဆိုပါဆေးဟာ live recombinant tetravalent dengue vaccine အမျိုးအစားဖြစ်ပြီး ဗိုင်းရပ်အမျိုးအစား(၄)မျိုးကို ကာကွယ်ပေးမှာ

Monday, December 7, 2015

ဓမ္မတာပေါ်စဉ် ဗိုက်နာရင်

အမျိုးသမီးတိုင်း လစဉ်ရာသီသွေးပေါ်လေ့ရှိပါတယ်။ ရာသီသွေးပေါ်ခြင်းဟာ  သားအိမ်နံရံအတွင်းမှာရှိတဲ့အလွှာပါး ကွာကျလာခြင်းကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဟော်မုန်းတန်ခိုးပါပဲ။ရာသီသွေးဆင်းဖို့ သားအိမ်က ညှစ်ပေးရတယ်။ အဲလိုဖြစ်ဖို့ မဟော်မုန်းတွေက လုပ်ဆောင်ပေးရတယ်။အပျိုဖော်ဝင်ပြီး အမျိုးသမီးတွေရဲ့ ရာသီနဲ့ပက်သတ်တဲ့ရောဂါတွေ ခံစားရလေ့ရှိတယ်။ ရာသီမလာခင် ခံစားရတဲ့လက္ခဏာတွေကို premenstrual syndromes(PMS) လို့ခေါ်ပါတယ်။ အမျိုးသမီး ၄၀% မှာ ဒီလက္ခဏာတွေ တွေ့ရတယ်။တခါဖြစ်ရင် ၄-၅ရက် ခန့်ကြာတယ်။ လက္ခဏာတွေက-

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ကင်ဆာရောဂါတခုဖြစ်ပါတယ်။ စာရင်းဇယားတွေအရ ကမ္ဘာပေါ်မှာ လေးခုမြောက် အဖြစ်များဆုံး ကင်ဆာဖြစ်ပြီး အသေအပျောက်များဆုံးစာရင်းမှာလည်း နံပါတ်လေးနေရာက ရှိပါတယ်။ ၂၀၁၂ခုနှစ်က သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူ ၅၀၀၀၀၀ ကျော်အနက် သေဆုံးသူက ၂၆၀၀၀၀ နီးပါးရှိခဲ့တယ်။ ဒါဟာ ကင်ဆာကြောင့် သေဆုံးသူစုစုပေါင်းရဲ့ (၈) ရာခိုင်နှုန်းနီးပါးထိ ရှိတယ်။ 

တလအတွင်း ဗိုက်ခေါက်ပြုတ်အောင်

အလွယ်ဆုံးအိမ်သုံးနည်းကို ပြောပါမယ်။ အရင်ဆုံးရှောက်သီးတလုံးကိုယူပြီး ခလယ်က ထက်ခြမ်းခြမ်းပါ။ ရေနွေးပွက်ပွက်ဆူထဲထည့်ပြီး မိနစ်(၂၀ ) ခန့် နှပ်ထားပါ။ပြီးရင် ကြက်သွန်ဖြူ(၃)စိတ်ကို အစိမ်းလိုက် ဝါးစားပါ။ နှပ်ထားတဲ့ ရှောက်သီးခြမ်းရေနွေးဆက်သောက်ပါ။ အထက်ပါနည်းအတိုင်း မနက်စာမစားခင် နေ့စဉ် သောက်ပေးရုံနဲ့ ထူးခြားမှုကို နှစ်ပတ်အတွင်း တွေ့ရမယ်လို့ဆိုတယ်။