ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Sunday, December 23, 2012
လက်ကောက်ဝတ် အကြိတ်

ဆေးပညာရပ်ဆိုတာ

Monday, November 26, 2012
လမ်းလျှောက်တဲ့အခါ

Tuesday, November 13, 2012
ကြွက်တက်လာပြီဆိုရင်

Saturday, November 3, 2012
ဇရာအိုနဲ့ ဆီးကျိတ်ရောင် ရောဂါ
အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့မတူတဲ့ ကွဲပြားမှုတွေ ရှိကြတာ ပြောဖို့လိုမယ် မထင်ပါဘူး။ ငယ်ရွယ်စဉ် မသိသာသေးပေမယ့် အပျိုဖော်၊ လူပျိုပေါက် ဝင်ပြီးတဲ့နောက်မှာတော့ ပိုမိုသိသာထင်ရှား လာတယ်။အသံအနေအထား စတင်ပြောင်းလဲလာတယ်။ အမွှေးအမျှင်တွေ ပေါက်ရောက်လာတယ်။အတွေးအခေါ်၊ အမူအကျင့်၊ ကိုယ်နေဟန်ထား ပြောင်းလဲလာတယ်။ ကွဲပြားချက်တွေထဲမှာ အမျိုးသားတွေမှာသာ ပါရှိတဲ့ ဆီးကျိတ်ကလည်း တခုပါ။ အသက်ကြီးလေ ပိုမိုသိလေ ဆိုချင်ကြသူတွေအတွက် ဆီးကျိတ်က ဥပမာကောင်းတခု ဖြစ်ပါလိမ့်မယ်။ အသက်ကြီးသူများဟာ ဆီးကျိတ်အကြောင်းပိုသိလာသလို ဝေဒနာတွေ ခံစားလာရတယ်။ဆီးကျိတ်ရောင်ခြင်းက အသက်ငါးဆယ်ကျော် ခြောက်ဆယ်အရွယ် အမျိုးသားတွေကို ဒုက္ခကောင်းကောင်းပေးတတ်ပါတယ်။
Friday, November 2, 2012
အရေးပေါ် ရောက်လာတဲ့အခါ

ပြန်ဖြစ်တတ်တာ ပါးစပ်နာ

ရေမကြောက်တတ်ပေမယ့် ရေကျောက်ဆိုတာတော့ဖြစ်တတ်ပါတယ်

Saturday, October 27, 2012
အဝေးကမေး ကျန်းမာရေး

Thursday, October 18, 2012
Eposoft ရာသီနဲ့ပတ်သက်တဲ့နာကျင်မှုအတွက် ဆေးတလက်
Eposoftဆိုတာ အမျိုးသမီးများ ရာသီနဲ့ပက်သက်တဲ့ ဝေဒနာတွေအတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးဖက်ဝင် အပင်နဲ့ ပြုလုပ်ထားပြီး Zifam ကုမ္ပဏီက ထုပ်လုပ်ထားတဲ့ဆေးတမျိုးပါ။
Evening primrose oil(gamma linolenic acid) 1000mg(100mg)
Natural vitamin E(d-alpha tocopherol) 5mg(7.5 IU)
နှစ်မျိုး ပေါင်းစပ် ပါဝင်ပါတယ်။evening primrose ကို မြန်မာလို ညနေခင်းနှင်းဆီခေါ်ပါတယ်။ညနေပိုင်း နေညိုချိန် မှာပွင့်လန်းပြီး နေထွက်လာရင်ခြောက်သွေ့တာကြောင့် ဒီလိုနာမည်မျိုးပေးထားပါတယ်။ မြောက်အမေရိက၊ ကနေဒါ၊အနောက်ဥရောပနိုင်ငံတွေမှာ အဓိကတွေ့ရပြီး လှပတဲ့ ပေါင်းပင်တမျိုး ဖြစ်ပါတယ်။ အစေ့က ၅ စင်တီမီတာ ရှိပြီး အစေ့ကိုကြိတ်လို့ရတဲ့အဆီက အသုံးဝင်ပါတယ်။ အလှပစ္စည်းအဖြစ် အသုံးကျသလို ဆေးဖက်လဲဝင်တယ်။ အသားအရည်ကို နူးညံ့ပျော့ပျောင်းစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့
နှင်းခူနာအတွက်ဆိုရင်

Sunday, September 30, 2012
ဆရာဝန်ဘဝထဲက မှတ်စုအပိုင်းအစများ(၃)
လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ အမှန်ပဲ။
တယောက်နဲ့ တယောက် စိတ်နေသဘောထားတွေ အမူအကျင့်တွေ မတူကြဘူး။ ဒီအထဲကမှ လူမျိုးပေါင်းစုံနဲ့
ဆက်ဆံရတဲ့ ဆရာဝန်တွေရဲ့ အတွေ့အကြုံကလည်း စုံလှတယ်လို့ ဆိုရမှာပဲ။ ဆရာဝန်နဲ့ တွေ့ရင်
စကားပြောချင်တဲ့လူနာတွေရှိသလို တုံဏှိဘာဝေမထုံတက်ထေး ဘာမှမပြောတဲ့ လူနာတွေလည်း ရှိကြတာပဲ။
မေးရင်တောင် မေးသလောက်ပဲ ဖြေတယ်။ တခါတလေ ဘေးကလူနာစောင့်က ဝင်ဖြေပေးရတယ်။ ဘေးလူနာစောင့်
ဝင်ဖြေရင် မကြိုက်ကြတဲ့ ဆရာဝန်တွေလည်း ရှိကြတယ်။ လူနာမှ
Thursday, September 27, 2012
ကိုယ်စီ ကိုယ်စီ တာဝန်ယူသင့်တယ်

သိမှတ်ဖွယ်ရာ ဝဲရောဂါ

ဝဲရောဂါဆိုတာ လူတိုင်းကြားဖူးကြမယ် ထင်ပါတယ်။ ကိုယ်တိုင်မဖြစ်ဘူးရင်တောင်မှ သူများတွေ ဝဲပေါက်တာကို မြင်ဘူးကြားဘူးကြမှာပါ။
ဒါပေမယ့်ဝဲဟာဘာကြောင့်ဖြစ်လဲ ဆိုရင်တော့ တော်တော်များများ ခေါင်းကုတ်ကြမယ် ထင်ပါတယ်။
တချို့က
ပွေးနဲ့ ဝဲကို အတူတူပဲလို့ထင်မြင်ကြတယ်။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ကျောင်းပြီးစ
ဆရာဝန်ငယ်တစ်ယောက်က ပွေးနဲ့ဝဲကို အတူတူထင်ပြီးမေးခဲ့ဖူးတယ်။ တချို့မြန်မာဆေးတွေမှာ
ပွေး၊ဝဲ၊ညှင်း ၊ယားနာပျောက်ဆေးဆိုပြီး ကြေငြာကြတော့ ဒီလိုထင်မြင်တာ အပြစ်မဆိုသာပါဘူး။
အမှန်တော့ ပွေးတို့ ဝဲတို့ဟာ ဖြစ်စေတဲ့အကြောင်းအရာတွေ မတူညီကြသလို၊ ကုသပုံခြင်းလဲ မတူကြပါဘူး။
သို့သော်
ယားယံတာခြင်း၊ အနီစက် ပေါက်တာခြင်းတော့ တူညီကြပါတယ်။ ယားတော့ကုတ်၊ကုတ်တော့
အနာဖြစ် ယားလိုက်နာလိုက်နဲ့ သံသရာလည်နေတယ်။ ယားနာအမျိုးအစားထဲမှာ ပါကြတယ်။ ဒီအပတ်တော့Tuesday, September 25, 2012
လူတိုင်းအတွက် အရေးပေါ်အသက်ကယ်နည်း
ဆေးလောကနဲ့ပတ်သက်သူတိုင်း မတတ်မဖြစ်တတ်သင့်၊သိသင့်တဲ့နည်းကတော့
အရေးပေါ်အသက်ကယ်နည်း ဖြစ်ပါတယ်။အမှန်တော့ အရေးပေါ်အသက်ကယ်နည်းဟာ
ကျန်းမာရေးဝန်ထမ်းတွေသာမက လူတိုင်းသိသင့်သိထိုက်တဲ့ အကြောင်းအရာ
တမျိုးဘဲဖြစ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ လူတစ်ယောက် ရုတ်တရက်
သတိလစ်ပြီး လဲကျသွားရင် ဘာလုပ်ရမယ်ဆိုတာလောက်တော့
အခြေခံသိထားသင့်ပါတယ်။နောက်တချက်ကတော့
စာဖတ်သူတွေအပေါ်မှာတင်နေတဲ့အကြွေးတစ်ခုကို ဆပ်ချင်လို့လဲ
ပါပါတယ်။ဆောင်းပါးတစ်ပုဒ်မှာ အရေးပေါ်အသက်ကယ်နည်း(emergency
resuscitation)အကြောင်းကို အလျင်းသင့်သလို ဖော်ပြပေးမယ်လို့
ရေးခဲ့ဘူးပါတယ်။အရေးပေါ်အသက်ကယ်နည်းဆိုတာ တကယ်တော့ cardiopulmonary
resuscitation(CPR) လုပ်တာကိုခေါ်တာပါ။ဆရာဝန်တွေက
စီပီအာရ်(CPR)လုပ်တယ်လို့ ခေါ်တာ ကြားဘူးကြမှာပေါ့။cardio
ဆိုတာနှလုံး၊pulmonary ဆိုတာ အဆုတ်၊resuscitation ဆိုတာ
ကယ်ဆယ်တာ၊ဒါကြောင့် နှလုံးနှင့်အဆုတ်ကို ကယ်ဆယ်ခြင်းလို့
အဓိပ္ပယ်ရပါတယ်။နှလုံးနှင့် အဆုတ်ယာယီရပ်တန့်တာကို
ပြန်ခုန်အောင်လုပ်တာပါ။CPRလုပ်ဖို့ ဘာပစ္စည်းကိရိယာမှ
ခံတွင်းနံ့ နံတိုင်း ရောဂါရှိသလား
`
တစ်ရက်က မိတ်ဆွေတစ်ယောက်က သူ့အမျိုးသမီး တစ်ခါတစ်ရံ
ပါးစပ်နံတတ်တဲ့အကြောင်း စကားစပ်မိရင်း ပြောဖြစ်ခဲ့ကြတယ်။အမြဲတမ်းတော့လဲ
မနံဘူး။တစ်ခါတစ်ရံမှသာ နံတတ်တယ်။ဘာဖြစ်နိုင်လဲ။
Normal(ပုံမှန်) ကော ဟုတ်ရဲ့လားပေါ့။ဘာရောဂါတွေ ရှိနိုင်လဲဆိုပြီး
မေးခဲ့ဘူးတယ်။အမှန်အတိုင်းဝန်ခံရရင် ဒီအပိုင်းဟာ သွားဆရာဝန်တွေနဲ့
ပိုမိုဆက်စပ်ပါတယ်။သို့သော်တစ်ခါတစ်ရံမှာ ပါးစပ်နံတာဟာ ခန္ဓာကိုယ်တွင်း
အဂါအစိတ်အပိုင်းရောဂါတွေကြောင့် ဖြစ်တဲ့အခါမျိုးမှာ
အထွေထွေရောဂါကုဆရာဝန်တွေနဲ့ သက်ဆိုင်နေပြန်တယ်။ဆေးပညာမှာ
လက္ခဏာရပ်တစ်ခုထဲကိုကြည့်ပြီး သူပိုင်ငါပိုင် ငြင်းချင်လို့
မရဘူး။ပြောလိုက်ရင်တော့ တစ်ခွန်းထဲပဲ။ပါးစပ်နံတယ်။သို့သော်
ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်။ဆေးပညာသင်ကြားခဲ့စဉ်က ပါးစပ်နံစေတဲ့
အကြောင်းရင်းများကို သင်ယူခဲ့ဖူးတယ်။လက်တွေ့ဆေးကုတဲ့ အခါမှာတော့
ဘာကြောင့်ဖြစ်သလဲဆိုတာလောက်နဲ့တော့ မပြီးဘူး။ဒီလိုဖြစ်ရင်
ဘာလုပ်ကြသလဲ။ဘာလုပ်ခိုင်းသလဲ ထပ်မံလေ့လာရပြန်တယ်။ဆရာဝန်များဟာ
အလုံးစုံသိကျွမ်းနားလည်သူများမဟုတ်ကြပါဘူး။ဆရာဝန်ဖြစ်ပြီဆိုတာနဲ့
ငါဆရာပဲကွ ဆိုတာမျိုးဟာ မသိနားမလည်ခင်က တွေးတောခဲ့တဲ့ နုနယ်တဲ့

အမြင့်တက်ချင်သူများ သတိထား
လောကမှာ အကောင်းအဆိုး၊အနိမ့်အမြင့် ဒွန်တွဲနေတာ ထုံးစံပါ။လူဆိုတာလဲ
ခက်သားလား။အကောင်းဆုံးဆိုတာတွေ၊ အမြင့်ဆုံးဆိုတာတွေကိုမှ
ပိုင်ဆိုင်ချင်တာကိုး။ဒီလိုပိုင်ဆိုင်ရဖို့၊အမြင့်ရောက်ဖို့ကို အားထုတ်
ကြိုးပမ်းကြရတယ်။အမြင့်ရောက်ပြန်တော့လည်း အောက်မကျအောင်
ထပ်မံကြိုးစားရပြန်တယ်။မြင့်သထက်မြင့်အောင် ကြိုးစားကြတယ်။သို့သော်
သိပ်အမြင့်ရောက်တိုင်း မကောင်းတာမျိုးလည်းရှိပါတယ်။အမြင့်ရောက်လေ
ရောဂါပိုဆိုးလေဆိုတာမျိုး။အထူးသဖြင့် အမြင့်ကိုမြန်မြန်ရောက်ချင်သူတွေ
ပိုမိုခံစားရတယ်။ဒီလိုရောဂါလက္ခဏာမျိုးကို altitude sickness
လို့ခေါ်ပါတယ်။ဒါဟာ ရောဂါတစ်မျိုးမဟုတ်ပဲ လက္ခဏာတစ်ရပ်သာ
ဖြစ်ပါတယ်။အမြင့်တက်သူ၊တောင်တက်သမား၊ရေခဲပြင် စကိတ်စီးသမားတွေမှာ
အများဆုံးခံစားရတဲ့ လက္ခဏာတစ်မျိုးဆိုရင်လည်း မမှားပါဘူး။acute mountain
sickness,altitude illness,hypobaropathy
အမျိုးမျိုးခေါ်ကြပါတယ်။အမြင့်ရောက်တဲ့အခါ လေထုဖိအား အပြောင်းအလဲကြောင့်
ခေါင်းကိုက်တာ၊နားထဲက လေထွက်တာ မျိုးကို ကြုံဖူးကြပြီးဖြစ်မှာပါ။altitude
sickness ရဲ့ လက္ခဏာတွေဟာ အများအားဖြင့် အမြင့်ပေ ၈၀၀၀
အအေးမိတုပ်ကွေးပျောက်ဆေးတွေ ဘယ်လိုရွေးချယ်ကြမလဲ
ရာသီအကူးအပြောင်းမှာ အဖြစ်အများဆုံးရောဂါကိုပြပါဆိုရင်
အအေးမိတုပ်ကွေးရောဂါကိုပဲ လက်ညှိုးထိုးမိမယ်ထင်တယ်။ ဆေးရုံတွေ၊ အထူးသဖြင့်
ဆေးခန်းတွေမှာ ဒီလိုလူနာတွေ သိပ်ပေါတတ်တယ်။ ဒါကြောင့် တချို့ဆရာဝန်တွေက
ရောဂါလက္ခဏာတွေကို လူနာအရင်ပြောပြီး ကုတတ်ကြတယ်။ဗေဒင်တတ်လို့၊ အာရုံရလို့
မဟုတ်။အဖြစ်တတ်ဆုံးမို့လို့ မေးတတ်ကြတယ်။သို့သော် ဆရာဝန်တွေ
သင်ကြားတဲ့အထဲမှာ ဒီလို ဦးတည်ချက်နဲ့မေးတဲ့ မေးခွန်း(leading
question)မျိုးမေးဖို့ သင်ကြားပေးခြင်း မရှိဘူး။မေးတဲ့အခါ
ချောင်းဆိုးသေးသလား၊နှာကော စီးသလား။ ဒီလိုဖြစ်နိုင်ချေကိုသာ
မေးရမှာဖြစ်ပါတယ်။တချို့နေရာတွေမှာ သိပ်တတ်လွန်း၊ရှေ့ရောက်လွန်းရင်
မှားတတ်ပါတယ်။သာမန်မေးတာလောက်ပဲ အဆင်ပြေလိမ့်မယ်။နောက်သတိထားရမှာ တချက်က
မျက်စိနာတာ။မျက်စိနာရင်လဲ အအေးမိတုပ်ကွေးကြောင့်
ဖြစ်တတ်ပါတယ်။မိသားစုလိုက် ဖြစ်တတ်တယ်။တစ်ယောက်မှာ ဖြစ်ရင်
နောက်မိသားစုဝင်တွေ မဖြစ်အောင် အထူးသတိထားရတယ်။သတိပေးသင့်တယ်။အဆောင်နေ
ကျောင်းသားကျောင်းသူတွေ ပိုတောင်သတိထားရတယ်။မိသားစုနဲ့ ဝေးနေသူတွေအဖို့
ကျန်းမာရေးနှင့် အသိပညာ
အခြားဆေးတွေကို အလွယ်တကူ ဝယ်ယူရရှိနေတာတွေ့ရမှာ
ဖြစ်ပါတယ်။အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ OTC(over the
counter)ခေါ်တဲ့ဆေးဆိုင်တွေပေါ်အလွယ်တကူ မေးမြန်းဝယ်ယူနိုင်တဲ့
ဆေးမျိုးတွေမှတပါး အခြားဆေးတွေကို ဆရာဝန်ရဲ့ခွင့်ပြုချက်လက်မှတ်နဲ့သာ
ဝယ်ယူရရှိနိုင်ပါတယ်။သို့သော် ဖွံ့ဖြိုးပြီးနိုင်ငံတွေလိုမဟုတ်တိုင်း
မကောင်းဘူးလို့ပြောလို့မရပြန်ဘူး။ဆေးဆိုင်တွေပေါများစွာ တွေ့ရှိရခြင်းဟာ
ကောင်းတယ်ဆိုနိုင်သလို မကောင်းဘူးလို့လဲ
ပြောနိုင်ပါတယ်။သာမန်နေမကောင်းတာ၊ခေါင်းကိုက်ခေါင်းခဲတာ
ဆိုရင်ဆေးဆိုင်တွေမှာ အလွယ်တကူ မေးမြန်းဝယ်ယူနိုင်တာ၊အချိန်ကုန်သက်သာတာ
အလုပ်ရှုပ်သက်သာတာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။မကောင်တဲ့အချက်ကတော့

မီဒီယာနှင့် အနာ

ဒီရက်ပိုင်းအတွင်း အလုပ်ရှုပ်နေတာနဲ့ အပတ်စဉ်ဆောင်းပါးတွေကိုတောင်
မနည်းအချိန်ပေးပြီး ရေးနေရတယ်။အခြားလုပ်ငန်းတချို့နဲ့
အလုပ်ရှုပ်နေတာပါ။အလုပ်ရှုပ်တယ်ဆိုတာလဲ ကိုယ်ကသိပ်ရှုပ်ချင်လို့
ရှုပ်တာမဟုတ်ပါဘူး။သူ့ဘာသာ လာရှုပ်နေတာ။ဒီရက်ပိုင်းအတွင်းမှာ ဆရာဝန်နဲ့
မပတ်သက်တဲ့ ဥပဒေသင်တန်းတစ်ခု တက်ဖြစ်လိုက်တယ်။သင်တန်းဆင်းပြီဆိုတော့
သင်တန်းသားတွေစုပေါင်းပြီး အဖွဲ့လေးတစ်ဖွဲ့
ထောင်ကြမယ်။စုပေါင်းရှယ်ယာဝင်ကြပါဆိုတော့ ရှယ်ယာဝင်လိုက်တယ်။ဒါနဲ့
မပြီးသေးဘူး။အဖွဲ့အစည်းဖြစ်တဲ့အတွက် နာမည်လိုလာတယ်။နာမည်ရွေးကြမယ်ဆိုတော့
မိမိတို့ အဆင်ပြေမယ်ထင်တဲ့ နာမည်တစ်ခုကို တစ်ယောက်စီက တင်ပြကြပြီး
Sunday, September 23, 2012
လူနာနှင့် ကောက်

ပေးလိုက်မိတယ်။ ဒါပေမယ့် follow up ပြန်ခေါ်ထားတယ့် လူနာတွေရှိတာနဲ့
မနက်ပိုင်းတော့ ထိုင်ရသေးတယ်။ ညနေပိုင်းတော့ ပိတ်မယ်ဆိုတဲ့အတွေးနဲ့
စဉ်းစားနေတုန်း ကားရပ်သံ ကြားလိုက်တယ်။ လူနာတော့ လာပြီဆိုတဲ့ အတွေးနဲ့
ခန်းဆီးအပြင်ဘက် ကြည့်လိုက်တော့ ရှမ်းတရုတ်ဖြစ်ဟန်တူတဲ့ အသက်ကြီးကြီး
အမျိုးသားတစ်ယောက် ဆင်းလာတယ်။ လက်ထဲမှာ တုတ်ကောက်ကြီးတစ်ချောင်း
ကိုင်ပြီး ထော့နဲ့ထော့နဲ့ လျှောက်လာတယ်။ အကူဝန်ထမ်းက
ဆေးခန်းထဲလိုက်ပို့တဲ့အထိ သူ့မှာတုတ်ကောက်အားပြုပြီး လျှောက်လာတာ။
ဘယ်နားမှာများ ဒဏ်ရာရလဲ စဉ်းစားရတယ်။ ဒီလိုပုံစံလာတဲ့
လူနာတော်တော်များများ မတော်တဆထိခိုက်မိပြီးလာတတ်တယ်။
လူနာထိုင်တဲ့ခုံပေါ်ရောက်တယ်ဆိုရင်ဘဲ ဒူးပေါ်လက်တင်ပြီး “ဆရာ
ကျွန်တော်ခြေထောက် ကောက်နေလို့။” ထင်တဲ့အတိုင်းတော့ ဖြစ်ပြီပေါ့
တွေးလိုက်မိတယ်။ ဘယ်ကဘယ်လိုများ ဖြစ်တာပါလိမ့်။ “ဘယ်လိုဖြစ်တာလဲ။
သေချာပြောပြပါဦး။”“ကျွန်တော့်ခြေထောက်က
ကောက်ဖြစ်နေတာ။အခုအရမ်းနာနေလို့။”တခုခုတော့မှားနေပြီ။ “ဆရာကလည်း
ကောက်ဖြစ်တာတောင်မသိဘူးလား။”ဒီတော့မှ အသိဥာဏ် ရုတ်တရက်ပွင့်ပြီး

Subscribe to:
Posts (Atom)