ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Thursday, January 30, 2014
ခြေထောက်လှုပ်တဲ့ဝေဒနာ အဖြေရှာ
လူတိုင်းဟာ ညဖက်မှာ အိပ်စက်အနားယူကြပါတယ်။ သို့သော် လူတချို့ဟာ ညပိုင်းမှာ ကောင်းကောင်းအိပ်စက် အနားမယူနိုင်ကြဘူး။ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ sleep disorderခေါ်တဲ့ ကျန်းမာရေးပြဿနာတခုခုရှိလို့ပါပဲ။ ဒီထဲမှာ sleep disorderလို့ အမည်တပ်ရမယ့် ရောဂါဝေဒနာတခုက restless legs syndrome ဖြစ်ပါတယ်။ Restless legs syndromeဆိုတာ ဦးနှောက် အာရုံကြောဆိုင်ရာ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာရပ်တွေကို ဆိုလိုပါတယ်။ဒီရောဂါလက္ခဏာရှိသူအများစုဟာ ကောင်းကောင်း အိပ်စက်နိုင်စွမ်းမရှိတာကို တွေ့ရတယ်။ ညဖက်အိပ်စက်ဖို့စတင်ကြိုးစားတာနဲ့ ခြေထောက်မှာ ပုံမမှန်တဲ့ ခံစားမှုမျိုး စတင်ခံစားရတယ်။ ငြိမ်နေတာနဲ့ အမျှ ဝေဒနာက ပိုဆိုးလာတယ်။ နောက်ဆုံး ခြေထောက်ကို အငြိမ်မထားဘဲ လှုပ်ရှားကြည့်တဲ့အခါမှ သက်သာသွားတယ်။ လှုပ်ရှားတာရပ်ပြီး ပြန်အိပ်ဖို့ကြိုးစားတဲ့အခါ ဝေဒနာကပြန်ပေါ်လာတယ်။ ခြေထောက်ကို အငြိမ်မပေးဘဲ အဆက်မပြတ် လှုပ်ရှားနေရတာကြောင့် restless legs syndrome လို့ ခေါ်ပါတယ်။ ကဗျာဆန်ဆန် "ငြိမ်ငြိမ်မနား ခြေထောက်များ၊နားနားမနေ ခြေထောက်တွေ"လို့ ကင်ပွန်းတပ်ရမလားပဲ။ restless legs syndrome(RLS)ကို primary နဲ့ secondaryဆိုပြီး နှစ်မျိုးခွဲခြားထားတယ်။
Monday, January 27, 2014
မတ်တပ်ရပ်လို့ခြေထောက်နာ သက်သာစေလား
ခြေထောက်နာသတ်သာအောင်ဘယ်လို
လုပ်ရမလဲ ဆရာ
ကျွန်တော်တို့လူသားတွေဟာ ဖြစ်ပျက် နိယာမကို မရှောင်လွဲနိုင်ကြဘူး။ မတ်တပ်ရပ်တဲ့အခါ gravity သဘောအရ သွေးပြန်ကြောစီးဆင်းမှုဟာ အထက်ကို မရောက်ကြဘူး။ ကြာလာတော့ သွေးအိုင်ပြီး ထုံလာ၊ကျင်လာတယ်။ နောက်ပိုင်း နာတာ၊အောင့်တာမျိုး ဖြစ်လာတယ်။ ထိုင်တာဖြစ်ဖြစ်၊မတ်တပ်ရပ် ကြာတာပဲဖြစ်ဖြစ် ကျန်းမာရေးအရ မကောင်းလှဘူး။ ဥပမာ လိပ်ခေါင်းရောဂါ၊သွေးပျစ်ရောဂါ ဖြစ်နိုင်တယ်။ ခြေထောက်ရောင်ရင်ကုသပေးရမယ်။
နှလုံးရောဂါနဲ့ ဟောက်ခြင်း
My brother have got papitation for over years and done ECG,show that incomplete right bundle block.Is this condition serious?He also have sleep apnoea and have loud snoring.What is the cause and is this related to RBBB?Thanks u sir
သက်စောင့်ဓာတ်များကို လေ့လာခြင်း(၂)

Vitamin B1(ဗီတာမင် ဘီဝမ်း)
ပထမဆုံးတွေ့ရှိခဲ့တဲ့ ဗီတာမင်ဘီဖြစ်လို့ vitamin B1လို့ ခေါ်ပါတယ်။ ၁၉၁၂ခုနှစ်မှာ Casimir Funkဆိုသူက စတင်တွေ့ရှိခဲ့တယ်။ ဗီတာမင် ဘီဝမ်းကို thiamine(သိုင်ရာမင်း)လို့လည်း ခေါ်ကြတယ်။ ကနဦးက အာရုံကြောရောင်ရမ်းခြင်းကို သက်သာစေလို့ "aneurin" လို့ခေါ်ခဲ့တယ်။vitamin B1ရဲ့အသုံးဝင်ပုံက များတယ်။ သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။ နာဖ့်ဆဲလ်တွေမှာရှိတဲ့ acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်။ အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေဖို့ ကူညီပေးတယ်။ မျိုးဗီဇဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။
Monday, January 20, 2014
သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁)

Monday, January 13, 2014
ခေါက်ဆွဲခြောက်ထုပ်နဲ့ ကျန်းမာရေး

Sunday, January 5, 2014
မျိုးဆက်သစ်တို့ ကျန်းမာဖို့

Wednesday, January 1, 2014
မျိုးဗီဇသွေးအားနည်းရောဂါ(သို့)သာလာဆီးမီးယား

Subscribe to:
Posts (Atom)