မွေးကျွတ်နာကို အင်္ဂလိပ်လို boil လို့ခေါ်ပါတယ်။ ဆေးအခေါ်အရ furuncleလို့လည်း ခေါ်နိုင်သေးတယ်။မြန်မာလို အနာစိမ်းလို့ တချို့က ဘာသာပြန်ကြတယ်။ Staphylococcus aureusလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် အဓိကဖြစ်စေပါတယ်။ ကူးစက်မြန်တယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူတွေမှာ အဓိကဖြစ်တယ်။ လတ်တလော ခုခံအားကျဆင်းမယ်လို့ ယေဘုယျသိရှိနိုင်တယ်။ folliculitisမွေးညှင်းပေါက် ပိုးဝင်တာလည်း တမျိုးရှိသေးတယ်။ ပိုးဝင်တဲ့နေရာမှာ ပြည်ဖုသေးသေးလေးတွေ တစ်လုံးစ၊နှစ်လုံးစ တွေ့ရှိနိုင်တယ်။ မျက်နှာ၊လည်ပင်း၊ပေါင်၊ကျော၊တင်ပါး စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ပွတ်တိုက်မှုများတာ၊ ချွေးထွက်များတာ၊ ရေနဲ့ ထိတွေ့မှုများတာတွေနဲ့ သက်ဆိုင်တတ်တယ်။ မွေးကျွတ်နာဆိုတာ deep folliculitis မျိုးဖြစ်လို့ မွေးညင်းနုပိုးဝင်ရုံသာမက အဆီဂလင်းဆိုတာ ပါလာတယ်။ရိုးရိုးfolliculitisထက် နေရာပိုကျယ်ပြန့်လာတဲ့ သဘောရှိတယ်။အာရုံကြောဆိုတာလည်းပါလာလို့ နာကျင်မှုပါ ပိုလာတယ်။ ထိမိကိုင်မိရင် အလွန်နာတယ်။ ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Wednesday, June 26, 2013
မွေးကျွတ်နာ(သို့) အနာစိမ်းတမျိုး
မွေးကျွတ်နာကို အင်္ဂလိပ်လို boil လို့ခေါ်ပါတယ်။ ဆေးအခေါ်အရ furuncleလို့လည်း ခေါ်နိုင်သေးတယ်။မြန်မာလို အနာစိမ်းလို့ တချို့က ဘာသာပြန်ကြတယ်။ Staphylococcus aureusလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် အဓိကဖြစ်စေပါတယ်။ ကူးစက်မြန်တယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူတွေမှာ အဓိကဖြစ်တယ်။ လတ်တလော ခုခံအားကျဆင်းမယ်လို့ ယေဘုယျသိရှိနိုင်တယ်။ folliculitisမွေးညှင်းပေါက် ပိုးဝင်တာလည်း တမျိုးရှိသေးတယ်။ ပိုးဝင်တဲ့နေရာမှာ ပြည်ဖုသေးသေးလေးတွေ တစ်လုံးစ၊နှစ်လုံးစ တွေ့ရှိနိုင်တယ်။ မျက်နှာ၊လည်ပင်း၊ပေါင်၊ကျော၊တင်ပါး စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ပွတ်တိုက်မှုများတာ၊ ချွေးထွက်များတာ၊ ရေနဲ့ ထိတွေ့မှုများတာတွေနဲ့ သက်ဆိုင်တတ်တယ်။ မွေးကျွတ်နာဆိုတာ deep folliculitis မျိုးဖြစ်လို့ မွေးညင်းနုပိုးဝင်ရုံသာမက အဆီဂလင်းဆိုတာ ပါလာတယ်။ရိုးရိုးfolliculitisထက် နေရာပိုကျယ်ပြန့်လာတဲ့ သဘောရှိတယ်။အာရုံကြောဆိုတာလည်းပါလာလို့ နာကျင်မှုပါ ပိုလာတယ်။ ထိမိကိုင်မိရင် အလွန်နာတယ်။ Thursday, June 6, 2013
လိုက်နာရှောင်ကြဉ် ပွေးကင်းစင်
အရင်အပတ်က ဝဲအကြောင်း ဆွေးနွေးခဲ့ပြီဆိုတော့ ဒီအပတ်ပွေးအကြောင်း ဆက်လက်သွားကြတာပေါ့။ ပွေးနဲ့ဝဲ တူညီမှုမရှိကြောင်း ပြောပြခဲ့ပြီးပါပြီ။ပွေးဆိုတာလည်း အဖြစ်အများဆုံး အရေပြားရောဂါတွေအနက် တခုဖြစ်ပါတယ်။
ပွေးဆိုတာ ဘာ့ကြောင့်ဖြစ်လဲ။
ပွေးကို အင်္ဂလိပ်လို ringwormလို့ ခေါ်ပါတယ်။အမှန်စင်စစ် fungusမှိုပိုးတစ်မျိုးကြောင့် ဖြစ်စေပါတယ်။ ဘယ်လိုမှိုအမျိုးအစားတွေလဲဆိုတော့ microsporum,epidermophyton,trichophytonအစရှိတဲ့ မှိုပိုးတွေကြောင့်ပါ။ သေဆုံးနေတဲ့ အရေပြားဆဲလ်တွေပေါ်မှာ ရှင်သန်နေထိုင်တတ်ကြတယ်။ ringwormကိုဆေးပညာအခေါ်အဝေါ်အရ tineaလို့ ခေါ်ပါတယ်။ လက်တင်ဘာသာက ဆင်းသက်လာတယ်။ "ကြီးထွားရှင်သန်နေသော တုပ်ကောင်"လို့ အဓိပ္ပါယ်ရတယ်။ ယခင်က worm ကြောင့်ဖြစ်တယ် ထင်ခဲ့တဲ့အတွက် ringwormဆိုပြီး ယနေ့ထက်တိုင် အမည်တွင်နေတာ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး အမျိုးမျိုးခေါ်ဆိုကြတယ်။
Sunday, June 2, 2013
မိုးရာသီနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်
မိုးရာသီရောက်လာပြီမို့ သွေးလွန်တုပ်ကွေး သတိပေးချက်တွေ ထွက်ပေါ်လာတယ်။ ကလေးမိဘတွေလဲ သွေးလွန်တုပ်ကွေးကို သတိထားလာတာ တွေ့ရပါတယ်။ ကလေးနေမကောင်းရင် သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်သူတွေလဲ မနည်းလှဘူး။ ဘာပဲပြောပြော ဒီလိုသတိထားလာတာ ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ လူနာတွေကလည်း ကျန်းမာရေးသတိရှိလာကြသလို ကလေးတွေကို ဂရုတစိုက် ကုလာကြတယ်။ ဒီဘက်ပိုင်းနှစ်တွေမှာ သွေးလွန်တုပ်ကွေးက ပိုမိုနာမည်ကြီးလာတယ်။လူနာတွေကြားထဲမှာသာမက ဆရာဝန်အသိုင်းအဝိုင်းထဲမှာကို နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ သွေးလွန်တုပ်ကွေးပိုးဟာ ခြင်ကတဆင့် ကူးစက်နိုင်တာကြောင့် ခြင်နှိမ်နှင်းရေး၊ကာကွယ်ရေးတွေကို အလေးထားပြောလာကြတယ်။
Thursday, May 30, 2013
အဖြစ်များလာတဲ့ အသည်းရောင်အသားဝါအေ ရောဂါ
လူနာတစ်ယောက် အသားဝါပြီးလာတယ်၊ မျက်လုံးဝါပြီးလာတယ်ဆိုရင် အသည်းရောင်အသားဝါပိုးတွေ စစ်ဆေးကြတယ်။ တခါတရံ သွေးစစ်တဲ့အခါ ရောဂါတချို့ ထည့်စစ်ဆေးဖို့ မေ့သွားတတ်တယ်။ မှတ်မှတ်ရရ တခါက သွေးစစ်ဖို့ အသည်းရောင်လူနာတစ်ယောက်ကို လွှတ်လိုက်တော့ အသည်းရောင်အေပိုး ထည့်စစ်ဖို့ မေ့သွားခဲ့တယ်။ လူနာအခြေအနေကြောင့်လည်း တပိုင်းတော့ ပါတယ်။ အသည်းရောင်အေ စစ်တာ သောင်းဂဏာန်းလောက် ကုန်ကျတယ်။ လူနာက အရက်သောက်တတ်တော့ အရက်ကြောင့် အသည်းရောင်တယ်ပဲ စိတ်ထဲကထင်ပြီး ဘီပိုး၊ စီပိုးလောက်နဲ့ တခြားလိုအပ်တဲ့ testတွေ လုပ်ခိုင်းလိုက်မိတယ်။ ဗိုက်လည်းနာနေတော့ ultrasound ပါ တခါတည်းစစ်ခိုင်းလိုက်တယ်။ Wednesday, May 22, 2013
ခွေးကိုက်ခံရတဲ့ အခါ......
အခုတလော ခွေးလေခွေးလွင့်တွေ နေရာတကာမှာ တွေ့နေရတယ်။ အခု ဒီဆောင်းပါးကို ရေးနေချိန်မှာတောင် ခွေးဟောင်သံကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတယ်။ ပတ်ဝန်းကျင်မှာ ခွေးတွေကလည်း ပိုများလာသလိုပဲ။ မြို့တော် စည်ပင်သာယာကတော့ ခွေးလေခွေးလွင့် ရှင်းလင်းရေးတွေ အုပ်စုလိုက်လုပ်တယ်လို့ဆိုတယ်။ ထားပါတော့။ ဆိုလိုချင်တာက မိမိပတ်ဝန်းကျင်မှာ ခွေးလေခွေးလွင့်များခြင်းဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မက ကျန်းမာရေး ရှုထောင့်က ကြည့်ရင်လည်း မကောင်းပြန်ဘူး။ ခွေးဆိုတာ အစုံစားသတ္တဝါ။ နောက်ဆုံးကုန်ကုန်ပြောရရင် ရောဂါပိုးမွှား စုံလင်ပါတယ်ဆိုတဲ့ မစင်ကိုတောင် ချမ်းသာမပေးဘူး။ ဒီတော့ သူ့ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ စုံလင်မယ်ဆိုတာ မေးစရာတောင် မလိုဘူး။ တွေးကြည့်တာနဲ့ကို သိနိုင်တယ်။ Monday, May 20, 2013
အအေးမိတုပ်ကွေး ကင်းဝေးအောင်
အခုတလောမန္တလေးမှာ အရမ်းအေးလာတယ်။ အေးတာမှ စိမ့်ပြီးတော့ကိုအေးတာ။ထုံးစံအတိုင်း အေးပြီဆိုတာနဲ့ တရာခံရှာစရာမလိုဘူး။ အအေးလှိုင်းဖြတ်တာဘဲ။ လူတွေကလည်း တစ်ခုခုမဖြစ်လိုက်နဲ့၊ ဖြစ်ပြီဆိုတာနဲ့ တရာခံကအသင့်ရှိပြီးသား ။ မအေးလိုက်နဲ့ အေးပြီဆိုတာနဲ့ အအေးလှိုင်းဖြတ်ပြီဆိုတာကအရင်။အဲ့ဒီလိုအေးပြီဆိုရင် ကျွန်တော်တို့ဆရာဝန်အများစုက သိပ်ကြိုက်တာကလား။ ရာသီဥတုကိုကြိုက်တာ မဟုတ်ဘူး။ ရာသီဥတုအပြောင်းအလဲဆိုရင် ဖြစ်တတ်တဲ့ ရောဂါတွေကိုကြိုက်တာ။ တုပ်ကွေးတို့၊ အီကြာကွေးတို့ပေါ့။ အဲ့ဒီလိုဆို လူနာတွေကလည်း ပေါတာကိုး။Friday, May 17, 2013
အဆီလွှာထဲရောက်အောင် ဆေးဘယ်လိုထိုးမလဲ
ဆရာဝန်တွေဆေးထိုးတဲ့အခါ အကြောဆေး၊အသားဆေးစသည်ဖြင့် နေရာအမျိုးမျိုးမှာ ထိုးတတ်ကြပါတယ်။ အကြောဆေးဆိုရင် intravenous သွေးပြန်ကြောထဲ ရောက်အောင် ဆေးထိုးပေးရတယ်။ အသားဆေးထိုးရင်လည်း intramuscular ကြွက်သားထဲထိရောက်အောင် ထိုးမှ မှန်တယ်။ muscleကြွက်သားထဲ တကယ်ရောက်ရင် အနည်းနဲ့အများ အောင့်တတ်တယ်။ တခါတရံထိုးနည်းမမှန်ရင် ဒါမှမဟုတ် အဆီပြင်သိပ်များသူတွေမှာ အသားဆေးက အဆီပြင်ထဲ ရောက်သွားတတ်တယ်။ တကယ်အသားထဲရောက်ရင် resistance sensation ဆိုတာ သိရှိခံစားရတယ်။ဒီလိုနေရာတွေမှာ ဆေးထိုးနေကျသူတွေ ပိုကျွမ်းမယ်။ တချို့ဆေးတွေကျတော့ subcutaneous အရေပြားအောက်က အဆီပြင်ထဲထိရောက်အောင် ထိုးပေးရတယ်။ အထူးသဖြင့် နာတာရှည်ရောဂါသည်တွေမှာ subcutaneous ထိုးပေးရတယ်။ အဆီပြင်ထဲထိုးတာလဲ လွယ်တယ်မထင်ပါနဲ့။ပညာသားပါတယ်။ အခန့်မသင့်ရင် အရေပြားအောက် ဒါမှမဟုတ် ပိုနက်ပြီးဝင်သွားရင် အသားဆေးဖြစ်သွားနိုင်တယ်။
Monday, May 13, 2013
ဘီပိုးအဖြေတွေကို တချက်ကြည့်ပေးပါ
Result အဖြေတွေကို လေ့လာကြည့်ရင် အောက်ပါအတိုင်း တွေ့ရတယ်။
2012 စက်တင်ဘာ ရဲ့ result
-plt count သွေးဥမွှားက 150 ဖြစ်လို့ lower limitဖြစ်တယ်။ သွေးဥမွှားဆိုတာ သွေးခဲဖို့ လိုအပ်တဲ့ ဓာတ်တမျိုးပါ။
-အက်ထရာဆောင်းမှာ အသည်းကြီးတာမရှိ၊အဆီနည်းနည်းဖုံးတယ်လို့ ရေးထားတယ်။
-အသည်းခြောက်၊မခြောက်စစ်တာ အသည်းမခြောက်ဘူးလို့ တွေ့ရတယ်။
-HAV IgG (+)veဖြစ်လို့ တခါက အသည်းရောင်အေ ဝင်ခဲ့ဖူးတယ်လို့ သိရှိရတယ်။(အခုဝင်တာ မဟုတ်ပါ)
2013 ဇန်နဝါရီ result
-AFPဆိုတဲ့ အသည်း ကင်ဆာဖြစ်နိုင်ချေစစ်တော့ အဖြေကောင်းတယ်။
-အသည်းလုပ်ငန်းစစ်တော့ resultတွေ အကုန်ကောင်းတယ်။
-သွေးနီဥ၊သွေးဖြူဥအဖြေလည်းကောင်းတယ်။
Saturday, May 11, 2013
Sinusitis ထိပ်ကပ်နာ ဆိုတာ
Sinusitis နှာခေါင်းဆိုင်းနပ်စ် အမြှေးရောင်ခြင်းဖြစ်စေတဲ့ ထိပ်ကပ်နာရောဂါအကြောင်း ဖော်ပြပေးသွားပါမယ်။တွေ့ရှိချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းက sinusitis ဖြစ်ခဲ့ဖူးပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်လူဦးရေ သန်း၃၀လောက်ဟာ sinusitis ထိပ်ကပ်နာ ရောဂါဝေဒနာ ခံစားနေရပါတယ်။
Sinusitis ထိပ်ကပ်နာဟာ ဘာ့ကြောင့်ဖြစ်ရသလဲ။
-common cold၊fluစတဲ့ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုး ဝင်တာ၊
-allergyဓာတ်မတဲ့တာ၊
-nasal polyp နှာခေါင်းအသားပိုထွက်တာ၊
-autoimmune ခုခံအား ကိုယ့်ဘာသာ ပြန်တိုက်တာ၊
-deviated septum နှာခေါင်းအကွဲကြောင်း ပုံမှန်မဟုတ်တာ၊
စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
Friday, May 3, 2013
အမျိုးသမီးတွေ မျိုးဥကြွေရက်သိရှိဖို့
အမျိုးသမီးတွေဟာ ကလေးယူချင်တဲ့အခါ မျိုးဥကြွေတဲ့ရက်ကို ကြိုတင်သိရှိနိုင်ပါက ပိုမိုအဆင်ပြေတာတွေ့ရပါတယ်။ကလေးရဖို့ ကြိုတင်ပြင်ဆင်နိုင်သလို အခွင့်အရေးပိုများတယ်။ ဆေးပညာအရ မျိုးဥကြွေမယ့်ရက် ကြိုတင် သိရှိနိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။
ကိုယ်အပူချိန်တိုင်းတာခြင်း၊
မွေးလမ်းကြောင်းမှ တီဗွီဓာတ်မှန်ရိုက်ခြင်း၊
သွေးစစ်ခြင်း၊
ဆီးစစ်ခြင်း၊
သားအိမ်ခေါင်းမှ အရည်ကို စမ်းသပ်ခြင်း၊
သားအိမ်တွင်းနံရံမှ အသားစယူခြင်း၊
စသည်ဖြင့် အမျိုးမျိုးစစ်ဆေးနိုင်ပါတယ်။
Subscribe to:
Posts (Atom)



